ရပ္ေစာက္ၿမိဳ႕နယ္တြင္း ေက်းရြာသံုးရြာမီးလင္းေရး ကိုယ္ထူကိုယ္ထထည့္ဝင္ေငြ မလံုေလာက္၍ လႊတ္ေတာ္မွ ရန္ပံုေငြထည့္ဝင္ေဆာင္ရြက္

ရပ္ေစာက္ၿမိဳ႕နယ္တြင္း ေက်းရြာသံုးရြာမီးလင္းေရး ကိုယ္ထူကိုယ္ထထည့္ဝင္ေငြ မလံုေလာက္၍ လႊတ္ေတာ္မွ ရန္ပံုေငြထည့္ဝင္ေဆာင္ရြက္
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ အလည္ေခ်ာင္ေက်းရြာအုပ္စုရိွ ရြာမ၊ ရြာသစ္ႏွွင့္ ေဖာင္းဖ်ား ေက်းရြာ (၃) ခု လွ်ပ္စစ္မီးရရိွေရးအတြက္ ကိုယ္ထူကိုယ္ထ ေဆာင္ရြက္သည့္ေငြေၾကးျဖင့္ မလံုေလာက္၍ လႊတ္ေတာ္မွ ျဖည့္စြက္ရန္ပံုေငြ၊ ဖြံ႕ၿဖိဳးေရးရန္ပံုေငြတုိ႔ျဖင့္ ေဆာင္ရြက္ခဲ့ရာ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလတြင္ လွ်ပ္စစ္မီးအသံုးျပဳႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ေက်းရြာသံုးခုေပါင္း အိမ္ေျခ  (၅၀၀) ေက်ာ္ (၆၀၀) နီးပါးရိွတယ္။ အခုဆို ဘယ္အိမ္ကပဲျဖစ္ျဖစ္ သူက မီတာေဘာက္ဖိုး တတ္ႏိုင္တယ္ေဟ့ဆို မီးတာေဘာက္တပ္ႏိုင္ၿပီဆိုရင္ လွ်ပ္စစ္မီးယူလို႔ရသြားၿပီ။ အခုကေတာ့ မီတာေဘာက္ မလံုေလာက္ေသးလို႔ တစ္ခ်ိဳ႕အိမ္ေတြနည္းနည္းေလး က်န္ေနတာပဲရိွပါတယ္”ဟု ရပ္ေစာက္ၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေက်းရြာ (၃) ခုမီးလင္းေရးအတြက္ မီးလင္းေရးေကာ္မတီကို ၂၀၁၂ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး ေက်းရြာသားမ်ား၏ ထည့္ဝင္ေငြျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေသာ္လည္း ေငြေၾကးေလာက္ငွမႈ မရိွသျဖင့္ ဆက္လက္လုပ္ကိုင္ႏိုင္ျခင္းမရိွဘဲ ရပ္နားခဲ့ရသည့္အျပင္ လုပ္ငန္းေဆာင္ရြက္ရန္အပ္ႏွံထားသည့္ ကုမၸဏီကိုလည္း ေငြေၾကးေပးေခ်နုိင္ျခင္းမရိွသျဖင့္ ကုမၸဏီမွ ရရန္ရိွသည့္ေငြမ်ားကို တရားစြဲဆို ေတာင္းဆိုခံရမည့္ အေျခအေနျဖင့္ ႀကံဳခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အဲဒီတုန္းကေတာ့ အားလံုးကလည္း တက္တက္ၾကြၾကြနဲ႔ အိမ္ေထာင္စုတစ္စုကို (၅)သိန္း၊ တစ္ခ်ိဳ႕ဆို (၁၅)သိန္းအထိ ထည့္ဝင္ၿပီး အားထုတ္ခဲ့ၾကတာေပါ့ေနာ္။ ဒါေပမဲ့ သူတုိ႔ရြာအကုန္လံုးကို လုပ္ဖို႔က ေငြေၾကးက မလံုေလာက္ဘူးေပါ့ေနာ္။ အဲဒီမွာ လုပ္ငန္းလုပ္ၾကေတာ့ ကုမၸဏီနဲ႔စာခ်ဳပ္ ခ်ဳပ္လုပ္ခဲ့တာမွာ ေငြေၾကး မလံုေလာက္ေတာ့ အလုပ္ကလည္း မၿပီးဘူး။ လုပ္ငန္းလုပ္ထားတာေတြလည္း မေပးႏုိင္ဘူးျဖစ္ေတာ့ ကုမၸဏီက သူတုိ႔ကိုေတာင္ တရားစြဲၿပီး ေတာင္းမယ့္ဟာေတြဘာေတြ ႀကံဳခဲ့ရတယ္။ အဲဒီမွာ သူတို႔စိတ္ဓါတ္က်၊ လုပ္ငန္း ဆက္မလုပ္ေတာ့ဘူးေပါ့။ ကၽြန္ေတာ္တာဝန္ယူတဲ့အခါ ေကာ္မတီကိုေခၚေတြ႕၊ သူတုိ႔ လုပ္ငန္းလုပ္တာေတြကို ေလ့လာၿပီး ကုမၸဏီဘက္ကိုလည္း ေမတၱာရပ္ခံတယ္။ ဒီဘက္က ရြာကိုလည္း နည္းနည္း အားေပးၿပီးေတာ့မွ ၂၀၁၇ - ၁၈ ဘတ္ဂ်က္ရယ္၊ ၁၈ -၁၉ မီနီဘတ္ဂ်က္ရယ္ ဘတ္ဂ်က္ႏွစ္ခုလုိက္ရတာေပါ့။ အဲဒီဘတ္ဂ်က္ႏွစ္ခုေပါင္းလုိက္ရင္ သိန္းေပါင္း (၃၀၀၀)ေလာက္ရတယ္။ အရင္ကထည့္ဝင္ထားတာနဲ႔ ရထားတဲ့ ထရန္စေဖာ္မာ (၂)လံုးရယ္၊ က်န္တဲ့လုပ္ငန္းေလးေတြအတြက္ ေက်းရြာကလည္း တက္တက္ၾကြၾကြ ယံုယံုၾကည္ၾကည္နဲ႔ ပါဝင္လာၾက ထည့္ဝင္လာၾကတာေတြနဲ႔ အကုန္ေပါင္းလုိက္ရင္ သိန္းေပါင္း (၃၀၀၀)ေက်ာ္နဲ႔ အသံုးျပဳလုိက္မွ ေက်းရြာေတြမွာ အခုမွ မီးလင္းသြားတာေပါ့”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က ေျပာသည္။

