တာခ်ီလိတ္ ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမယာေလ်ာ္ေၾကးေပးရန္ ေဒသခံမ်ားႏွင့္ ေတြ႔ဆံုညိႇႏိႈင္း

တာခ်ီလိတ္ ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမယာေလ်ာ္ေၾကးေပးရန္ ေဒသခံမ်ားႏွင့္ ေတြ႔ဆံုညိႇႏိႈင္း
ဇန်နဝါရီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဖာက္လုပ္မည့္ ၿမိဳ႕ေရွာင္လမ္းဧရိယာ၌ ပါဝင္မည့္ ေျမေနရာမ်ား၏ ေျမယာေလ်ာ္ေၾကးအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီး၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ ေဒသခံမ်ား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔ ေန႔လယ္(၁) နာရီက ေတြ႔ဆံုညိႇႏိႈင္းၾကသည္။

ရန္ေအာင္ေျမရပ္ကြက္ရံုးခန္းမ၌ က်င္းပသည့္ အဆိုပါ ေတြ႔ဆံု ညိႇႏိႈင္းပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၊ လမ္းဦးစီးဌာန ၿမိဳ႕နယ္ဦးစီးအရာရိွ (ၿမိဳ႕ျပ) ဦးျမင့္ေဇာ္၊ ေျမစာရင္းဦးစီးဌာန ၿမိဳ႕နယ္ဒုဦးစီးမွဴး ဦးက်င့္လမ္းထန္၊ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္း၊ ရန္ေအာင္ေျမရပ္ကြက္အတြင္းမွ လ်ာထားလမ္းဧရိယာတြင္ ပါဝင္သည့္ အိမ္ပိုင္ရွင္ (၁၆)ဦးႏွင့္ ေျမယာပိုင္ရွင္မ်ား စုစုေပါင္း လူဦးေရ (၇၂)ဦး တက္ေရာက္ၾကသည္။

အဆိုပါ ေတြ႔ဆံုေဆြးေႏြးပြဲ၌ လမ္းဧရိယာတြင္ ပါဝင္မည့္ ေျမယာမ်ားအတြက္ ေျမယာေလ်ာ္ေၾကး သတ္မွတ္ခ်က္၊ အေဆာက္အဦ ေလ်ာ္ေၾကးသတ္မွတ္ခ်က္၊ ျပန္လည္ေနရာခ်ထားေပးေရး အစီအစဥ္ႏွင့္ ၿမိဳ႕ေရွာင္လမ္း အတြက္ ဘတ္ဂ်က္ခ်ထားသည့္ အေျခအေနမ်ားကို ျပည္နယ္ဝန္ႀကီး၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ သက္ဆုိင္ရာဌာနမ်ားက ရွင္းလင္းၿပီး ေဒသခံမ်ား၏ သေဘာထားရယူၾကသည္။

ေဒသခံမ်ားက ေျမယာေလ်ာ္ေၾကးအား ကာလေပါက္ေစ်းႏွင့္အညီ ေပးရန္၊ ေနရာျပန္လည္ခ်ထားရာတြင္ အဆင္ေျပမည့္ေနရာအား ျပန္လည္ေပးရန္၊ လမ္းဧရိယာသတ္မွတ္ခ်က္ ေပ(၁၀၀)အစား (၈၀)သို႔ ေလွ်ာ့ခ် သတ္မွတ္ေပးႏုိင္ျခင္း ရိွ၊မရိွ၊ လမ္းနယ္မွ က်န္ရိွသည့္ေျမတို႔အား ဂရန္ခ်ထားေပးမည့္ အေျခအေနတုိ႔ကို ေမးျမန္းၾကသည္။

ယင္းေနာက္ လက္ရိွသတ္မွတ္ႏႈန္းထားအတုိင္း ေဒသခံမ်ားအေနျဖင့္ လက္ခံႏိုင္မႈရိွ၊ မရိွကို သေဘာထား ဆႏၵအတုိင္း လက္မွတ္ေရးထိုး ဆႏၵျပဳျခင္းကို လုပ္ေဆာင္ၾကသည္။

ယခုေတြ႔ဆံု ေဆြးေႏြးပြဲမွ ရရိွသည့္ လူထုသေဘာထားကို ျပည္နယ္အစိုးရထံ ဆက္လက္ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖောက်လုပ်မည့် မြို့ရှောင်လမ်းဧရိယာ၌ ပါဝင်မည့် မြေနေရာများ၏ မြေယာလျော်ကြေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ဒေသခံများ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့ နေ့လယ်(၁) နာရီက တွေ့ဆုံညှိနှိုင်းကြသည်။

ရန်အောင်မြေရပ်ကွက်ရုံးခန်းမ၌ ကျင်းပသည့် အဆိုပါ တွေ့ဆုံ ညှိနှိုင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်ဇော်၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဒုဦးစီးမှူး ဦးကျင့်လမ်းထန်၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ ရန်အောင်မြေရပ်ကွက်အတွင်းမှ လျာထားလမ်းဧရိယာတွင် ပါဝင်သည့် အိမ်ပိုင်ရှင် (၁၆)ဦးနှင့် မြေယာပိုင်ရှင်များ စုစုပေါင်း လူဦးရေ (၇၂)ဦး တက်ရောက်ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ လမ်းဧရိယာတွင် ပါဝင်မည့် မြေယာများအတွက် မြေယာလျော်ကြေး သတ်မှတ်ချက်၊ အဆောက်အဦ လျော်ကြေးသတ်မှတ်ချက်၊ ပြန်လည်နေရာချထားပေးရေး အစီအစဉ်နှင့် မြို့ရှောင်လမ်း အတွက် ဘတ်ဂျက်ချထားသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများက ရှင်းလင်းပြီး ဒေသခံများ၏ သဘောထားရယူကြသည်။

ဒေသခံများက မြေယာလျော်ကြေးအား ကာလပေါက်ဈေးနှင့်အညီ ပေးရန်၊ နေရာပြန်လည်ချထားရာတွင် အဆင်ပြေမည့်နေရာအား ပြန်လည်ပေးရန်၊ လမ်းဧရိယာသတ်မှတ်ချက် ပေ(၁၀၀)အစား (၈၀)သို့ လျှော့ချ သတ်မှတ်ပေးနိုင်ခြင်း ရှိ၊မရှိ၊ လမ်းနယ်မှ ကျန်ရှိသည့်မြေတို့အား ဂရန်ချထားပေးမည့် အခြေအနေတို့ကို မေးမြန်းကြသည်။

ယင်းနောက် လက်ရှိသတ်မှတ်နှုန်းထားအတိုင်း ဒေသခံများအနဖြေင့် လက်ခံနိုင်မှုရှိ၊ မရှိကို သဘောထား ဆန္ဒအတိုင်း လက်မှတ်ရေးထိုး ဆန္ဒပြုခြင်းကို လုပ်ဆောင်ကြသည်။

ယခုတွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိသည့် လူထုသဘောထားကို ပြည်နယ်အစိုးရထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~