ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ICRC က လုံခြုံရေးကြောင့် ဆိုင်းငံ့ထားရမှုများ ရှိနေ
ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ICRC က လုံခြုံရေးကြောင့် ဆိုင်းငံ့ထားရမှုများ ရှိနေ
ဇနျနဝါရီ 17, 2019
By Tachileik News Agency
မြန်မာ့တပ်မတော် နှင့် AA တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် စစ်ဘေး ဒုက္ခသည်များ ခိုလှုံရာဒေသများသို့ သွားရောက်ပြီး သတင်းအချက်အလက် ရယူရန်နှင့် အကူအညီပေးရန် အတွက် လုံခြုံရေးဆိုင်ရာ သတင်းအချက် အလက်များကြောင့် ယာယီ ဆိုင့်ငံ့ထားရမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း (၄) ခုအား ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် အနီးဝန်းကျင်ဒေသများမှ စစ်ဘေးရှောင်နေရသည့်အပြင် ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် AA ၏ တိုက်ပွဲအချို့ကြောင့် စစ်ဘေဘးရှောင်နေရသူများလည်းရှိနေခြင်းဖြစ်သည်။
ICRC Myanmar မှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်နေပြီး ဇန်နဝါရီလ (၁၂) ရက်နေ့က ရှမ်းပြည်နယ် လောက်ကိုင်မြို့ နယ်၊ စီအော်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များကိုလည်း စောင်နှင့် အနွေးထည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ICRC
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်မှုများ လုပ်ဆောင် နေသော်လည်း အချို့ကျေးရွာများကို လုံခြုံရေး အခြေအနေများကြောင့် သွားရောက်နိုင်ခြင်း မရှိ၍ ဆိုင်းငံ့ထားရမှုများ ရှိနေကြောင်း ICRC Myanmar ထံမှ သိရသည်။
မြန်မာ့တပ်မတော် နှင့် AA တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် စစ်ဘေး ဒုက္ခသည်များ ခိုလှုံရာဒေသများသို့ သွားရောက်ပြီး သတင်းအချက်အလက် ရယူရန်နှင့် အကူအညီပေးရန် အတွက် လုံခြုံရေးဆိုင်ရာ သတင်းအချက် အလက်များကြောင့် ယာယီ ဆိုင့်ငံ့ထားရမှုများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။
“လုံခြုံရေးအရ ဒီကိုသွားဖို့ အဆင်မပြေဘူးဆိုတဲ့ ဟာတွေကျတော့ ကျွန်တော်တို့ လုံခြုံရေးအရ ကျွန်တော်တို့ မသွားဘူး။ ခဏ ဆိုင်းငံ့တယ်။ အစိုးရကနေ ဒါမှမဟုတ် မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သွားလို့ရပြီ ဆိုတဲ့ အခါကျရင်တော့ ကျွန်တော်တို့ အဖွဲ့တွေက ပြန်လည် စိစစ်ပြီးတော့ သွားကြတယ်။ ပိတ်ပင်ခံရတာတော့ မရှိဘူး။ လုံခြုံရေးအရ ခဏ ဆိုင်းငံ့ထားတာတွေတော့ ရှိတယ်” ဟု ICRC Myanmar မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လှဲကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၄၀၀) ခန့်ကို ICRC Myanmar က ဇန်နဝါရီလ (၁၆) ရက်နေ့၌ ဖျာ၊ စောင်၊ အိမ်သာဆောက်လုပ်ရန်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများနှင့် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် (၄,ဝဝဝ) ကျော်ကို ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း (၄) ခုအား ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆) နာရီခွဲဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် အနီးဝန်းကျင်ဒေသများမှ စစ်ဘေးရှောင်နေရသည့်အပြင် ရခိုင်ပြည်နယ်တွင်း တပ်မတော်နှင့် AA၏ တိုက်ပွဲအချို့ကြောင့် စစ်ဘေဘးရှောင်နေရသူများလည်းရှိနခြေင်းဖြစ်သည်။
ICRC Myanmar မှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်နပြေီး ဇန်နဝါရီလ (၁၂) ရက်နေ့က ရှမ်းပြည်နယ် လောက်ကိုင်မြို့ နယ်၊ စီအော်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များကိုလည်း စောင်နှင့် အနွေးထည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ICRC
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~