ပျံသန်းရေးဆိုင်ရာ စစ်ဆေးပြီး၍ မန်းရတနာပုံလေယာဉ် XY-AJP တစ်စီး ဇန်န၀ါရီလ(၂၉)ရက်နေ့တွင် ပုံမှန်အတိုင်း XY-AJO နှင့်အတူ ပြန်လည် ပျံသန်းပြေးဆွဲမည်

ပျံသန်းရေးဆိုင်ရာ စစ်ဆေးပြီး၍ မန်းရတနာပုံလေယာဉ် XY-AJP တစ်စီး ဇန်န၀ါရီလ(၂၉)ရက်နေ့တွင် ပုံမှန်အတိုင်း XY-AJO နှင့်အတူ ပြန်လည် ပျံသန်းပြေးဆွဲမည်
ဇနျနဝါရီ 28, 2019
By Tachileik News Agency

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ရပ်နားရန် နေရာတွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့က မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အသေးစား ထိခိုက်မှုဖြစ်ပွားခဲ့ရာမှ ပြန်လည်စစ်ဆေးမှုများအပြီး ဇန်န၀ါရီလ(၂၅)ရက်နေ့က စ၍ လေယာဉ်တစ်စီးမှာ ပြန်လည်၍ ပျံသန်းပြေးဆွဲနေပြီး ကျန်ရှိသည့် တစ်စီးမှာ ဇန်န၀ါရီလ(၂၉)ရက်နေ့တွင် ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အတောင်ပံမတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်များကို ပျံသန်းမှုပိုင်း ဆိုင်ရာ လုံခြုံစိတ်ချရေးအတွက် ပြန်လည်စစ်ဆေးမှုများ အပြီးတွင် အဆိုပါ လေယာဉ်နှစ်စီးအနက် XY-AJO တစ်စီးမှာ ပျံသန်းရေးဆိုင်ရာများ လုံခြုံစိတ်ချရပြီဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၅)ရက်နေ့ကစ၍ ပြန်လည်ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ရပ်နားရန် နေရာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အသေးစား ထိခိုက်မှုဖြစ်ပွားခဲ့ရာမှ ပြန်လည်စစ်ဆေးမှုများအပြီး ဇန်နဝါရီလ(၂၅)ရက်နေ့က စ၍ လေယာဉ်တစ်စီးမှာ ပြန်လည်၍ ပျံသန်းပြေးဆွဲနပြေီး ကျန်ရှိသည့် တစ်စီးမှာ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အတောင်ပံမတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်များကို ပျံသန်းမှုပိုင်း ဆိုင်ရာ လုံခြုံစိတ်ချရေးအတွက် ပြန်လည်စစ်ဆေးမှုများ အပြီးတွင် အဆိုပါ လေယာဉ်နှစ်စီးအနက် XY-AJO တစ်စီးမှာ ပျံသန်းရေးဆိုင်ရာများ လုံခြုံစိတ်ချရပြီဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ကစ၍ ပြန်လည်ပျံသန်းပြေးဆွဲနပြေီဖြစ်သည်။

ကျန်ရှိသည့် XY-AJP တစ်စီးအား ပျံသန်းရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုများပြုလုပ်ပြီး၍ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပုံမှန်ခရီးစဉ်များကို လေယာဉ်(၂)စီးဖြင့် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း မန်းရတနာပုံလေကြောင်းလိုင်းမှ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~