မိုင္းျဖတ္တြင္ စိတ္ၾကြေဆးျပား (၆၅၀၀)သယ္လာသည့္ အမ်ိဳးသား (၂)ဦးကို ဖမ္းဆီးရမိ

မိုင္းျဖတ္တြင္ စိတ္ၾကြေဆးျပား (၆၅၀၀)သယ္လာသည့္ အမ်ိဳးသား (၂)ဦးကို ဖမ္းဆီးရမိ
ဇန်နဝါရီ 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း ပထမဆံုး မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈအျဖစ္ ဇန္နဝါရီလ (၁၃)ရက္ေန႔က အမ်ိဳးသား(၂)ဦးထံက စိတ္ၾကြရူးသြပ္ေဆးျပား (၆,၅၀၀)ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆုိင္ရာရပ္/ေက်းအုပ္ခ်ဳပ္ေရးမွ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ျဖင့္ မုိင္းျဖတ္ၿမိဳ႕နယ္စက္မႈလယ္ယာရံုးဝန္းအေရွ႕ဘက္ လယ္ကြင္းစပ္၌ ဇန္နဝါရီလ (၁၃)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္က ေတြ႔ရသည့္ လူငယ္ႏွစ္ဦးကို စစ္ေဆးရာ စိုင္းဆမ္ရြတ္ဆိုသူထံမွ စိတ္ၾကြေဆးျပား (၆,၀၀၀)ျပားႏွင့္ အိုက္မြန္းထံမွ စိတ္ၾကြေဆးျပား (၅၀၀) စုစုေပါင္း စိတ္ၾကြေဆးျပား (၆,၅၀၀)ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

၎တို႔(၂)ဦးသည္ စိတ္ၾကြေဆးျပားမ်ားကို (၂၀၀)ျပားပါတစ္ထုပ္လွ်င္ က်ပ္ (၅၀,၀၀၀)ႏႈန္းျဖင့္ တစ္ဆင့္ဝယ္ယူ ေရာင္းခ်ျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

အိုက္မြန္းႏွင့္ စိုင္းဆမ္ရြက္တို႔ကို မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ဇန်နဝါရီလ (၁၃)ရက်နေ့က အမျိုးသား(၂)ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား (၆,၅၀၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှ သက်သေများ ပါဝင်သည့် အဖွဲ့ဖြင့် မိုင်းဖြတ်မြို့နယ်စက်မှုလယ်ယာရုံးဝန်းအရှေ့ဘက် လယ်ကွင်းစပ်၌ ဇန်နဝါရီလ (၁၃)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က တွေ့ရသည့် လူငယ်နှစ်ဦးကို စစ်ဆေးရာ စိုင်းဆမ်ရွတ်ဆိုသူထံမှ စိတ်ကြွဆေးပြား (၆,ဝဝဝ)ပြားနှင့် အိုက်မွန်းထံမှ စိတ်ကြွဆေးပြား (၅၀၀) စုစုပေါင်း စိတ်ကြွဆေးပြား (၆,၅၀၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းတို့(၂)ဦးသည် စိတ်ကြွဆေးပြားများကို (၂၀၀)ပြားပါတစ်ထုပ်လျှင် ကျပ် (၅၀,ဝဝဝ)နှုန်းဖြင့် တစ်ဆင့်ဝယ်ယူ ရောင်းချခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အိုက်မွန်းနှင့် စိုင်းဆမ်ရွက်တို့ကို မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~