ရပ္ေစာက္ၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္မ်ားအတြက္ ေက်းရြာသစ္ေပးရန္စီစဥ္ေနစဥ္ အိမ္ေျခသစ္မ်ား တိုးလာ

ရပ္ေစာက္ၿမိဳ႕နယ္အတြင္း စစ္ေဘးေရွာင္မ်ားအတြက္ ေက်းရြာသစ္ေပးရန္စီစဥ္ေနစဥ္ အိမ္ေျခသစ္မ်ား တိုးလာ
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ မားသဲေက်းရြာအုပ္စု၊ ေညာင္က်ိဳးေက်းရြာအနီးရိွ သစ္ေတာေျမတြင္ ေနထုိင္ေနၾကသည့္ မိုင္းရႈးၿမိဳ႕နယ္အတြင္းမွ  စစ္ေဘးေရွာင္မ်ားအတြက္ ေက်းရြာ ေဖၚထုတ္ေပးရန္ လုပ္ေဆာင္ေနစဥ္ အိမ္ေျခသစ္မ်ား ထပ္တိုးလာေန၍ စိစစ္ေနရေၾကာင္း သိရသည္။

အဆိုပါ သစ္ေတာေျမအတြင္း ၂၀၁၇ ခုႏွစ္ကတည္းက စစ္ေဘးေရွာင္လာသူမ်ားက ေနရပ္မျပန္ေတာ့ဘဲ အေျခခ် ေနထုိင္ေနၾကသျဖင့္ ေက်းရြာသစ္တည္ေပးရန္ စီစဥ္ေနသည့္ ကာလအတြင္း အိမ္အသစ္လာေရာက္ တည္ေဆာက္သူမ်ား ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေရႊေျပာင္းလာတဲ့ေဒသကေနၿပီးေတာ့ ဆက္စပ္ၿပီးေတာ့ ေရာက္လာတာလည္း ရိွတယ္။ ကၽြန္ေတာ္တို႔ကေတာ့ သူတို႔ကို အမွန္တကယ္ စစ္ေဘးေရွာင္လာတဲ့သူေတြပဲ လုပ္ပါ။ ကၽြန္ေတာ္တို႔လည္း ဒီဘက္မွာ စီစဥ္ေဆာင္ရြက္ေပးရမယ့္ ဟာေတြလည္း အႀကီးႀကီးက်န္ေနတဲ့အတြက္ မလိုအပ္ဘဲနဲ႔ အျခားလူဦးေရ တိုးပြားတဲ့ ကိစၥေတြေတာ့ မျဖစ္ေစခ်င္ဘူးလို႔ ရြာကိုဦးေဆာင္ေနတဲ့ ဆရာေတာ္ကို ေလွ်ာက္ထားတာေတာ့ ရိွတာေပါ့”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စစ္ေဘးေရွာင္ေက်းရြာသို႔ စတင္သြားေရာက္မည့္ အခ်ိန္က အိမ္ေျခ (၄၂)လံုးသာ စာရင္းရိွခဲ့ေသာ္လည္း  ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ (၂၄) ရက္ေန႔က ကြင္းဆင္းရာတြင္ အိမ္ေျခ (၄၆) အိမ္ေတြ႕ရိွခဲ့ရၿပီး ေဆာက္လုပ္ေနဆဲႏွင့္ ၀ါးတိုင္မ်ားေထာင္ကာ ေဆာက္လုပ္ရန္ ျပင္ဆင္ထားသည့္ အိမ္မ်ားကို ေတြ႕ရိွခဲ့ရသည့္ အတြက္ ထပ္မံတိုးပြားလာဖြယ္ရိွေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားေနထုိင္ရာ ဧရိယာကို သစ္ေတာေျမအျဖစ္မွ ပယ္ဖ်က္ေပးရန္ မျဖစ္ႏိုင္သျဖင့္ တပ္မေတာ္မွ စြန္႔လႊတ္မည့္ ကန္တိုပင္(တပ္မေတာ္စည္ပင္သာယာနယ္ေျမ)ဧရိယာမွ ဧက (၁၀၀) တြင္ ေက်းရြာသစ္တည္ေဆာက္ေပးရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သက္ဆုိင္ရာဌာနမ်ားက ကြင္းဆင္း စစ္ေဆးၿပီး ျပည္နယ္အစိုးရထံ တင္ျပထားျခင္းျဖစ္သည္။

