
ဇနျနဝါရီ 31, 2019
By 🌸



Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးသစ် (၃)ဦးခန့်အပ်ပြီး ဝန်ကြီး (၁)ဦးကို ဌာနပြောင်းလဲတာဝန်ပေး
****************
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး (၃)ဦးခန့်အပ်ခြင်းနှင့် ပြည်နယ်ဝန်ကြီးတစ်ဦးကို ပြောင်းရွှေ့တာဝန်ပေးခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာကို ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေဝင်းကို လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄/၂၀၁၉ ဖြင့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဦးကျော်ကျော်ဝင်းကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ ဦးလဆိုင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်ကို စည်ပင်သာယာရေးဌာနဝန်ကြီးများအဖြစ် အသီးသီး တာဝန်ပေးခန့်အပ်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၅/၂၀၁၉ ဖြင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး (၃)ဦးဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦး H လအောင်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃/၂၀၁၉ ဖြင့် တာဝန်မှ ရပ်စဲခဲ့ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကို ဇန်နဝါရီလ (၂၁)ရက်နေ့က အမိန့်အမှတ် ၂/၂၀၁၉ ဖြင့် ပြည်နယ်ဝန်ကြီးများရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~