
ဇနျနဝါရီ 12, 2019
By 🌸


Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပြည်ထောင်စုလွှတ်တော်ရုံး အငယ်တန်းစာရေးရာထူး (၂၂)နေရာအတွက် ဇန်နဝါရီလ (၂၄)ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်
**********
ပြည်ထောင်စုလွှတ်တော်ရုံးတွင် အငယ်တန်းစာရေးရာထူး (၂၂) နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားပြီး အသက်(၂၅)နှစ်ထက်မကျော်သူ မဟာဘွဲ့နှင့်အထက်ရထားပြီး အသက်(၃၀)နှစ်မကျော်သူများ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ရုံးအမှတ်(၂၀)၊ နေပြည်တော်သို့လိပ်မူ၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး ဖြေဆိုခွင့်ရသူများစာရင်းကို ဇန်နဝါရီလ (၂၈)ရက်နေ့၌ ပြည်ထောင်စုလွှတ်တော် website နှင့် Facebook page များတွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

အရည်အချင်းစစ်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့၌ ဖြေဆိုရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ စီမံရေးဌာနကြီး ၀၆၇-၅၉၁၁၈၉ နှင့် ၀၆၇-၅၉၁၂၉၄ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~