က်ဳိင္းတံုၿမိဳ႕တြင္ ေထာက္ခံခ်က္မရွိသည့္ စားေသာက္ကုန္မ်ားႏွင့္ တားျမစ္စားေသာက္ကုန္မ်ားကို မီးရႈိ႕ဖ်က္ဆီးမည္

က်ဳိင္းတံုၿမိဳ႕တြင္ ေထာက္ခံခ်က္မရွိသည့္ စားေသာက္ကုန္မ်ားႏွင့္ တားျမစ္စားေသာက္ကုန္မ်ားကို မီးရႈိ႕ဖ်က္ဆီးမည္
ဇန်နဝါရီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္  စားသံုးသူ အကာအကြယ္ေပးေရး ဥပေဒအရ သိမ္းဆည္း အေရးယူခဲ့သည့္ က်ပ္ (၆)သိန္းေက်ာ္တန္ဖိုးရိွ စားေသာက္ကုန္မ်ားအား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၁)ရက္ေန႔ ညေန(၃)နာရီခြဲတြင္ မီးရထားဘူတာရံုဝန္း၌ မီးရိႈ႕ဖ်က္ဆီးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကာလအတြင္း စားသုံးသူအကာအကြယ္ေပးေရး ဥပေဒ ပုဒ္မ-၁၉(င)ႏွင့္ (စ)ျဖင့္ အေရး ယူသိမ္းဆည္းထားေသာ စိုက္ပ်ိဳးေရးလုပ္ငန္းသုံးပစၥည္းမ်ားကို  စိုက္ပ်ိဳးေရးဦးစီးဌာနသို႔  လႊဲေျပာင္း ေပးအပ္ထားၿပီး က်န္စားေသာက္ကုန္ပစၥည္းမ်ားကို မီးရိႈ႕ဖ်က္ဆီးရန္ က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕၏ အစည္းအေဝး ဆံုးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေနာင္တံုကန္ ပတ္လည္က အသားေတြကိုေပါ့ ပုဒ္မ ၁၉(ဃ)နဲ႔  ေစ်းကြက္ထဲက ခ်က္ခ်င္းျပန္သိမ္း၊ ျပန္သိမ္းၿပီးေတာ့ ကြ်န္ေတာ္တို႔ အၿငင္းပြားမႈေျဖရွင္းေရးအဖြဲ႔ရဲ႕ အစည္းအေ၀းဆံုးျဖတ္ခ်က္ေတြ၊ ညႊန္ၾကားခ်က္ေတြကို လိုက္နာတဲ့ေန႔မွ  ဥပေဒနဲ႔ညီမွ ျပန္ေရာင္း အဲ့ဒါကို ၁၉(ဃ)လို႔ေခၚတယ္၊ စိုက္ပ်ဳိးေရးသံုး ပိုးသတ္ေဆးတို႔ ဓါတ္ေျမၾသဇာတို႔ၾကေတာ့  အဲ့ဒါေတြလည္း သိမ္းတဲ့အထဲ ပါေသးတယ္၊  စိုက္ပ်ဳိးေရးသံုး ပစၥည္းေတြကေတာ့ မီးရႈိ႕စရာမလိုဘူး၊ အဲ့ဒါေတြၾကေတာ့ စိုက္ပ်ဳိးေရးဌာနကို လႊဲလိုက္ၿပီ၊ တရား၀င္ လႊဲလိုက္ၿပီးေတာ့ သူတို႔က ဆက္လုပ္ေတာ့မွာ"ဟု က်ိဳင္းတုံခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၀)ရက္ေန႔က ေျပာသည္။

က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ႏွင့္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၆)ရက္ေန႔အထိ ေစ်းကြက္ အတြင္း စစ္ေဆးခဲ့ရာ စစ္ေဆးထားသည့္ ေထာက္ခံခ်က္မရိွဘဲ ျပည္ပမွတင္သြင္းလာသည့္ စားေသာက္ကုန္မ်ား၊ လိုအပ္ေသာ စစ္ေဆးေထာက္ခံခ်က္မ်ားမရိွဘဲ ထုတ္လုပ္သည့္ ျပည္တြင္းစား ေသာက္ကုန္မ်ား၊ သက္တမ္းကုန္ဆံုးရက္မပါသည့္ စားေသာက္ကုန္မ်ား၊ သက္တမ္းလြန္ အစား အေသာက္မ်ား၊ ေထာက္ခံခ်က္ႏွင့္ ကုန္ပစၥည္းအမည္ မပါသည့္ စားေသာက္ကုန္မ်ား၊ FDA မွ တားျမစ္ စားေသာက္ကုန္မ်ားကို စစ္ေဆးေတြ႔ရိွခဲ့သျဖင့္ စားသံုးသူအကာအကြယ္ေပးေရးဥပေဒပုဒ္မ ၁၉(င)၊ ၁၉(စ)တို႔ျဖင့္ အေရးယူ သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၁)ရက္ေန႔ ညေန(၃)နာရီခြဲတြင္ က်ဳိင္းတံုၿမိဳ႕ရွိ မီးရထားဘူတာရံုေဟာင္း ၀န္းအတြင္း၌ မီးရႈိးဖ်က္ဆီးမည့္ စားေသာက္ကုန္မ်ားသည္ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၁၆)ရက္ေန႔ ႏွင့္ ႏို၀င္ဘာလ(၂၈)ရက္ေန႔ သိမ္းဆည္းထားသည့္ စားေသာက္ကုန္မ်ား အပါအ၀င္၊ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၃)ရက္ေန႔ ႏွင့္ ဇန္န၀ါရီလ(၁၆)ရက္ေန႔မ်ားက သိမ္းဆည္းထားသည့္ စားေသာက္ကုန္မ်ား ပါ၀င္ရာ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္(၆၃၇,၇၀၀)ရွိေၾကာင္း သိရသည္။

