တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုၿမိဳ႕တို႔တြင္ တရုတ္ႏုိင္ငံသားမ်ားမွ အိုင္ဖုန္းအတုမ်ားကို လိုက္လံလိမ္လည္ေရာင္းခ်မႈမ်ား ဇန္န၀ါရီလ(၂၂)ရက္ေန႔အထိ ျဖစ္ပြားေန

တာခ်ီလိတ္ ႏွင့္ က်ဳိင္းတံုၿမိဳ႕တို႔တြင္ တရုတ္ႏုိင္ငံသားမ်ားမွ အိုင္ဖုန္းအတုမ်ားကို လိုက္လံလိမ္လည္ေရာင္းခ်မႈမ်ား ဇန္န၀ါရီလ(၂၂)ရက္ေန႔အထိ ျဖစ္ပြားေန
ဇန်နဝါရီ 27, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္တြင္  တရုတ္ႏိုင္ငံသား တစ္စုက အိုင္ဖုန္းအတုမ်ား လိုက္လံ လိမ္လည္  ေရာင္းခ်ေနမႈမ်ားကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔အထိႀကံဳေတြ႔ေနရသည့္အျပင္ က်ဳိင္းတံုၿမိဳ႕အထိလည္း သြားေရာက္ လိမ္လည္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အိုင္းဖုန္းအစစ္ဟုေျပာဆိုကာ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ (၂၇)ရက္ေန႔  နံနက္(၁၁)နာရီေက်ာ္က တာခ်ီလိတ္ၿမိဳ႕ ၊ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ ေနအိမ္တစ္ခုသို႔ လာေရာက္ ေရာင္းခ်ရာ သတင္းမ်ားတြင္ ေဖာ္ျပထားရွိမႈမ်ားေၾကာင့္ အိုင္ဖုန္းအတုလိမ္လည္ေရာင္းခ်သူမွန္းသိ၍ မ၀ယ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔ (၁၀)နာရီ ေနာက္ပိုင္းက လာေရာင္းသြားတယ္။ အဲဒါ သတင္းေတြမွာလည္း ၾကည့္ထားေတာ့ သိေနလို႔ မ၀ယ္ေတာ့ဘဲ အျပန္မွာ ဓါတ္ပံုရိုက္လိုက္တာ။ ဖုန္းဆိုင္ကိုေတာ့ မလာရဲၾကဘူး။ ဖုန္းဆိုင္ကို လာေရာင္းရင္ ရဲေခၚဖမ္းခိုင္းမွာ"ဟု တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္တြင္ ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္က ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမည္မေဖာ္လိုသည့္ အမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာျပသည္။

ဇန္န၀ါရီလ(၂၇)ရက္ေန႔တြင္ အိုင္ဖုန္းအစစ္ဟု လာေရာက္ လိမ္လည္ေရာင္းခ်သူမွာ  ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ (၂၂)ရက္ေန႔ ညေန(၃)နာရီခြဲေက်ာ္က တာခ်ီလိတ္ၿမိဳ႕ လားဟူေစ်း(ေရႊေျမသာယာေစ်း)အတြင္း၌   လိမ္လည္ခဲ့သူျဖစ္ေၾကာင္း CCTV မွတ္တမ္းမ်ားအရ သိရသည္။

"အိုင္ဖုန္းဆိုင္ကို သြားျပေတာ့ သူတို႔ေျပာတာ ညီမတို႔ လာျပတာနဲ႔ဆိုရင္ (၃)ေယာက္ရွိၿပီတဲ့၊  တစ္ေယာက္က ဘတ္ႏွစ္ေသာင္းနဲ႔ တစ္ေယာက္က ဘတ္တစ္ေသာင္းခြဲ၊ ညီမတို႔က တစ္ေသာင္းဘဲ ေပးလိုက္တာ နည္းသြားလို႔ ေတာ္ေသးတယ္တဲ့"ဟု တာခ်ီလိတ္ၿမိဳ႕ လားဟူေစ်း(ေရႊေျမသာယာေစ်း)မွ အမည္မေဖာ္လိုသူ အဆိုပါ အမ်ဳိးသမီးက ဇန္န၀ါရီလ(၂၂)ရက္ေန႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားထားျခင္း ျဖစ္သည္။

အိုင္ဖုန္းအတုမ်ားကို  လို္က္လံလိမ္လည္ေရာင္းခ်သူတို႔မွာ တရုတ္ႏိုင္ငံသားမ်ားျဖစ္ၿပီး  ၎တို႔ ေရာင္းခ်သည့္ ဖုန္းမွာ အိုင္ဖုန္း iPhone X အမ်ဳိးအစား သ႑ာန္ျဖစ္ၿပီး အျပင္ပိုင္း ၾကည့္ရာတြင္ iPhone အစစ္ႏွင့္ တူညီေနၿပီး ဖုန္းအေၾကာင္းနားမလည္သူမ်ား အေနျဖင့္ အစစ္ဟု ထင္ႏိုင္ေၾကာင္းႏွင့္ ၎တို႔သည္ ႏုိင္ငံကူးလက္မွတ္ျဖင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တဆင့္ တာခ်ီလိတ္သို႔ ၀င္ေရာက္လာသူမ်ားျဖစ္ၿပီး အဓိက လိုက္လံေရာင္းခ်သူမွာ ဦးထုပ္ၿမဲေဆာင္းၿပီး ဂတံုးပံုစံအေနအထား ႏွင့္ အသက္မွာ (၄၆)ႏွစ္ရွိၿပီျဖစ္ေၾကာင္း ခိုင္လံုေသာ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

