အရက်မူးနေသည့် သားဖြစ်သူက ဖခင်ကို ဓါးဖြင့် ပြန်ထိုးမှု တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ဖြစ်ပွား

အရက်မူးနေသည့် သားဖြစ်သူက ဖခင်ကို ဓါးဖြင့် ပြန်ထိုးမှု တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် ဖြစ်ပွား
ဇနျနဝါရီ 15, 2019
By Tachileik News Agency


ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ဝမ်း(၃)ကျေးရွာတွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့ ည(၉)နာရီ ၀န်းကျင်အချိန်က အသက်(၁၉)နှစ်ရှိ မောင်ပါနသည် အရက်သောက်စားမူးယစ်နေသည့်အတွက် ဖခင်ဖြစ်သူ ဦးအိုက်ခမ်းက ပြောဆိုဆုံးမရာမှတဆင့်  စကားများရန်ဖြစ်သည်အထိ ဖြစ်ပွားကြောင်းနှင့် ထိုသို့ စကားများရန်ဖြစ်နေစဉ်တွင် သားဖြစ်သူမှ ဖခင်ဖြစ်သူအား အရိုးအသွား (၈)လက်မခန့် ရှိသည့် ဓါးဦးချွန်ဖြင့် ထိုးရာ ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားပြီး တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားရကြောင်းသိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အရက်မူးနေသည့် သားဖြစ်သူအား ဖခင်မှ ပြောဆိုဆုံးမရာက ဖခင်ဖြစ်သူအား ဓားဖြင့် ပြန်ထိုးမှု ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရွာအုပ်စု နမ့်ဝမ်း(၃)ကျေးရွာအတွင်း၌ ဇန်နဝါရီလ(၁၄)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ မိုင်းပါလျိုးကျေးရွာအုပ်စု၊ နမ့်ဝမ်း(၃)ကျေးရွာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က အသက်(၁၉)နှစ်ရှိ မောင်ပါနသည် အရက်သောက်စားမူးယစ်နေသည့်အတွက် ဖခင်ဖြစ်သူ ဦးအို်က်ခမ်းက ပြောဆိုဆုံးမရာမှတဆင့် စကားများရန်ဖြစ်သည်အထိ ဖြစ်ပွားကြောင်းနှင့် ထိုသို့ စကားများရန်ဖြစ်နေစဉ်တွင် သားဖြစ်သူမှ ဖခင်ဖြစ်သူအား အရိုးအသွား (၈)လက်မခန့် ရှိသည့် ဓားဦးချွန်ဖြင့် ထိုးရာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားပြီး တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားရကြောင်းသိရသည်။

ဓားဖြင့်ထိုးခံရသူ ဦးအိုက်ခမ်းမှာ ထိုးသွင်းဒဏ်ရာ(၁)လက်ခမခန့် ရရှိသွားသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်အား ဓားဖြင့်ထိုးသူ မောင်ပါနကို ပါလျိုးနယ်မြေရဲစခန်းတွင် (ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~