တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္လာၿပီး ထုိင္းႏိုင္ငံသို႔ ဆက္လက္ထြက္ခြာရန္ႀကိဳးစားသည့္ တရုတ္ႏုိင္ငံသား (၂)ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္သို႔ တရားမဝင္ ဝင္ေရာက္လာၿပီး ထုိင္းႏိုင္ငံသို႔ ဆက္လက္ထြက္ခြာရန္ႀကိဳးစားသည့္ တရုတ္ႏုိင္ငံသား (၂)ဦးကို ဖမ္းဆီးရမိ
ဇန်နဝါရီ 6, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ တရုတ္ႏုိင္ငံမွ တရားမဝင္ ဝင္ေရာက္လာၿပီး ထုိင္းႏုိင္ငံဘက္သို႔ ဆက္လက္ထြက္ခြာရန္ႀကိဳးစားသည့္ တရုတ္ႏုိင္ငံသား (၂)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၅)ရက္ေန႔က စစ္ေဆးေတြ႔ရိွရသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၁)တြင္ ဇန္နဝါရီလ (၅)ရက္ေန႔ ည(၈)နာရီ (၁၅)မိနစ္က ျမန္မာဘက္ျခမ္းမွ ထုိင္းဘက္သို႔ လမ္းေလွ်ာက္ထြက္ခြာမည့္ ေျခလ်င္သြားလမ္း၌ တရုတ္ႏိုင္ငံသား (၂)ဦးကို တာဝန္က် လူဝင္မႈႀကီးၾကပ္ေရးမွဴးက စစ္ေဆးရာ တရားဝင္အေထာက္အထား မေတြ႔ရ၍ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးရံုးသို႔ လႊဲပို႔ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္ႏုိင္ငံသားမ်ားျဖစ္သည့္ Yan Ban (ခ)အိုက္ပန္းႏွင့္ Aik Kyauk Sheng (အုိက္ေက်ာက္ရွဲန္း)တို႔ ႏွစ္ဦးသည္ မိုင္းဖုန္းဆရာေတာ္အားဖူးရန္ ဇန္နဝါရီလ (၄)ရက္ေန႔ နံနက္(၅)နာရီက ၎တို႔ေနထုိင္ရာ တရုတ္ႏိုင္ငံ၊ က်င္းဟုန္ခရိုင္၊ မုိင္းလံုၿမိဳ႕မွ ျမန္မာႏုိင္ငံ မိုင္းေယာင္းၿမိဳ႕သို႔ ဆုိင္ကယ္ျဖင့္ ထြက္ခြာလာၾကျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

ယင္းေနာက္ မုိင္းေယာင္းၿမိဳ႕မွ လုိင္းကားျဖင့္ ဇန္နဝါရီလ (၅)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕သို႔ လိုက္ပါလာရာ ည(၈)နာရီအခ်ိန္၌ေရာက္ရိွျခင္းျဖစ္ၿပီး ထုိင္းႏိုင္ငံဘက္သုိ႔ ဆက္လက္ထြက္ခြာရန္ ႀကိဳးစားစဥ္ ထိန္းသိမ္းခံရျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသား(၂)ဦးျဖစ္သည့္ Yan Ban (ခ)အိုက္ပန္းႏွင့္ Aik Kyauk Sheng (အုိက္ေက်ာက္ရွဲန္း)တို႔ကို  တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၈/၂၀၁၉၊ လဝကအက္ ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာရန်ကြိုးစားသည့် တရုတ်နိုင်ငံသား (၂)ဦးကို ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ထွက်ခွာရန်ကြိုးစားသည့် တရုတ်နိုင်ငံသား (၂)ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့က စစ်ဆေးတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)တွင် ဇန်နဝါရီလ (၅)ရက်နေ့ ည(၈)နာရီ (၁၅)မိနစ်က မြန်မာဘက်ခြမ်းမှ ထိုင်းဘက်သို့ လမ်းလျှောက်ထွက်ခွာမည့် ခြေလျင်သွားလမ်း၌ တရုတ်နိုင်ငံသား (၂)ဦးကို တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးမှူးက စစ်ဆေးရာ တရားဝင်အထောက်အထား မတွေ့ရ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများဖြစ်သည့် Yan Ban (ခ)အိုက်ပန်းနှင့် Aik Kyauk Sheng (အိုက်ကျောက်ရှဲန်း)တို့ နှစ်ဦးသည် မိုင်းဖုန်းဆရာတော်အားဖူးရန် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၅)နာရီက ၎င်းတို့နေထိုင်ရာ တရုတ်နိုင်ငံ၊ ကျင်းဟုန်ခရိုင်၊ မိုင်းလုံမြို့မှ မြန်မာနိုင်ငံ မိုင်းယောင်းမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာကြခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ယင်းနောက် မိုင်းယောင်းမြို့မှ လိုင်းကားဖြင့် ဇန်နဝါရီလ (၅)ရက်နေ့တွင် တာချီလိတ်မြို့သို့ လိုက်ပါလာရာ ည(၈)နာရီအချိန်၌ရောက်ရှိခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ထွက်ခွာရန် ကြိုးစားစဉ် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၂)ဦးဖြစ်သည့် Yan Ban (ခ)အိုက်ပန်းနှင့် Aik Kyauk Sheng (အိုက်ကျောက်ရှဲန်း)တို့ကို  တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၈/၂၀၁၉၊ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~