တာခ်ီလိတ္ၿမိဳ႕ ဇီ၀က အခမဲ့ဒါနေဆးကုသခန္းမွ (၆) ႏွစ္တာ ကာလအတြင္း လူနာေပါင္း (၄၇၀၀၀) နီးပါး ကုသေပးထား

တာခ်ီလိတ္ၿမိဳ႕ ဇီ၀က အခမဲ့ဒါနေဆးကုသခန္းမွ (၆) ႏွစ္တာ ကာလအတြင္း လူနာေပါင္း (၄၇၀၀၀) နီးပါး ကုသေပးထား
ဇန်နဝါရီ 28, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသခံမ်ားႏွင့္ ေရႊေျပာင္းလုပ္သားမ်ားအား အခမဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးႏိုင္ရန္ ရည္ရြယ္ ဖြင့္လွစ္ထားသည့္ ဇီ၀က အခမဲ့ဒါနေဆးကုသခန္းတြင္
(၆)ႏွစ္တာ ကာလအတြင္း လူနာေပါင္း ( ၄၇,၀၀၀ )နီးပါးကို ကုသေပးထားေၾကာင္း သိရသည္။

ဇီ၀က အခမဲ့ ဒါနေဆးကုသခန္းကို ၂၀၁၃ ခုႏွစ္ မတ္လ (၃၀) ရက္ေန႔တြင္ ဖြင့္လွစ္ခဲ့ၿပီး လူမ်ိဳးဘာသာ မခြဲျခားဘဲ ကုသေပးကာ ေတာင္ေပၚေဒသမ်ားသို႔လည္း သြားေရာက္ကုသေပးေနေၾကာင္း သိရသည္။

“တာခ်ီလိတ္ၿမိဳ႕မွာ အခမဲ့ပရဟိတေဆးခန္းဆိုတာ တစ္ခုပဲရိွတာ။ ဒီထက္ပိုၿပီးေတာ့ ပရဟိတေဆးခန္းေတြ အမ်ားႀကီး ျဖစ္လာေစခ်င္တယ္။ ကၽြန္ေတာ္တို႔ ေဆးခန္းမွာလည္း ပိုမိုေတာင့္တင္းတဲ့ ဆရာ၀န္အင္အား၊ ေငြေၾကး အင္အား၊ အလုပ္သမား အင္အား ပိုၿပီးျဖစ္ေစခ်င္တယ္။ ပိုၿပီးလုပ္သြားခ်င္တဲ့အတြက္ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕သူၿမိဳ႕သားေတြေရာ အျခားၿမိဳ႕ရြာ ေတြကေရာ ဒီေဆးခန္းေလးကို ကူညီခ်င္တဲ့ သူေတြအားလံုးကေရာ ၀ိုင္း၀န္းကူညီေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္”ဟု ဇီ၀က အခမဲ့ ဒါနေဆးကုသခန္းမွ ေဒါက္တာျပည့္ျမင့္ျမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇီ၀က အခမဲ့ေဆးခန္းကို တနဂၤေႏြေန႔ႏွင့္ အခါႀကီးရက္ႀကီးမ်ားမွအပ ေန႔စဥ္ နံနက္(၉) နာရီမွ (၁၂) နာရီအထိ ေန႔စဥ္  တစ္ရက္လွ်င္လူနာ (၃၀)ဦးကို စမ္းသပ္ကုသေပးေနေၾကာင္းႏွင့္ တစ္ရက္ႀကိဳတင္ နာမည္စာရင္း ေပးရန္လိုအပ္ၿပီး သံဃာေတာ္မ်ား၊ ဘိုးဘြားရိပ္သာမွ အဘိုးအဘြားမ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ား အပါအ၀င္ ရပ္ေ၀းေဒသမွ လာေရာက္ကုသသူမ်ား ကို ဦးစားေပး ကုသေပးေနေၾကာင္း သိရသည္။

ဇီ၀က အခမဲ့ဒါနေဆးကုသခန္းကို တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ဘိုးဘြားရိပ္သာအနီး ဟိုတယ္တာခ်ီလိတ္လမ္းတြင္ ဖြင့္လွစ္ထားရွိၿပီး ဖုန္း09250839940 ၊ 09456490570 ႏွင့္ 09445215210 တို႔ကိုလည္း ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဒေသခံများနှင့် ရွှေပြောင်းလုပ်သားများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ထားသည့် ဇီဝက အခမဲ့ဒါနဆေးကုသခန်းတွင်
(၆)နှစ်တာ ကာလအတွင်း လူနာပေါင်း ( ၄၇,ဝဝဝ )နီးပါးကို ကုသပေးထားကြောင်း သိရသည်။

ဇီဝက အခမဲ့ ဒါနဆေးကုသခန်းကို ၂၀၁၃ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ကုသပေးကာ တောင်ပေါ်ဒေသများသို့လည်း သွားရောက်ကုသပေးနေကြောင်း သိရသည်။

“တာချီလိတ်မြို့မှာ အခမဲ့ပရဟိတဆေးခန်းဆိုတာ တစ်ခုပဲရှိတာ။ ဒီထက်ပိုပြီးတော့ ပရဟိတဆေးခန်းတွေ အများကြီး ဖြစ်လာစေချင်တယ်။ ကျွန်တော်တို့ ဆေးခန်းမှာလည်း ပိုမိုတောင့်တင်းတဲ့ ဆရာဝန်အင်အား၊ ငွေကြေး အင်အား၊ အလုပ်သမား အင်အား ပိုပြီးဖြစ်စေချင်တယ်။ ပိုပြီးလုပ်သွားချင်တဲ့အတွက် တာချီလိတ်မြို့ မြို့သူမြို့သားတွေရော အခြားမြို့ရွာ တွေကရော ဒီဆေးခန်းလေးကို ကူညီချင်တဲ့ သူတွေအားလုံးကရော ဝိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်”ဟု ဇီဝက အခမဲ့ ဒါနဆေးကုသခန်းမှ ဒေါက်တာပြည့်မြင့်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇီဝက အခမဲ့ဆေးခန်းကို တနင်္ဂေနွနေ့နှင့် အခါကြီးရက်ကြီးများမှအပ နေ့စဉ် နံနက်(၉) နာရီမှ (၁၂) နာရီအထိ နေ့စဉ် တစ်ရက်လျှင်လူနာ (၃၀)ဦးကို စမ်းသပ်ကုသပေးနေကြောင်းနှင့် တစ်ရက်ကြိုတင် နာမည်စာရင်း ပေးရန်လိုအပ်ပြီး သံဃာတော်များ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ရပေ်ဝးဒေသမှ လာရောက်ကုသသူများ ကို ဦးစားပေး ကုသပေးနေကြောင်း သိရသည်။

ဇီဝက အခမဲ့ဒါနဆေးကုသခန်းကို တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီး ဟိုတယ်တာချီလိတ်လမ်းတွင် ဖွင့်လှစ်ထားရှိပြီး ဖုန်း09250839940၊ 09456490570 နှင့် 09445215210 တို့ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~