ၿငိမ္းခ်မ္းေရးအတြက္ တုိင္းရင္းသားမ်ားအားလုံး ႀကိဳးပမ္းေပးၾကရန္ (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႕ အခမ္းအနားတက္လာသည့္ ႏိုင္ငံေတာ္ သမၼတ တိုက္တြန္း

ၿငိမ္းခ်မ္းေရးအတြက္ တုိင္းရင္းသားမ်ားအားလုံး ႀကိဳးပမ္းေပးၾကရန္ (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႕ အခမ္းအနားတက္လာသည့္ ႏိုင္ငံေတာ္ သမၼတ တိုက္တြန္း
ဇန်နဝါရီ 15, 2019
By Tachileik News Agency

ျပည္ေထာင္စုၿငိမ္းခ်မ္းသာယာေရးအတြက္ တိုင္းရင္းသားအားလံုးႀကိဳးပမ္းေပးၾကရန္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၅)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕ ကႏၵာေဟဝန္ပန္းၿခံ ရွိ ေက်ာက္သားရင္ျပင္၌ က်င္းပသည့္  (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ အခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က တုိက္တြန္း ေျပာၾကားလုိက္သည္။

တိုင္းရင္းသားမ်ား၏ ခံစားခြင့္ ၊ ရသင့္ရထိုက္ေသာ အခြင့္အေရးမ်ားကို ဦးစားေပး၍ ပုံေဖာ္သြားမွာျဖစ္ၿပီး ဘာသာစကား ၊ စာေပ ၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ား ဖြံ႔ၿဖိဳးတိုးတက္ေစရန္ ၊ ထိန္းသိမ္းကာကြယ္ႏိုင္ရန္ ၊ျမွင့္တင္ႏိုင္ရန္ အေကာင္ထည္ေဖာ္ေဆာင္ရြက္လွ်က္ရွိသည္ဟု ကယားျပည္နယ္ေန႔အခမ္းအနားသို႔ ပထမဆံုးအႀကိမ္ အျဖစ္ တက္ေရာက္လာသည့္ ႏုိင္ငံေတာ္သမၼတက ေျပာၾကားသည္။

ျပည္နယ္ေန႔အခမ္းအနား တက္ေရာက္လာသည့္ ႏိုင္ငံေတာ္သမၼတက တိုင္းရင္းသား ေက်းရြာမ်ားႏွင့္ ေလာပိတ ေရအားလွ်ပ္စစ္စက္႐ုံသို႔ သြားေရာက္မည္ျဖစ္ၿပီး ဇန္န၀ါရီ လ (၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ ျပည္နယ္ခန္းမ၌ လူထုေတြ႔ဆုံပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ေန႔ အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼႏွင့္ ျပည္ေထာင္စုအစိုးရ အဖြဲ႕ဝန္ႀကီးမ်ား ၊ ကယားျပည္နယ္အစိုးအဖြဲ႕ ၊ လႊတ္ေတာ္ႏွင့္ ဌာနဆိုင္ရာမ်ား ေဒသခံမ်ား တက္ေရာက္ခဲ့ၾကၿပီး ကယားျပည္နယ္ေန႔ ပြဲေတာ္အား ဇန္နဝါရီလ (၁၀) ရက္ေန႕မွစ၍  ဇန္နဝါရီလ (၁၉) ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ထောင်စုငြိမ်းချမ်းသာယာရေးအတွက် တိုင်းရင်းသားအားလုံးကြိုးပမ်းပေးကြရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့က လွိုင်ကော်မြို့ ကန္ဒါဟေဝန်ပန်းခြံ ရှိ ကျောက်သားရင်ပြင်၌ ကျင်းပသည့် (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။

တိုင်းရင်းသားများ၏ ခံစားခွင့်၊ ရသင့်ရထိုက်သော အခွင့်အရေးများကို ဦးစားပေး၍ ပုံဖော်သွားမှာဖြစ်ပြီး ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်၊မြှင့်တင်နိုင်ရန် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိသည်ဟု ကယားပြည်နယ်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်လာသည့် နိုင်ငံတော်သမ္မတက ပြောကြားသည်။

ပြည်နယ်နေ့အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော်သမ္မတက တိုင်းရင်းသား ကျေးရွာများနှင့် လောပိတ ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်မည်ဖြစ်ပြီး ဇန်နဝါရီ လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ်ခန်းမ၌ လူထုတွေ့ဆုံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးများ၊ ကယားပြည်နယ်အစိုးအဖွဲ့၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများ ဒေသခံများ တက်ရောက်ခဲ့ကြပြီး ကယားပြည်နယ်နေ့ ပွဲတော်အား ဇန်နဝါရီလ (၁၀) ရက်နေ့မှစ၍ ဇန်နဝါရီလ (၁၉) ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~