ေစ်းကြက္အတြင္း စားေသာက္ကုန္မ်ားႏွင့္ ကုန္ပစၥည္းမ်ားကို စားသံုးသူ၊ သံုးစြဲသူမ်ား ေဘးအႏၱရာယ္ကင္း ေစေရး အတြက္ ျပည္တြင္းထုတ္သူမ်ားတြင္လည္း လိုအပ္သည့္ ေထာက္ခံခ်က္မ်ား အပါအဝင္ ကုန္ပစၥည္းတြင္ ပါဝင္ပစၥည္းမ်ား၊ သက္တမ္းကုန္ဆံုးရက္မ်ား ေဖၚျပေစျခင္းႏွင့္ ျပည္ပမွ တင္သြင္း ရာတြင္လည္း သက္ဆုိင္ရာဌာန အလိုက္ စစ္ေဆးၿပီး ခြင့္ျပဳခ်က္အတုိင္း တင္သြင္းေစျခင္းတို႔ျဖင့္ ေဆာင္ရြက္ေစကာ လုိက္နာျခင္းမရိွပါက ဥပေဒအရ အေရးယူျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - UTS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ သိမ်းဆည်း အရေးယူခဲ့သည့် ကျပ် (၆)သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန်များအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေ(၃)နာရီခွဲတွင် မီးရထားဘူတာရုံဝန်း၌ မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ-၁၉(င)နှင့် (စ)ဖြင့် အရေး ယူသိမ်းဆည်းထားသော စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများကို စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ထားပြီး ကျန်စားသောက်ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးရန် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"နောင်တုံကန် ပတ်လည်က အသားတွေကိုပေါ့ ပုဒ်မ ၁၉(ဃ)နဲ့ ဈေးကွက်ထဲက ချက်ချင်းပြန်သိမ်း၊ ပြန်သိမ်းပြီးတော့ ကျွန်တော်တို့ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ရဲ့ အစည်းအေဝးဆုံးဖြတ်ချက်တွေ၊ ညွှန်ကြားချက်တွေကို လိုက်နာတဲ့နေ့မှ ဥပဒေနဲ့ညီမှ ပြန်ရောင်း အဲ့ဒါကို ၁၉(ဃ)လို့ခေါ်တယ်၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတို့ ဓာတ်မြသြေဇာတို့ကြတော့ အဲ့ဒါတွေလည်း သိမ်းတဲ့အထဲ ပါသေးတယ်၊ စိုက်ပျိုးရေးသုံး ပစ္စည်းတွေကတော့ မီးရှို့စရာမလိုဘူး၊ အဲ့ဒါတွကြေတော့ စိုက်ပျိုးရေးဌာနကို လွှဲလိုက်ပြီ၊ တရားဝင် လွှဲလိုက်ပြီးတော့ သူတို့က ဆက်လုပ်တော့မှာ"ဟု ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၀)ရက်နေ့က ပြောသည်။

ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့အထိ ဈေးကွက် အတွင်း စစ်ဆေးခဲ့ရာ စစ်ဆေးထားသည့် ထောက်ခံချက်မရှိဘဲ ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များ၊ လိုအပ်သော စစ်ဆေးထောက်ခံချက်များမရှိဘဲ ထုတ်လုပ်သည့် ပြည်တွင်းစား သောက်ကုန်များ၊ သက်တမ်းကုန်ဆုံးရက်မပါသည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အစား အသောက်များ၊ ထောက်ခံချက်နှင့် ကုန်ပစ္စည်းအမည် မပါသည့် စားသောက်ကုန်များ၊ FDA မှ တားမြစ် စားသောက်ကုန်များကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉(င)၊ ၁၉(စ)တို့ဖြင့် အရေးယူ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့ ညနေ(၃)နာရီခွဲတွင် ကျိုင်းတုံမြို့ရှိ မီးရထားဘူတာရုံဟောင်း ဝန်းအတွင်း၌ မီးရှိုးဖျက်ဆီးမည့် စားသောက်ကုန်များသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ နှင့် နိုဝင်ဘာလ(၂၈)ရက်နေ့ သိမ်းဆည်းထားသည့် စားသောက်ကုန်များ အပါအဝင်၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ နှင့် ဇန်နဝါရီလ(၁၆)ရက်နေ့များက သိမ်းဆည်းထားသည့် စားသောက်ကုန်များ ပါဝင်ရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၆၃၇,၇၀၀)ရှိကြောင်း သိရသည်။

ဈေးကွက်အတွင်း စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို စားသုံးသူ၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်း စေရေး အတွက် ပြည်တွင်းထုတ်သူများတွင်လည်း လိုအပ်သည့် ထောက်ခံချက်များ အပါအဝင် ကုန်ပစ္စည်းတွင် ပါဝင်ပစ္စည်းများ၊ သက်တမ်းကုန်ဆုံးရက်များ ဖော်ပြစခြေင်းနှင့် ပြည်ပမှ တင်သွင်း ရာတွင်လည်း သက်ဆိုင်ရာဌာန အလိုက် စစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း တင်သွင်းစခြေင်းတို့ဖြင့် ဆောင်ရွက်စေကာ လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - UTS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~