တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၂၀)ျပား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၂၀)ျပား ဖမ္းမိ
ဇန်နဝါရီ 27, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးေရာင္းခ်ေၾကာင္း သတင္းရေနအိမ္အား ဝင္ေရာက္ဖမ္းဆီးရာ စိတ္ၾကြေဆးျပား (၂၀)ျပားႏွင့္အတူ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦးတုိ႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕သည္သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ မုိင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္း(၁)ရြာရိွ ေဒၚမီငုတ္ ၏ေနအိမ္အား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၅)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က ဝင္ေရာက္ရွာေဖြရာ ေဒၚမီငုတ္အား ေတြ႔ရၿပီး အိပ္ယာေအာက္ရိွ ေကာ္ဗူးအတြင္း သိမ္းထားသည့္ စိတ္ၾကြေဆးျပား (၂၀)ျပားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စိတ္ၾကြေဆးျပားမ်ားမွာ အတူေနသားမက္ျဖစ္သူ အားေဆာင္က ဝယ္ယူလာျခင္းျဖစ္ေၾကာင္း သိရသျဖင့္ အားေဆာင္ႏွင့္ မီငုတ္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား (၂၀)ပြား ဖမ်းမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းရနေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ စိတ်ကြွဆေးပြား (၂၀)ပြားနှင့်အတူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည်သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၁)ရွာရှိ ဒေါ်မီငုတ်၏နေအိမ်အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဝင်ရောက်ရှာဖွေရာ ဒေါ်မီငုတ်အား တွေ့ရပြီး အိပ်ယာအောက်ရှိ ကော်ဗူးအတွင်း သိမ်းထားသည့် စိတ်ကြွဆေးပြား (၂၀)ပြားကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများမှာ အတူနေသားမက်ဖြစ်သူ အားဆောင်က ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရသဖြင့် အားဆောင်နှင့် မီငုတ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~