ရပ္ေစာက္ၿမိဳ႕နယ္ ေတာင္ၿပိဳေက်းရြာ မူလတန္းေက်ာင္းမ်ားတြင္ ပင္းတယလူငယ္မ်ား စုေပါင္းလွဴဒါန္းမႈသို႔ ပူးေပါင္း ပါဝင္ႏုိင္

ရပ္ေစာက္ၿမိဳ႕နယ္ ေတာင္ၿပိဳေက်းရြာ မူလတန္းေက်ာင္းမ်ားတြင္ ပင္းတယလူငယ္မ်ား စုေပါင္းလွဴဒါန္းမႈသို႔ ပူးေပါင္း ပါဝင္ႏုိင္
ဇန်နဝါရီ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္‌ေစာက္ၿမိဳ႕နယ္၊ အလယ္ေခ်ာင္ေက်းရြာအုပ္စု၊ ေတာင္ၿပိဳေက်းရြာရိွ အေျခခံပညာ မူလတန္းေက်ာင္း (၂)ေက်ာင္းတြင္ လိုအပ္သည့္ ပစၥည္းမ်ား လွဴဒါန္းရန္ စီစဥ္ေနသည့္ ပင္းတယမွ လူငယ္မ်ားႏွင့္အတူ ပူးေပါင္းပါဝင္ ပံ့ပိုးလိုသူမ်ား ဆက္သြယ္ ပါဝင္ႏုိင္ေၾကာင္း သိရသည္။

"ေတာင္ၿပိဳရြာက ေက်ာင္းႏွစ္ေက်ာင္းမွာ အလံတုိင္လုပ္ေပးမယ္။ အမိႈက္ပံုးေတြယူသြားမယ္။ အမိႈက္ေကာက္တဲ့ လိုအပ္တဲ့ ပစၥည္းေတြပါမယ္။ အဟာရေကၽြးတာနဲ႔ တစ္ျခားကေတာ့ ပါဝင္ လွဴဒါန္းခ်င္သူေတြရိွရင္ ေက်ာင္းသံုးပစၥည္းေတြ ပံ့ပိုးေပးမွာပါ။ ရက္ကေတာ့ ညိႇႏိႈင္းေနတုန္းပါပဲ။ ကၽြန္ေတာ္တုိ႔လည္း ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ပဲဆိုေတာ့ သိပ္အမ်ားႀကီးေတာ့ မလုပ္ထားႏုိင္ေသးဘူး”ဟု ကိုယ္ထူကိုယ္ထ လွဴဒါန္းရန္စီစဥ္ေနသည့္လူငယ္အဖြဲ႕မွ စိုင္းလူေခးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းပန္းဆက္သြယ္ေရး ခက္ခဲသည့္ ေတာင္ၿပိဳေက်းရြာရိွ အေျခခံမူလတန္းေက်ာင္း (၂)ေက်ာင္းတြင္ စုစုေပါင္း ေက်ာင္းသား၊ ေက်ာင္းသူ (၅၀)ဦးခန္႔ရိွေနၿပီး ေက်ာင္းတစ္ေက်ာင္းမွာ ပညာေရးဝန္ႀကီးဌာနက တည္ေဆာက္ေပးထားသည့္ ေက်ာင္းအေဆာက္အဦ ရိွေသာ္လည္း ေက်ာင္းတစ္ေက်ာင္းမွာ အေဆာက္အဦ မရေသးေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္း(၂)ေက်ာင္းတြင္ လိုအပ္သည့္ ေက်ာင္းသံုးပစၥည္းမ်ား၊ အမိႈက္ပံုးႏွင့္ အလံတုိင္မ်ား တည္ေဆာက္ေပးေရးအတြက္ ပင္းတယလူငယ္မ်ားက