"ေရွ႕တစ္ပတ္ထဲ ဆင္းမယ္လို႔ ေျပာတယ္။ အေသးစိတ္ျပန္ၿပီးေတာ့ ကြင္းဆင္းဦးမယ္လို႔ သိရတယ္။ စြန္႔လႊတ္မယ့္ ေျမကို အျမန္ဆံုး အမႈတြဲတင္ေပးရမွာေပါ့ေနာ္။ စြန္႔လႊတ္ထားျခင္း မရိွေသးဘူး။ စြန္႔လႊတ္ဖို႔ လ်ာထားခ်က္ပဲ ရိွေသးတာ။ စြန္႔လႊတ္ပါၿပီလို႔ ျပည္ေထာင္စုကျပန္က်၊ လူကယ္ျပန္(လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး) ကေနၿပီးေတာ့ ဒီရြာအတြက္ ရြာေျမအသံုးျပဳပါဆိုၿပီး ေလွ်ာက္ထားရယူရမွာ။ ႏွစ္ဆင့္သြားရမွာေပါ့”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေက်းရြာေျမေနရာေလွ်ာက္ထားသည့္အေျခအေနအား ေျပာသည္။

လက္ရိွေရြးခ်ယ္ထားသည့္ ေနရာမွာ ေညာင္က်ိဳးသြားသည့္ ကားလမ္းမေဘးတြင္တည္ရိွသျဖင့္ ေက်းရြာအတြက္ သီးျခား လမ္းမေဖာက္လုပ္ရန္ မလိုအပ္သလို ေညာင္က်ိဳးတြင္ တည္ေဆာက္ထားသည့္ ေရေလွာင္ကန္ႏွင့္လည္း တစ္မိုင္ခန္႔သာေ၀းကြာသျဖင့္ ေသာက္သံုးေရအတြက္လည္း အဆင္ေျပေၾကာင္း သိရသည္။

ေက်းရြာသစ္ေျပာင္းေရႊ႕ရန္အတြက္ ေျမေနရာရရိွလာပါက အိမ္ေျပာင္းေရႊ႕ရန္ အိမ္ႀကီး၊ အိမ္ေသးမခြဲျခားဘဲ တစ္အိမ္လွ်င္ ေငြက်ပ္(၂) သိန္းေထာက္ပံေပးမည္ျဖစ္ၿပီး ေက်းရြာအမည္ေပါက္ ရရိွသြားပါက အျခားဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားကိုလည္း ဆက္လက္လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - Khaing Nyi Nyi Kyaw



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ ညောင်ကျိုးကျေးရွာအနီးရှိ သစ်တောမြေတွင် နေထိုင်နကြေသည့် မိုင်းရှုးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက် ကျေးရွာ ဖော်ထုတ်ပေးရန် လုပ်ဆောင်နေစဉ် အိမ်ခြေသစ်များ ထပ်တိုးလာနေ၍ စိစစ်နေရကြောင်း သိရသည်။

အဆိုပါ သစ်တောမြေအတွင်း ၂၀၁၇ ခုနှစ်ကတည်းက စစ်ဘေးရှောင်လာသူများက နေရပ်မပြန်တော့ဘဲ အခြေချ နေထိုင်နကြေသဖြင့် ကျေးရွာသစ်တည်ပေးရန် စီစဉ်နေသည့် ကာလအတွင်း အိမ်အသစ်လာရောက် တည်ဆောက်သူများ ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

