စားသံုးသူေဘးကင္းေရးဆုိင္ရာညႊန္ၾကားခ်က္မလုိက္နာသည့္ က်ိဳင္းတံုၿမိဳ႕မွ အသားကင္ဆုိင္ (၁၇)ဆုိင္ကို အေရးယူထား

စားသံုးသူေဘးကင္းေရးဆုိင္ရာညႊန္ၾကားခ်က္မလုိက္နာသည့္ က်ိဳင္းတံုၿမိဳ႕မွ အသားကင္ဆုိင္ (၁၇)ဆုိင္ကို အေရးယူထား
ဇန်နဝါရီ 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ အသားမ်ားကို ေရခဲေသတၱာ၊ ေရခဲပုံး၊ ေရခဲေအာက္ခံပါမွန္ေဘာင္ မ်ားျဖင့္ ထည့္သြင္းေရာင္းခ်ျခင္းမရိွသည့္ အသားကင္ဆုိင္ (၁၇)ဆုိင္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ ေန႔က စစ္ေဆးေတြ႔ရိွရ၍ အေရးယူထားၿပီး ညႊန္ၾကားခ်က္မ်ားႏွင့္ ညီညြတ္မွသာ ျပန္လည္ေရာင္းခ်ခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အကင္ဆုိင္မ်ားမွ အသားမ်ားကို စားသုံးသူအကာအကြယ္ေပးေရး ဥပေဒပုဒ္မ - ၁၉(င)ႏွင့္(စ)အရ သိမ္းဆည္းအေရးယူခဲ့ၿပီး လုပ္ထုံးလုပ္နည္း ညႊန္ၾကားခ်က္မ်ားႏွင့္ညီညြတ္မႈရွိမွသာ ဆိုင္မ်ားအေနျဖင့္ ျပန္လည္ဖြင့္လွစ္ ေရာင္းခ်ခြင့္ရရိွၾကမည္ျဖစ္ေၾကာင္း က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ထံမွ သိရသည္။


ေအးခဲအသားမ်ားသည္ သတ္မွတ္အပူခ်ိန္တြင္ ထားရိွျခင္းမရိွပါက စားသံုးသူမ်ားကို ေဘးအႏၱရာယ္ ျဖစ္ေစသျဖင့္ အသားကင္ေရာင္းခ်မည့္ အသားမ်ားကို ေရခဲေသတၱာ (သို႕) ေရခဲပုံး (သို႕) ေရခဲေအာက္ခံပါမွန္ေဘာင္မ်ားျဖင့္ ေရာင္းခ်ရန္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔မွစ၍ အသားကင္ဆုိင္မ်ားအား အသိပညာေပးျခင္းကို အႀကိမ္ႀကိမ္ ေဆာင္ရြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။


ယင္းကဲ့သို႔ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးျဖစ္သျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၉)ရက္ေန႔၌ ေနာင္တံုကန္ပတ္လည္အပါအဝင္ ရပ္ကြက္(၃)၊ ရပ္ကြက္(၄)ႏွင့္ ရပ္ကြက္(၅)တို႔ရိွ ေတာင္ႀကီးလမ္း၊ ေနာင္ဖာလမ္းႏွင့္ ေလယာဥ္ကြင္းလမ္းေဘးမ်ားရိွ အသားကင္ဆုိင္မ်ားကို ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။


ယင္းကဲ့သို႔ စစ္ေဆးမႈကို က်ိဳင္းတုံခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးႏွင့္ စားသုံးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုးဝန္ထမ္းမ်ား၊ ခရိုင္က်န္းမာေရးဦးစီးဌာန၊ ခရိုင္စက္မႈႀကီးၾကပ္၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ စာေရးမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္းသိရသည္။


Tachileik News Agency
ဓါတ္ပံု-စားသံုးသူေရးရာဦးစီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
စားသုံးသူဘေးကင်းရေးဆိုင်ရာညွှန်ကြားချက်မလိုက်နာသည့် ကျိုင်းတုံမြို့မှ အသားကင်ဆိုင် (၁၇)ဆိုင်ကို အရေးယူထား
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသားများကို ရေခဲသေတ္တာ၊ ရေခဲပုံး၊ ရေခဲအောက်ခံပါမှန်ဘောင် များဖြင့် ထည့်သွင်းရောင်းချခြင်းမရှိသည့် အသားကင်ဆိုင် (၁၇)ဆိုင်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် နေ့က စစ်ဆေးတွေ့ရှိရ၍ အရေးယူထားပြီး ညွှန်ကြားချက်များနှင့် ညီညွတ်မှသာ ပြန်လည်ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကင်ဆိုင်များမှ အသားများကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ - ၁၉(င)နှင့်(စ)အရ သိမ်းဆည်းအရေးယူခဲ့ပြီး လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်ညီညွတ်မှုရှိမှသာ ဆိုင်များအနေဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ရရှိကြမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။

အေးခဲအသားများသည် သတ်မှတ်အပူချိန်တွင် ထားရှိခြင်းမရှိပါက စားသုံးသူများကို ဘေးအန္တရာယ် ဖြစ်စေသဖြင့် အသားကင်ရောင်းချမည့် အသားများကို ရေခဲသေတ္တာ (သို့) ရေခဲပုံး (သို့) ရေခဲအောက်ခံပါမှန်ဘောင်များဖြင့် ရောင်းချရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့မှစ၍ အသားကင်ဆိုင်များအား အသိပညာပေးခြင်းကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့၌ နောင်တုံကန်ပတ်လည်အပါအဝင် ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)တို့ရှိ တောင်ကြီးလမ်း၊ နောင်ဖာလမ်းနှင့် လေယာဉ်ကွင်းလမ်းဘေးများရှိ အသားကင်ဆိုင်များကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးမှုကို ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ-စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~