"သူတို႔က တစ္ေယာက္တည္း မဟုတ္ဘူးေနာ္။ အုပ္စုနဲ႔ျဖစ္မယ္။ မေန႔(ဇန္န၀ါရီ ၂၆)က က်ဳိင္းတံုမွာ အိုင္ဖုန္းအစစ္ဆိုၿပီး လိုက္ေရာင္းေနတာေတြ႔ခဲ့တယ္လို႔ အစ္မက ေျပာတယ္" ဟု တာခ်ီလိတ္မွ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

တာခ်ီလိတ္တြင္ iPhone အတုမ်ားကို အစစ္ဟုထင္ကာ ၀ယ္ယူထားမိသူမ်ားလည္း ရွိခဲ့ဖူးၿပီး ဘတ္ႏွစ္ေသာင္း အထိ လိမ္ခံရဖူးသည္ အထိ ရွိခဲ့ေၾကာင္း သိရသည္။

အလားတူပင္ တာခ်ီလိတ္ကဲ့သို႔ ျဖစ္စဥ္နည္းတူ က်ဳိင္းတံုၿမိဳ႕တြင္ လိုက္လံလိမ္လည္ေရာင္းခ်မႈမ်ား ရွိေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်တွင် တရုတ်နိုင်ငံသား တစ်စုက အိုင်ဖုန်းအတုများ လိုက်လံ လိမ်လည် ရောင်းချနေမှုများကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့အထိကြုံတွေ့နေရသည့်အပြင် ကျိုင်းတုံမြို့အထိလည်း သွားရောက် လိမ်လည်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အိုင်းဖုန်းအစစ်ဟုပြောဆိုကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၁၁)နာရီကျော်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုသို့ လာရောက် ရောင်းချရာ သတင်းများတွင် ဖော်ပြထားရှိမှုများကြောင့် အိုင်ဖုန်းအတုလိမ်လည်ရောင်းချသူမှန်းသိ၍ မဝယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ (၁၀)နာရီ နောက်ပိုင်းက လာရောင်းသွားတယ်။ အဲဒါ သတင်းတွေမှာလည်း ကြည့်ထားတော့ သိနေလို့ မဝယ်တော့ဘဲ အပြန်မှာ ဓာတ်ပုံရိုက်လိုက်တာ။ ဖုန်းဆိုင်ကိုတော့ မလာရဲကြဘူး။ ဖုန်းဆိုင်ကို လာရောင်းရင် ရဲခေါ်ဖမ်းခိုင်းမှာ"ဟု တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်က ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောပြသည်။

ဇန်နဝါရီလ(၂၇)ရက်နေ့တွင် အိုင်ဖုန်းအစစ်ဟု လာရောက် လိမ်လည်ရောင်းချသူမှာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ ညနေ(၃)နာရီခွဲကျော်က တာချီလိတ်မြို့ လားဟူဈေး(ရွှေမြေသာယာဈေး)အတွင်း၌ လိမ်လည်ခဲ့သူဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

"အိုင်ဖုန်းဆိုင်ကို သွားပြတော့ သူတို့ပြောတာ ညီမတို့ လာပြတာနဲ့ဆိုရင် (၃)ယောက်ရှိပြီတဲ့၊ တစ်ယောက်က ဘတ်နှစ်သောင်းနဲ့ တစ်ယောက်က ဘတ်တစ်သောင်းခွဲ၊ ညီမတို့က တစ်သောင်းဘဲ ပေးလိုက်တာ နည်းသွားလို့ တော်သေးတယ်တဲ့"ဟု တာချီလိတ်မြို့ လားဟူဈေး(ရွှေမြေသာယာဈေး)မှ အမည်မဖော်လိုသူ အဆိုပါ အမျိုးသမီးက ဇန်နဝါရီလ(၂၂)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားခြင်း ဖြစ်သည်။

အိုင်ဖုန်းအတုများကို လို်က်လံလိမ်လည်ရောင်းချသူတို့မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး၎င်းတို့ ရောင်းချသည့် ဖုန်းမှာ အိုင်ဖုန်း iPhone X အမျိုးအစား သဏ္ဍာန်ဖြစ်ပြီး အပြင်ပိုင်း ကြည့်ရာတွင် iPhone အစစ်နှင့် တူညီနပြေီး ဖုန်းအကြောင်းနားမလည်သူများ အနဖြေင့် အစစ်ဟု ထင်နိုင်ကြောင်းနှင့်၎င်းတို့သည် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများဖြစ်ပြီး အဓိက လိုက်လံရောင်းချသူမှာ ဦးထုပ်မြဲဆောင်းပြီး ဂတုံးပုံစံအနေအထား နှင့် အသက်မှာ (၄၆)နှစ်ရှိပြီဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။

"သူတို့က တစ်ယောက်တည်း မဟုတ်ဘူးနော်။ အုပ်စုနဲ့ဖြစ်မယ်။ မနေ့(ဇန်နဝါရီ ၂၆)က ကျိုင်းတုံမှာ အိုင်ဖုန်းအစစ်ဆိုပြီး လိုက်ရောင်းနေတာတွေ့ခဲ့တယ်လို့ အစ်မက ပြောတယ်" ဟု တာချီလိတ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်တွင် iPhone အတုများကို အစစ်ဟုထင်ကာ ဝယ်ယူထားမိသူများလည်း ရှိခဲ့ဖူးပြီး ဘတ်နှစ်သောင်း အထိ လိမ်ခံရဖူးသည် အထိ ရှိခဲ့ကြောင်း သိရသည်။

အလားတူပင် တာချီလိတ်ကဲ့သို့ ဖြစ်စဉ်နည်းတူ ကျိုင်းတုံမြို့တွင် လိုက်လံလိမ်လည်ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~