ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေျပာင္းခင္းအတြင္း ေပ်ာက္သြားသည့္ ႏွစ္ႏွစ္အရြယ္ ကေလးငယ္ကို (၁၃)ရက္ေျမာက္ေန႔အထိ ရွာမေတြ႔ရေသး

ရပ္ေစာက္ၿမိဳ႕နယ္တြင္ ေျပာင္းခင္းအတြင္း ေပ်ာက္သြားသည့္ ႏွစ္ႏွစ္အရြယ္ ကေလးငယ္ကို (၁၃)ရက္ေျမာက္ေန႔အထိ ရွာမေတြ႔ရေသး
ဇန်နဝါရီ 3, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ယမ္းတြင္းငါးေၾကာင္ေက်းရြာအုပ္စု၊ ေျမမဲေက်းရြာတြင္ မိဘမ်ား ေျပာင္းခင္း၌ ေျပာင္းခ်ိဳးေနစဥ္ (၂)ႏွစ္သားအရြယ္ကေလး ေပ်ာက္ဆံုးသြားသည့္ (၁၃)ရက္ေျမာက္ေန႔အထိ ကေလးအား ေတြ႔ရိွျခင္းမရိွေသးဘဲ ရဲလုပ္ငန္းစဥ္ျဖင့္ ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ေပ်ာက္သြားတဲ့ အခ်ိန္တုန္းက ေဒသခံေတြက လူအင္အားနဲ႔ အင္တုိက္အားတုိက္ ရွာေဖြခဲ့ၿပီးၿပီ။ ေနရာကလည္း မက်န္သေလာက္ျဖစ္ေနတယ္။ ကၽြန္ေတာ္သူ႔မိသားစုကို (၂၈)ရက္ေန႔က သြားေတြ႕ခဲ့တာ။ ေပ်ာက္တဲ့ေနရာက ဟိုပုံုးၿမိဳ႕နယ္အတြင္းျဖစ္ေနေတာ့ ဟိုပံုးရဲကင္းနဲ႔ခ်ိတ္ၿပီး လူေပ်ာက္တုိင္ အမႈဖြင့္ထားခဲ့တယ္။ အဲဒီေတာ့ (၃၀) ရက္ေန႔ေလာက္ကျဖစ္မယ္ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႔နဲ႔ ရပ္ေစာက္၊ ဟိုပံုး ရဲတပ္ဖြဲ႔တို႔ ေပါင္းၿပီးရွာၾကတယ္။ ပအိုဝ့္ျပည္သူ႔စစ္ေတြ ဘာေတြေရာေပါင္းၿပီးေတာ့ လာၾကတယ္။ အင္အားေတာ့ ကြၽန္ေတာ္မေျပာတတ္ဘူး။ လက္ရိွမွာေတာ့ အရင္ကလို အင္တုိက္အားတိုက္ရွာတာ မဟုတ္ေပမဲ့ ရဲလုပ္ငန္းစဥ္နဲ႔ေတာ့ ဆက္ရွာေနတယ္”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ဇန္န၀ါရီလ(၃)ရက္ေန႔တြင္ တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမမဲေက်းရြာမွ ဦးစံခမ္းႏွင့္ ေဒၚခမ္းဆင္တို႔က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂) ရက္ေန႔တြင္ အသက္(၆)ႏွစ္အရြယ္ႏွင့္ အသက္ (၂)ႏွစ္အရြယ္သားႏွစ္ဦးတို႔ႏွင့္အတူ ေျပာင္းခင္းတြင္ အလုပ္လုပ္ေနၾကစဥ္ အသက္(၂)ႏွစ္အရြယ္သားငယ္မွာ ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ၿပီး လူအင္အားသံုး ရွာေဖြခဲ့ေသာ္လည္း ေတြ႔ရိွရျခင္းမရိွသျဖင့္ ကေလးအား တစ္စံုတစ္ေယာက္က ေခၚေဆာင္သြားသည္ဟု ယူဆထားၾကသည္။

 “ျဖစ္ႏိုင္ေခ်ရိွတာက အဲဒီဖက္မွာက သူတို႔ယာခင္းေဘးကေန မၾကာခနျဖတ္ျဖတ္သြားတဲ့ အျခားရွမ္း အဖြဲ႕အစည္းေတြလည္း ရိွတယ္။ ပအိုဝ့္အဖြဲ႕အစည္းေတြ၊ လက္နက္ကိုင္အဖြဲ႕အစည္းေတြက ဒီလိုမ်ား ေကာက္သြားေလသလားေပါ့။ တစ္ေယာက္ေယာက္က ကေလးအသက္မေသႏိုင္ေသးဘူးလို႔ေတာ့ ေျပာလို႔ရတာေပါ့။ ေလာေလာဆယ္ေတာ့ ျပန္မေတြ႕ေသးဘူး။ တစ္စံုတစ္ေယာက္က ေကာက္သြားတယ္ လို႔ေတာ့ ေလာေလာဆယ္ဒီလိုေတာ့ မွန္းထားတယ္”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

