တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံသားတစ္ဦးထံမွ စိတ္ၾကြေဆးျပား (၇)ျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံသားတစ္ဦးထံမွ စိတ္ၾကြေဆးျပား (၇)ျပား ဖမ္းဆီးရမိ
ဇန်နဝါရီ 11, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသားတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔က စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ဆန္ဆို္င္း(ခ)ရပ္ကြက္၊ (၅)လမ္းမတြင္ မသကၤာဖြယ္ ေတြ႔ရသည့္ အားဟုန္ကိုစစ္ေဆးရာ ၎၏ေဘးလြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၇)ျပားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အားဟုန္သည္ ထုိင္းႏုိင္ငံ၊ မယ္က်န္႔ၿမိဳ႕တြင္ေနထုိင္သူျဖစ္ေၾကာင္းစစ္ေဆးသိရိွရေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားဟုန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (၇)ပြား ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့က စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့ဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းမတွင် မသင်္ကာဖွယ် တွေ့ရသည့် အားဟုန်ကိုစစ်ဆေးရာ ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၇)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အားဟုန်သည် ထိုင်းနိုင်ငံ၊ မယ်ကျန့်မြို့တွင်နေထိုင်သူဖြစ်ကြောင်းစစ်ဆေးသိရှိရကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဟုန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~