ဆြစ္ဇာလန္ပံ့ပိုးမႈျဖင့္ သင္ၾကားေပးမည့္ CVT Myanmar ၏ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္အတြက္ သင္တန္းသားမ်ားေခၚယူ

ဆြစ္ဇာလန္ပံ့ပိုးမႈျဖင့္ သင္ၾကားေပးမည့္ CVT Myanmar ၏ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္အတြက္ သင္တန္းသားမ်ားေခၚယူ
ဇန်နဝါရီ 8, 2019
By Tachileik News Agency

ဆြစ္ဇာလန္ႏိုင္ငံမွ အလုပ္သင္ပညာေရးစနစ္ျဖင့္ အခမဲ့သင္ၾကားေပးေနသည့္ CVT Myanmar ( Center for Vocational Training )က ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္ သင္တန္း (၅) မ်ိဳးအတြက္ သင္တန္းသားမ်ား စတင္ေခၚယူေနရာ ၂၀၁၉ ခုႏွစ္၊ မတ္လ(၃၁)ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထား ႏုိင္ေၾကာင္း သိရသည္။

စီးပြားေရးပညာ အေထာက္အကူျပဳသင္တန္း၊ လွ်ပ္စစ္ကၽြမ္းက်င္မႈ အတတ္ပညာသင္တန္း၊ ပရိေဘာဂျပဳလုပ္မႈ အတတ္ပညာသင္တန္း၊ ဟိုတယ္ႏွင့္ ဧည့္၀တ္ျပဳစုမႈဆိုင္ရာ အတတ္ပညာသင္တန္း၊ သတၱဳပစၥည္း ထုတ္လုပ္မႈအတတ္ပညာသင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ၿပီး သင္တန္းကာလမွာ (၃) ႏွစ္ၾကာျမင့္မည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမ်ားၿပီးဆံုးပါက ဆြစ္ဇာလန္ႏိုင္ငံရိွ သက္ဆိုင္ရာ အလုပ္သင္ပညာေရး အသက္ေမြး၀မ္းေက်ာင္း အတတ္ပညာသင္တန္းေက်ာင္းမ်ား၏ အသိအမွတ္ျပဳ သင္တန္းဆင္း လက္မွတ္မ်ားအျပင္ ျမန္မာႏိုင္ငံရိွ သက္ဆိုင္ရာ၀န္ႀကီးဌာန အသိအမွတ္ျပဳ လက္မွတ္လည္း ရရိွမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္လိုသူမ်ား အေနျဖင့္ မိမိတို႔တက္ေရာက္လိုသည့္ သင္တန္းႏွင့္ဆက္ႏြယ္ေသာ လုပ္ငန္းမ်ားတြင္ လက္ရိွအလုပ္သင္ဝန္ထမ္းျဖစ္ေနရန္လိုအပ္ၿပီး မိမိကုမၸဏီမွ သေဘာတူညီမႈရယူရန္ လိုအပ္ေၾကာင္း သိရသည္။

"ဒီကုမၸဏီ၊ ဒီစားေသာက္ဆိုင္မွာ လုပ္ေနတဲ့ဟာေလးေတာ့ လိုတာေပါ့။ သူကစတိုးဆိုင္တို႔ ဘာတို႔မွာ လုပ္တယ္။ Hotel & Gastronomy တက္မယ္ဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့”ဟု CVT Myanmar မွ Head of Partnership and Communication ေဒၚေသြးေသြးေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

CVT သင္တန္းေက်ာင္းကို ဆြစ္ဇာလန္ႏိုင္ငံသား Mr,Max-O.Wey က ၂၀၀၂ ခုႏွစ္တြင္ စတင္ တည္ေထာင္ခဲ့ၿပီး သင္တန္းေက်ာင္းကုန္က်စရိတ္မ်ားကို ဆြစ္ဇာလန္ႏိုင္ငံမွ လုပ္ငန္းရွင္မ်ား၊ ေစတနာရွင္မ်ားႏွင့္ SDC(Swiss Agency for Development and Cooperation)မ်ားမွ ကူညီေထာက္ပံ့ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းေက်ာင္းက ျပည္တြင္းကုမၸဏီေပါင္း (၅၀၀) ေက်ာ္ႏွင့္ လက္တြဲေဆာင္ရြက္ေနၿပီး (၁၆)ႏွစ္တာကာလအတြင္း သင္တန္းသား (၂၀၀၀) ေက်ာ္ကို သင္တန္းဆင္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ အနိမ့္ဆံုး ပညာအရည္အခ်င္း အေျခခံအထက္တန္း အဆင့္တြင္ရိွ ရမည္ျဖစ္ၿပီး အသက္ (၁၇) ႏွစ္မွ (၂၆) ႏွစ္အထိ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