ေက်းရြာမီးလင္းေရးေကာ္မတီ၏ အခက္အခဲမ်ားကို ကူညီေျဖရွင္းေပးႏိုင္ရန္အတြက္ ၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္တြင္ လႊတ္ေတာ္မွ ျဖည့္စြက္ရန္ပံုေငြႏွင့္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တြင္ ဖြံ႕ၿဖိဳးေရးရန္ပံုေငြမ်ား တင္ျပေတာင္းခံခဲ့ရာ ရရိွသည့္ က်ပ္သိန္း (၃,၀၀၀) နီးပါးကို အဆိုပါေက်းရြာမ်ားမွ ထည့္၀င္ေငြမ်ား ေပါင္းစပ္ကာ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရပ္ေစာက္ၿမိဳ႕နယ္အတြင္း အဆိုပါေက်းရြာသံုးရြာမီးလင္းေရးကိစၥမ်ားအပါအဝင္ အျခားေက်းရြာမ်ားမွ တင္ျပထားမႈမ်ားလည္း ရိွေနေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ထံမွ သိရသည္။

“ကၽြန္ေတာ္တုိ႔ေတြ ေက်းရြာေတြကို သြားတဲ့အခါမွာ ျပည္သူေတြ အဓိက ေတာင္းဆိုၾကတာက လမ္းတံတား ေရ မီး၊ စာသင္ေက်ာင္း အဆင့္ျမႇင့္ေပးဖို႔ေပါ့ေနာ္။ အဓိကက ဘတ္ဂ်က္ေပါ့။ လူထု ေတာင္းဆိုတာေတြကို ကၽြန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုတာ လႊတ္ေတာ္တြင္းကေန သက္ဆုိင္ရာကို တင္ျပၿပီး ဘ႑ာႏွစ္အလုိက္ရေအာင္ ႀကိဳးစားေပးရတယ္။ ဒီဘတ္ဂ်က္မရရင္ ဘယ္လုိနည္းက အဆင္ေျပမလဲ ရွာေဖြေပးရတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ မရေသးတာဆိုရင္လည္း ဘတ္ဂ်က္မလုံေလာက္ေသးလုိ႔ မရေသးတာေတြျဖစ္တယ္ဆိုတာကို ျပည္သူေတြအေနနဲ႔ နားလည္ေစခ်င္ပါတယ္။ ကၽြန္ေတာ္တုိ႔ ေျဖရွင္းေပးရ အခက္ခဲဆံုးက ေျမယာကိစၥက အခက္ခဲဆံုးပါပဲ”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