“သူတို့ရွှေပြောင်းလာတဲ့ဒေသကနပြေီးတော့ ဆက်စပ်ပြီးတော့ ရောက်လာတာလည်း ရှိတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို အမှန်တကယ် စစ်ဘေးရှောင်လာတဲ့သူတွေပဲ လုပ်ပါ။ ကျွန်တော်တို့လည်း ဒီဘက်မှာ စီစဉ်ဆောင်ရွက်ပေးရမယ့် ဟာတွေလည်း အကြီးကြီးကျန်နေတဲ့အတွက် မလိုအပ်ဘဲနဲ့ အခြားလူဦးရေ တိုးပွားတဲ့ ကိစ္စတွေတော့ မဖြစ်စေချင်ဘူးလို့ ရွာကိုဦးဆောင်နေတဲ့ ဆရာတော်ကို လျှောက်ထားတာတော့ ရှိတာပေါ့”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဘေးရှောင်ကျေးရွာသို့ စတင်သွားရောက်မည့် အချိန်က အိမ်ခြေ (၄၂)လုံးသာ စာရင်းရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၂၄) ရက်နေ့က ကွင်းဆင်းရာတွင် အိမ်ခြေ (၄၆) အိမ်တွေ့ရှိခဲ့ရပြီး ဆောက်လုပ်နေဆဲနှင့် ဝါးတိုင်များထောင်ကာ ဆောက်လုပ်ရန် ပြင်ဆင်ထားသည့် အိမ်များကို တွေ့ရှိခဲ့ရသည့် အတွက် ထပ်မံတိုးပွားလာဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များနေထိုင်ရာ ဧရိယာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် မဖြစ်နိုင်သဖြင့် တပ်မတော်မှ စွန့်လွှတ်မည့် ကန်တိုပင်(တပ်မတော်စည်ပင်သာယာနယ်မြေ)ဧရိယာမှ ဧက (၁၀၀) တွင် ကျေးရွာသစ်တည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများက ကွင်းဆင်း စစ်ဆေးပြီး ပြည်နယ်အစိုးရထံ တင်ပြထားခြင်းဖြစ်သည်။

"ရှေ့တစ်ပတ်ထဲ ဆင်းမယ်လို့ ပြောတယ်။ အသေးစိတ်ပြန်ပြီးတော့ ကွင်းဆင်းဦးမယ်လို့ သိရတယ်။ စွန့်လွှတ်မယ့် မြေကို အမြန်ဆုံး အမှုတွဲတင်ပေးရမှာပေါ့နော်။ စွန့်လွှတ်ထားခြင်း မရှိသေးဘူး။ စွန့်လွှတ်ဖို့ လျာထားချက်ပဲ ရှိသေးတာ။ စွန့်လွှတ်ပါပြီလို့ ပြည်ထောင်စုကပြန်ကျ၊ လူကယ်ပြန်(လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး) ကနပြေီးတော့ ဒီရွာအတွက် ရွာမြေအသုံးပြုပါဆိုပြီး လျှောက်ထားရယူရမှာ။ နှစ်ဆင့်သွားရမှာပေါ့”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ကျေးရွာမြေနေရာလျှောက်ထားသည့်အခြေအနေအား ပြောသည်။

လက်ရှိရွေးချယ်ထားသည့် နေရာမှာ ညောင်ကျိုးသွားသည့် ကားလမ်းမဘေးတွင်တည်ရှိသဖြင့် ကျေးရွာအတွက် သီးခြား လမ်းမဖောက်လုပ်ရန် မလိုအပ်သလို ညောင်ကျိုးတွင် တည်ဆောက်ထားသည့် ရေလှောင်ကန်နှင့်လည်း တစ်မိုင်ခန့်သောဝးကွာသဖြင့် သောက်သုံးရေအတွက်လည်း အဆင်ပြေကြောင်း သိရသည်။

ကျေးရွာသစ်ပြောင်းရွှေ့ရန်အတွက် မြေနေရာရရှိလာပါက အိမ်ပြောင်းရွှေ့ရန် အိမ်ကြီး၊ အိမ်သေးမခွဲခြားဘဲ တစ်အိမ်လျှင် ငွေကျပ်(၂) သိန်းထောက်ပံပေးမည်ဖြစ်ပြီး ကျေးရွာအမည်ပေါက် ရရှိသွားပါက အခြားဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Khaing Nyi Nyi Kyaw

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~