သင္တန္းမ်ားကို ေမလ (၂ ) ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ေလွ်ာက္လႊာမ်ားကို အမွတ္ ၄၂၊ ကမ္းနားလမ္း၊ တတိယထပ္၊ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းရံုးခ်ဳပ္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕သို႔လည္းေကာင္း အေသးစိတ္သိရိွလိုသည္မ်ားကို ဖုန္း-၀၁၃၈၃၆၇၆၊ ၀၉-၇၃၁၆၆၂၀၆ သို႔လည္းေကာင္း ဆက္သြယ္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ဆွစ်ဇာလန်နိုင်ငံမှ အလုပ်သင်ပညာရေးစနစ်ဖြင့် အခမဲ့သင်ကြားပေးနေသည့် CVT Myanmar ( Center for Vocational Training )က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် သင်တန်း (၅) မျိုးအတွက် သင်တန်းသားများ စတင်ခေါ်ယူနေရာ ၂၀၁၉ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရသည်။

စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုစုမှုဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများပြီးဆုံးပါက ဆွစ်ဇာလန်နိုင်ငံရှိ သက်ဆိုင်ရာ အလုပ်သင်ပညာရေး အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းကျောင်းများ၏ အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များအပြင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများ အနဖြေင့် မိမိတို့တက်ရောက်လိုသည့် သင်တန်းနှင့်ဆက်နွယ်သော လုပ်ငန်းများတွင် လက်ရှိအလုပ်သင်ဝန်ထမ်းဖြစ်နေရန်လိုအပ်ပြီး မိမိကုမ္ပဏီမှ သဘောတူညီမှုရယူရန် လိုအပ်ကြောင်း သိရသည်။

"ဒီကုမ္ပဏီ၊ ဒီစားသောက်ဆိုင်မှာ လုပ်နေတဲ့ဟာလေးတော့ လိုတာပေါ့။ သူကစတိုးဆိုင်တို့ ဘာတို့မှာ လုပ်တယ်။ Hotel & Gastronomy တက်မယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့”ဟု CVT Myanmar မှ Head of Partnership and Communication ဒေါ်သွေးသွေးမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

CVT သင်တန်းကျောင်းကို ဆွစ်ဇာလန်နိုင်ငံသား Mr,Max-O.Wey က ၂၀၀၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သင်တန်းကျောင်းကုန်ကျစရိတ်များကို ဆွစ်ဇာလန်နိုင်ငံမှ လုပ်ငန်းရှင်များ၊ စေတနာရှင်များနှင့် SDC(Swiss Agency for Development and Cooperation)များမှ ကူညီထောက်ပံ့နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းက ပြည်တွင်းကုမ္ပဏီပေါင်း (၅၀၀) ကျော်နှင့် လက်တွဲဆောင်ရွက်နပြေီး (၁၆)နှစ်တာကာလအတွင်း သင်တန်းသား (၂၀၀၀) ကျော်ကို သင်တန်းဆင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနဖြေင့် အနိမ့်ဆုံး ပညာအရည်အချင်း အခြေခံအထက်တန်း အဆင့်တွင်ရှိ ရမည်ဖြစ်ပြီး အသက် (၁၇) နှစ်မှ (၂၆) နှစ်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းများကို မေလ (၂ ) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်လွှာများကို အမှတ် ၄၂၊ ကမ်းနားလမ်း၊ တတိယထပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ် ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း အသေးစိတ်သိရှိလိုသည်များကို ဖုန်း-ဝ၁၃၈၃၆၇၆၊ ဝ၉-၇၃၁၆၆၂၀၆ သို့လည်းကောင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~