ေက်းရြာ (၃)ရြာ လွ်ပ္စစ္မီးရရိွေရးအတြက္ ရပ္ေစာက္ - ေကာင္းဘို႔ (၁၁)မုိင္နီးပါးကို 11 KV ဓာတ္အားလိုင္း သြယ္တန္းျခင္း အပါအဝင္ ေက်းရြာလွ်ပ္စစ္လုပ္ငန္းအတြက္ မာဃျမင့္ကုမၸဏီက တာဝန္ယူ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - KNNK


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာအုပ်စုရှိ ရွာမ၊ ရွာသစ်နှင့် ဖောင်းဖျား ကျေးရွာ (၃) ခု လျှပ်စစ်မီးရရှိရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်သည့်ငွေကြေးဖြင့် မလုံလောက်၍ လွှတ်တော်မှ ဖြည့်စွက်ရန်ပုံငွေ၊ ဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် လျှပ်စစ်မီးအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ကျေးရွာသုံးခုပေါင်း အိမ်ခြေ (၅၀၀) ကျော် (၆၀၀) နီးပါးရှိတယ်။ အခုဆို ဘယ်အိမ်ကပဲဖြစ်ဖြစ် သူက မီတာဘောက်ဖိုး တတ်နိုင်တယ်ဟေ့ဆို မီးတာဘောက်တပ်နိုင်ပြီဆိုရင် လျှပ်စစ်မီးယူလို့ရသွားပြီ။ အခုကတော့ မီတာဘောက် မလုံလောက်သေးလို့ တစ်ချို့အိမ်တွေနည်းနည်းလေး ကျန်နေတာပဲရှိပါတယ်”ဟု ရပ်စောက်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျေးရွာ (၃) ခုမီးလင်းရေးအတွက် မီးလင်းရေးကော်မတီကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကျေးရွာသားများ၏ ထည့်ဝင်ငွဖြေင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ငွေကြေးလောက်ငှမှု မရှိသဖြင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရသည့်အပြင် လုပ်ငန်းဆောင်ရွက်ရန်အပ်နှံထားသည့် ကုမ္ပဏီကိုလည်း ငွေကြေးပေးချေနိုင်ခြင်းမရှိသဖြင့် ကုမ္ပဏီမှ ရရန်ရှိသည့်ငွေများကို တရားစွဲဆို တောင်းဆိုခံရမည့် အခြေအနဖြေင့် ကြုံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီတုန်းကတော့ အားလုံးကလည်း တက်တက်ကြွကြွနဲ့ အိမ်ထောင်စုတစ်စုကို (၅)သိန်း၊ တစ်ချို့ဆို (၁၅)သိန်းအထိ ထည့်ဝင်ပြီး အားထုတ်ခဲ့ကြတာပေါ့နော်။ ဒါပေမဲ့ သူတို့ရွာအကုန်လုံးကို လုပ်ဖို့က ငွေကြေးက မလုံလောက်ဘူးပေါ့နော်။ အဲဒီမှာ လုပ်ငန်းလုပ်ကြတော့ ကုမ္ပဏီနဲ့စာချုပ် ချုပ်လုပ်ခဲ့တာမှာ ငွေကြေး မလုံလောက်တော့ အလုပ်ကလည်း မပြီးဘူး။ လုပ်ငန်းလုပ်ထားတာတွေလည်း မပေးနိုင်ဘူးဖြစ်တော့ ကုမ္ပဏီက သူတို့ကိုတောင် တရားစွဲပြီး တောင်းမယ့်ဟာတွေဘာတွေ ကြုံခဲ့ရတယ်။ အဲဒီမှာ သူတို့စိတ်ဓာတ်ကျ၊ လုပ်ငန်း ဆက်မလုပ်တော့ဘူးပေါ့။ ကျွန်တော်တာဝန်ယူတဲ့အခါ ကော်မတီကိုခေါ်တွေ့၊ သူတို့ လုပ်ငန်းလုပ်တာတွေကို လေ့လာပြီး ကုမ္ပဏီဘက်ကိုလည်း မေတ္တာရပ်ခံတယ်။ ဒီဘက်က ရွာကိုလည်း နည်းနည်း အားပေးပြီးတော့မှ ၂၀၁၇ - ၁၈ ဘတ်ဂျက်ရယ်၊ ၁၈ -၁၉ မီနီဘတ်ဂျက်ရယ် ဘတ်ဂျက်နှစ်ခုလိုက်ရတာပေါ့။ အဲဒီဘတ်ဂျက်နှစ်ခုပေါင်းလိုက်ရင် သိန်းပေါင်း (၃၀၀၀)လောက်ရတယ်။ အရင်ကထည့်ဝင်ထားတာနဲ့ ရထားတဲ့ ထရန်စဖော်မာ (၂)လုံးရယ်၊ ကျန်တဲ့လုပ်ငန်းလေးတွေအတွက် ကျေးရွာကလည်း တက်တက်ကြွကြွ ယုံယုံကြည်ကြည်နဲ့ ပါဝင်လာကြ ထည့်ဝင်လာကြတာတွေနဲ့ အကုန်ပေါင်းလိုက်ရင် သိန်းပေါင်း (၃၀၀၀)ကျော်နဲ့ အသုံးပြုလိုက်မှ ကျေးရွာတွေမှာ အခုမှ မီးလင်းသွားတာပေါ့”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