စီစဥ္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေတာင္ၿပိဳေက်းရြာက အလယ္ေခ်ာင္ေက်းရြာက ေက်ာင္းေလးက ပေလာင္ေတာင္နားက ရြာေလးပါ။ အဲဒီရြာမွာက ဘာျဖစ္လဲဆိုေတာ့ ေတာင္ၿပိဳေတာင္ရြာနဲ႔ ေျမာက္ရြာဆိုၿပီး ႏွစ္ျခမ္းကြဲေနတယ္။ ဒီဘက္ ေျမာက္ရြာကလည္း ဟိုဘက္ ေတာင္ရြာမွာ သြားမထားဘူး။ ဟိုဘက္ကလည္း ဒီဘက္လာမထားဘူး။ အဲဒီလိုမ်ိဳးေတြ ျဖစ္ေနတယ္။ ျပည္ထဲေရးမွာ အမည္ေပါက္တာကေတာ့ ေတာင္ၿပိဳတစ္ရြာထဲပဲ အမည္ေပါက္တယ္။ ေတာင္ရြာဘက္မွာ ၂၀၁၅ - ၂၀၁၆ ဘ႑ာေရးႏွစ္မွာ ေပ (၆၀)၊ (၃၀) ေက်ာင္းေဆာင္ တစ္ေဆာင္ကို ေတာင္ၿပိဳရြာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ေဆာက္ထားေပးခဲ့ပါတယ္။ တစ္ရြာထဲမွာ တစ္ႏွစ္ထဲ (၂)ေက်ာင္း တစ္ၿပိဳင္တည္းခ်ေပးဖို႔ေတာ့ ခက္ခဲတယ္။ ေအာက္မွာေတာ့ ႏွစ္ေက်ာင္းကြဲေနတာမ်ိဳးေတာ့ ကၽြန္ေတာ္တို႔လည္း လုပ္ရကိုင္ရနည္းနည္းေတာ့ ခက္ခဲတာေပါ့။ ဒီဘက္ေတာင္ရြာကလည္း ရပ္မိရပ္ဖေတြနဲ႔ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ တစ္ေက်ာင္းတည္ေဆာက္မယ္ဆိုတာ လုပ္ထားတာေတာ့ရိွတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ အဲဒီေက်ာင္းေလးေတြလည္း ဘယ္လုိပဲျဖစ္ျဖစ္ ကေလးေတြ ပညာသင္ေနရတာပဲဆိုေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ ေက်ာင္းေတြ လ်ာထားရင္း အလွည့္က် ထည့္ေပးသြားရမွာပဲ။ ႏွစ္ေက်ာင္းပဲ ကြဲကြဲ၊ သံုးေက်ာင္းပဲ ကြဲကြဲေပါ့။ ဒီလို မလုပ္ေဆာင္ႏိုင္ေသးခင္မွာ အလွဴရွင္တုိ႔၊ ပရဟိတအဖြဲ႕ေတြကတို႔ လာၿပီးေထာက္ပံ့ေပးတာေတာ့ သူတုိ႔ရြာအတြက္ေတာ့ အားတစ္ခုျဖစ္တာေပါ့။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ ေက်းဇူးတင္ရမွာေပါ့။ ေတာင္ၿပိဳရြာက လမ္းပန္း ဆက္သြယ္ေရးလည္း ခက္တယ္”ဟု ရပ္ေစာက္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၁၃)ရက္ေန႔တြင္ ေျပာသည္။

