ကုန်သွယ်ရေး ညွှန်ချုပ် ဦးရန်နိုင်ထွန်းအား ရာထူးမှ ထုတ်ပယ်

ကုန်သွယ်ရေး ညွှန်ချုပ် ဦးရန်နိုင်ထွန်းအား ရာထူးမှ ထုတ်ပယ်
ဇနျနဝါရီ 15, 2019
By Tachileik News Agency



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခြင်း ခံရသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆ တို့ပါ ပြဋ္ဌာန်းချက်များအရ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~