တာချီလိတ်တွင် လိုင်စင်မဲ့ကား မောင်းလာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ

တာချီလိတ်တွင် လိုင်စင်မဲ့ကား မောင်းလာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူ
ဇနျနဝါရီ 22, 2019
By Tachileik News Agency


တာချီလိတ်တွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ စုံစမ်းမှုများ ပြုလုပ်နေစဉ် ၂၀၁၉ခုနှစ်   ဇန်န၀ါရီလ(၂၂)ရက်နေ့ ည(၉)နာရီကျော်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံမီးပွိုင့်တွင် TOYOTA Mark X အမျိုးအစားမော်တော်ယာဉ်သည် မီးနီနေစဉ် မီးပွိုင့်အား အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည့် အတွက် လိုက်လံပိတ်ဆို့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် ပြီးခဲ့သည့် ရက်က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေး အတွက် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် လိုင်စင်မဲ့ မော်တော်ယာဉ်အား မောင်းနင် လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှုမှ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ စုံစမ်းမှုများ ပြုလုပ်နေစဉ် ၂၀၁၁၉ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီကျော်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံမီးပွိုင့်တွင် TOYOTA Mark X အမျိုးအစားမော်တော်ယာဉ်သည် မီးနီနေစဉ် မီးပွိုင့်အား အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည့် အတွက် လိုက်လံပိတ်ဆို့ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လိုက်လံပိတ်ဆို့ ရပ်တန့်စစ်ဆေးရာမှ TOYOTA Mark X အမျိုးအစားမော်တော်ယာဉ်အား မောင်းလာသူမှာ အသက်(၂၉)နှစ် ဝန်းကျင်ရှိ ထိုင်းနိုင်ငံသား ထိနခွန် နိလတ ဆိုသူ အမျိုးသားတစ်ဦး ဖြစ်ပြီး၎င်းမောင်းလာသော မော်တော်ယာဉ်အား ယာဉ်မှတ်ပုံတင်ရှိ မရှိ စစ်ဆေးရာမှ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်သည့် အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၄/၂၀၁၉၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~