ကျေးရွာမီးလင်းရေးကော်မတီ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်မှ ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေများ တင်ပြတောင်းခံခဲ့ရာ ရရှိသည့် ကျပ်သိန်း (၃,ဝဝဝ) နီးပါးကို အဆိုပါကျေးရွာများမှ ထည့်ဝင်ငွေများ ပေါင်းစပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်အတွင်း အဆိုပါကျေးရွာသုံးရွာမီးလင်းရေးကိစ္စများအပါအဝင် အခြားကျေးရွာများမှ တင်ပြထားမှုများလည်း ရှိနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

“ကျွန်တော်တို့တွေ ကျေးရွာတွေကို သွားတဲ့အခါမှာ ပြည်သူတွေ အဓိက တောင်းဆိုကြတာက လမ်းတံတား ရေ မီး၊ စာသင်ကျောင်း အဆင့်မြှင့်ပေးဖို့ပေါ့နော်။ အဓိကက ဘတ်ဂျက်ပေါ့။ လူထု တောင်းဆိုတာတွေကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်တွင်းကနေ သက်ဆိုင်ရာကို တင်ပြပြီး ဘဏ္ဍာနှစ်အလိုက်ရအောင် ကြိုးစားပေးရတယ်။ ဒီဘတ်ဂျက်မရရင် ဘယ်လိုနည်းက အဆင်ပြေမလဲ ရှာဖွေပေးရတယ်။ တစ်ချို့နေရာတွေမှာ မရသေးတာဆိုရင်လည်း ဘတ်ဂျက်မလုံလောက်သေးလို့ မရသေးတာတွဖြေစ်တယ်ဆိုတာကို ပြည်သူတွေအနေနဲ့ နားလည်စေချင်ပါတယ်။ ကျွန်တော်တို့ ဖြေရှင်းပေးရ အခက်ခဲဆုံးက မြေယာကိစ္စက အခက်ခဲဆုံးပါပဲ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

ကျေးရွာ (၃)ရွာ လျှပ်စစ်မီးရရှိရေးအတွက် ရပ်စောက် - ကောင်းဘို့ (၁၁)မိုင်နီးပါးကို 11 KV ဓာတ်အားလိုင်း သွယ်တန်းခြင်း အပါအဝင် ကျေးရွာလျှပ်စစ်လုပ်ငန်းအတွက် မာဃမြင့်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KNNK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~