ကေလး(၂)ဦးမွာ ေတာင္ယာတဲတြင္ ရိွေနခဲ့ၾကၿပီး ေန႔လယ္ (၂)နာရီေက်ာ္အထိ ကေလး(၂)ဦးလံုး၏ အသံကို ၾကားေနရကာ ညေန (၃)နာရီေက်ာ္တြင္ ေျပာင္းသိမ္းၿပီးယာတဲ့သို႔ျပန္လာစဥ္ တဲေပၚတြင္ အိပ္ေပ်ာ္ေနသည့္ သားအႀကီးကိုသာေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးေပ်ာက္ဆံုးသျဖင့္ ေဒသခံမ်ားက အနီးနားဝန္းက်င္ ခ်ံဳထူထပ္ေသာေနရာ၊ ရႊံ႕ႏြံေျမာင္းမ်ား၊ ပတ္ဝန္းက်င္ေျပာင္းခင္းမ်ားတြင္ ရွာေဖြခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ယာခင္းမွာ ေျမမဲရြာႏွင့္ (၃)မိုင္ခန္႔အကြာတြင္ရိွၿပီး ကေလးေပ်ာက္ဆံုးသည့္ေန႔က ပတ္ဝန္းက်င္ေျပာင္းခင္းမ်ားတြင္လည္း ေျပာင္းခ်ိဳးသူမ်ားရိွေနၾကေၾကာင္း သိရသည္။

သတင္း  - ဟန္စိုးထုိက္
ဓါတ္ပံု -  knnk



~~~~~~~~⊰❂Unicode Version ~~~~~~~~


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ မြေမဲကျေးရွာတွင် မိဘများ ပြောင်းခင်း၌ ပြောင်းချိုးနေစဉ် (၂)နှစ်သားအရွယ်ကလေး ပျောက်ဆုံးသွားသည့် (၁၃)ရက်မြောက်နေ့အထိ ကလေးအား တွေ့ရှိခြင်းမရှိသေးဘဲ ရဲလုပ်ငန်းစဉ်ဖြင့် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတဲ့ အချိန်တုန်းက ဒေသခံတွေက လူအင်အားနဲ့ အင်တိုက်အားတိုက် ရှာဖွေခဲ့ပြီးပြီ။ နေရာကလည်း မကျန်သလောက်ဖြစ်နေတယ်။ ကျွန်တော်သူ့မိသားစုကို (၂၈)ရက်နေ့က သွားတွေ့ခဲ့တာ။ ပျောက်တဲ့နေရာက ဟိုပုံးမြို့နယ်အတွင်းဖြစ်နေတော့ ဟိုပုံးရဲကင်းနဲ့ချိတ်ပြီး လူပျောက်တိုင် အမှုဖွင့်ထားခဲ့တယ်။ အဲဒီတော့ (၃၀) ရက်နေ့လောက်ကဖြစ်မယ် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့နဲ့ ရပ်စောက်၊ ဟိုပုံး ရဲတပ်ဖွဲ့တို့ ပေါင်းပြီးရှာကြတယ်။ ပအိုဝ့်ပြည်သူ့စစ်တွေ ဘာတွေရောပေါင်းပြီးတော့ လာကြတယ်။ အင်အားတော့ ကျွန်တော်မပြောတတ်ဘူး။ လက်ရှိမှာတော့ အရင်ကလို အင်တိုက်အားတိုက်ရှာတာ မဟုတ်ပေမဲ့ ရဲလုပ်ငန်းစဉ်နဲ့တော့ ဆက်ရှာနေတယ်”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ဇန်နဝါရီလ(၃)ရက်နေ့တွင် တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မြေမဲကျေးရွာမှ ဦးစံခမ်းနှင့် ဒေါ်ခမ်းဆင်တို့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အသက်(၆)နှစ်အရွယ်နှင့် အသက် (၂)နှစ်အရွယ်သားနှစ်ဦးတို့နှင့်အတူ ပြောင်းခင်းတွင် အလုပ်လုပ်နကြေစဉ် အသက်(၂)နှစ်အရွယ်သားငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး လူအင်အားသုံး ရှာဖွေခဲ့သော်လည်း တွေ့ရှိရခြင်းမရှိသဖြင့် ကလေးအား တစ်စုံတစ်ယောက်က ခေါ်ဆောင်သွားသည်ဟု ယူဆထားကြသည်။

 “ဖြစ်နိုင်ချေရှိတာက အဲဒီဖက်မှာက သူတို့ယာခင်းဘေးကနေ မကြာခနဖြတ်ဖြတ်သွားတဲ့ အခြားရှမ်း အဖွဲ့အစည်းတွေလည်း ရှိတယ်။ ပအိုဝ့်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလိုများ ကောက်သွားလေသလားပေါ့။ တစ်ယောက်ယောက်က ကလေးအသက်မသေနိုင်သေးဘူးလို့တော့ ပြောလို့ရတာပေါ့။ လောလောဆယ်တော့ ပြန်မတွေ့သေးဘူး။ တစ်စုံတစ်ယောက်က ကောက်သွားတယ် လို့တော့ လောလောဆယ်ဒီလိုတော့ မှန်းထားတယ်”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

ကလေး(၂)ဦးမှာ တောင်ယာတဲတွင် ရှိနေခဲ့ကြပြီး နေ့လယ် (၂)နာရီကျော်အထိ ကလေး(၂)ဦးလုံး၏ အသံကို ကြားနေရကာ ညနေ (၃)နာရီကျော်တွင် ပြောင်းသိမ်းပြီးယာတဲ့သို့ပြန်လာစဉ် တဲပေါ်တွင် အိပ်ပျော်နေသည့် သားအကြီးကိုသာတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကလေးပျောက်ဆုံးသဖြင့် ဒေသခံများက အနီးနားဝန်းကျင် ချုံထူထပ်သောနေရာ၊ ရွှံ့နွံမြောင်းများ၊ ပတ်ဝန်းကျင်ပြောင်းခင်းများတွင် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ယာခင်းမှာ မြေမဲရွာနှင့် (၃)မိုင်ခန့်အကွာတွင်ရှိပြီး ကလေးပျောက်ဆုံးသည့်နေ့က ပတ်ဝန်းကျင်ပြောင်းခင်းများတွင်လည်း ပြောင်းချိုးသူများရှိနကြေကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - knnk

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~