ေတာင္ၿပိဳေက်းရြာရိွ မူလတန္း(၂)ေက်ာင္းသို႔ ေက်ာင္းသံုးပစၥည္းမ်ားႏွင့္ အျခားလွဴဒါန္းလိုသူမ်ားအေနျဖင့္ စိုင္းလူေခး ဖုန္း ၀၉ ၄၀၀၆၇၅၀၀၁ သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းလူေခး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်‌စောက်မြို့နယ်၊ အလယ်ချောင်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း (၂)ကျောင်းတွင် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းရန် စီစဉ်နေသည့် ပင်းတယမှ လူငယ်များနှင့်အတူ ပူးပေါင်းပါဝင် ပံ့ပိုးလိုသူများ ဆက်သွယ် ပါဝင်နိုင်ကြောင်း သိရသည်။

"တောင်ပြိုရွာက ကျောင်းနှစ်ကျောင်းမှာ အလံတိုင်လုပ်ပေးမယ်။ အမှိုက်ပုံးတွေယူသွားမယ်။ အမှိုက်ကောက်တဲ့ လိုအပ်တဲ့ ပစ္စည်းတွေပါမယ်။ အဟာရကျွေးတာနဲ့ တစ်ခြားကတော့ ပါဝင် လှူဒါန်းချင်သူတွေရှိရင် ကျောင်းသုံးပစ္စည်းတွေ ပံ့ပိုးပေးမှာပါ။ ရက်ကတော့ ညှိနှိုင်းနေတုန်းပါပဲ။ ကျွန်တော်တို့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲဆိုတော့ သိပ်အများကြီးတော့ မလုပ်ထားနိုင်သေးဘူး”ဟု ကိုယ်ထူကိုယ်ထ လှူဒါန်းရန်စီစဉ်နေသည့်လူငယ်အဖွဲ့မှ စိုင်းလူခေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပြိုကျေးရွာရှိ အခြေခံမူလတန်းကျောင်း (၂)ကျောင်းတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးခန့်ရှိနပြေီး ကျောင်းတစ်ကျောင်းမှာ ပညာရေးဝန်ကြီးဌာနက တည်ဆောက်ပေးထားသည့် ကျောင်းအဆောက်အဦ ရှိသော်လည်း ကျောင်းတစ်ကျောင်းမှာ အဆောက်အဦ မရသေးကြောင်း သိရသည်။

အဆိုပါ ကျောင်း(၂)ကျောင်းတွင် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများ၊ အမှိုက်ပုံးနှင့် အလံတိုင်များ တည်ဆောက်ပေးရေးအတွက် ပင်းတယလူငယ်များက စီစဉ်နကြခြေင်းဖြစ်ကြောင်း သိရသည်။

“တောင်ပြိုကျေးရွာက အလယ်ချောင်ကျေးရွာက ကျောင်းလေးက ပလောင်တောင်နားက ရွာလေးပါ။ အဲဒီရွာမှာက ဘာဖြစ်လဲဆိုတော့ တောင်ပြိုတောင်ရွာနဲ့ မြောက်ရွာဆိုပြီး နှစ်ခြမ်းကွဲနေတယ်။ ဒီဘက် မြောက်ရွာကလည်း ဟိုဘက် တောင်ရွာမှာ သွားမထားဘူး။ ဟိုဘက်ကလည်း ဒီဘက်လာမထားဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ ပြည်ထဲရေးမှာ အမည်ပေါက်တာကတော့ တောင်ပြိုတစ်ရွာထဲပဲ အမည်ပေါက်တယ်။ တောင်ရွာဘက်မှာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ပေ (၆၀)၊ (၃၀) ကျောင်းဆောင် တစ်ဆောင်ကို တောင်ပြိုရွာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆောက်ထားပေးခဲ့ပါတယ်။ တစ်ရွာထဲမှာ တစ်နှစ်ထဲ (၂)ကျောင်း တစ်ပြိုင်တည်းချပေးဖို့တော့ ခက်ခဲတယ်။ အောက်မှာတော့ နှစ်ကျောင်းကွဲနေတာမျိုးတော့ ကျွန်တော်တို့လည်း လုပ်ရကိုင်ရနည်းနည်းတော့ ခက်ခဲတာပေါ့။ ဒီဘက်တောင်ရွာကလည်း ရပ်မိရပ်ဖတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တစ်ကျောင်းတည်ဆောက်မယ်ဆိုတာ လုပ်ထားတာတော့ရှိတယ်။ ကျွန်တော်တို့ကတော့ အဲဒီကျောင်းလေးတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ ပညာသင်နေရတာပဲဆိုတော့ တစ်နှစ်ထက်တစ်နှစ် ကျောင်းတွေ လျာထားရင်း အလှည့်ကျ ထည့်ပေးသွားရမှာပဲ။ နှစ်ကျောင်းပဲ ကွဲကွဲ၊ သုံးကျောင်းပဲ ကွဲကွဲပေါ့။ ဒီလို မလုပ်ဆောင်နိုင်သေးခင်မှာ အလှူရှင်တို့၊ ပရဟိတအဖွဲ့တွေကတို့ လာပြီးထောက်ပံ့ပေးတာတော့ သူတို့ရွာအတွက်တော့ အားတစ်ခုဖြစ်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ ကျေးဇူးတင်ရမှာပေါ့။ တောင်ပြိုရွာက လမ်းပန်း ဆက်သွယ်ရေးလည်း ခက်တယ်”ဟု ရပ်စောက်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

တောင်ပြိုကျေးရွာရှိ မူလတန်း(၂)ကျောင်းသို့ ကျောင်းသုံးပစ္စည်းများနှင့် အခြားလှူဒါန်းလိုသူများအနဖြေင့် စိုင်းလူခေး ဖုန်း ဝ၉ ၄၀၀၆၇၅၀၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းလူခေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~