တာချီလိတ်တွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့စမ်းသပ်ကုသမှုအတွက် စာရင်းပေးထားသူ (၁၀၀၀) ကျော်နေပြီး စာရင်းမပေးသွင်းသူများလည်း လာရောက် ကုသမှုခံယူနိုင်
တာချီလိတ်တွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့စမ်းသပ်ကုသမှုအတွက် စာရင်းပေးထားသူ (၁၀၀၀) ကျော်နေပြီး စာရင်းမပေးသွင်းသူများလည်း လာရောက် ကုသမှုခံယူနိုင်
ဇနျနဝါရီ 25, 2019
By Tachileik News Agency
အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှုအများဆုံး ကင်ဆာစာရင်းဝင်သည့် သားအိမ်ခေါင်း ကင်ဆာကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များ ဦးဆောင်သည့် ဆရာဝန် (၁၄)ဦး ပါဝင်သည့် အဖွဲ့ဖြင့် တာချီလိတ်မြို့ ဆေးရုံဟောင်းနေရာတွင် စမ်းသပ်ကုသပေးသွားရန် စီစဉ်နေခြင်းဖြစ်သည်။
ကုသမှုခံယူလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် စာရင်းကောက်ခံခဲ့ပြီး စာရင်းပေးသွင်းထားခြင်းမရှိသူများအနေဖြင့်လည်း ကုသမည့်နေ့တွင် လာရောက်စာရင်းပေးကာ ကုသမှုခံရယူနိုင်ကြောင်းနှင့်  အဆိုပါ ကုသရေးအစီအစဉ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်ရွှေမြင့်က ဦးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နှင့် (၂၇)ရက်နေ့များ၌ သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်ကုသပေးရန် စာရင်းပေးသွင်းထားသူဦးရေမှာ ဇန်နဝါရီလ (၂၄)ရက်နေ့အထိ (၁,ဝ၇၅)ဦး ရှိပြီဖြစ်ပြီး စာရင်းပေးသွင်းထားခြင်း မရှိသေးသူများလည်း လာရောက် ကုသမှု ခံယူနိုင်ကြောင်း သိရသည်။
“လက်ရှိမှာ လူနာ(၁၄) ယောက်လောက်တစ်ပြိုင်နက်ကုလို့ရအောင် စီစဉ်ထားတယ်။ ဆရာဝန် (၁၄) ယောက်ပါလာမယ်။ မနက်( ၈) နာရီကနေ စကုမယ်။ ဆေးရုံဟောင်းထဲမှာ ဝင်လာပြီးတော့ နာမည်စာရင်းပေး၊ တိုကင်နံပတ်ပြားလေးယူပြီးတော့ စောင့်နေရုံပဲ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှုအများဆုံး ကင်ဆာစာရင်းဝင်သည့် သားအိမ်ခေါင်း ကင်ဆာကို ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များ ဦးဆောင်သည့် ဆရာဝန် (၁၄)ဦး ပါဝင်သည့် အဖွဲ့ဖြင့် တာချီလိတ်မြို့ ဆေးရုံဟောင်းနေရာတွင် စမ်းသပ်ကုသပေးသွားရန် စီစဉ်နခြေင်းဖြစ်သည်။
“ပိတ်ချိန်ကို သတ်မှတ်မထားပါဘူး။ တစ်ရက်တည်းနဲ့ ပြတ်အောင် ကုသပေးမယ်လို့ ရည်ရွယ်ထားပါတယ်။ တစ်ယောက်ကို တကယ်စမ်းသပ်ချိန်က (၃)မိနစ်နဲ့ (၄)မိနစ်ကြားပဲ ကြာတယ်လို့ ပြောတယ်ခင်ဗျ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
ကုသမှုခံယူလိုသူများ အနဖြေင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် စာရင်းကောက်ခံခဲ့ပြီး စာရင်းပေးသွင်းထားခြင်းမရှိသူများအနဖြေင့်လည်း ကုသမည့်နေ့တွင် လာရောက်စာရင်းပေးကာ ကုသမှုခံရယူနိုင်ကြောင်းနှင့် အဆိုပါ ကုသရေးအစီအစဉ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်ရွှမြေင့်က ဦးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်
ပုံအညွှန်း - သားအိမ်ခေါင်းကင်ဆာ အခမဲ့စမ်းသပ်ကုသမှုအတွက် ကြိုတင်ပြင်ဆင်ကွင်းဆင်းပုံ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~