တာချီလိတ်မြို့မ(၀မ်ကောင်းဈေး)အား တာဝန်ယူတည်ဆောက်ထားသည့် ကုမ္ပဏီက အများသုံးသန့်စင်ခန်းများ ပြန်လည် ပြုပြင်မည်
တာချီလိတ်မြို့မ(၀မ်ကောင်းဈေး)အား တာဝန်ယူတည်ဆောက်ထားသည့် ကုမ္ပဏီက အများသုံးသန့်စင်ခန်းများ ပြန်လည် ပြုပြင်မည်
ဇနျနဝါရီ 13, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့မဈေး(၀မ်ကောင်းဈေး)ကို တာဝန်ယူတည်ဆောက်ထားသည့် ကုမ္ပဏီအနေဖြင့် ဈေးအတွင်းအများသုံးသန့်စင်ခန်းများကို ပြန်လည်စစ်ဆေးပြုပြင်ရန် မြို့နယ် စည်ပင်သာယာရေးဌာနက အကြောင်းကြားထားသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ကုမ္ပဏီက စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချိီလိတ်မြို့မဈေး(ဝမ်ကောင်းဈေး)ကို တာဝန်ယူတည်ဆောက်ထားသည့် ကုမ္ပဏီအနဖြေင့် ဈေးအတွင်းအများသုံးသန့်စင်ခန်းများကို ပြန်လည်စစ်ဆေးပြုပြင်ရန် မြို့နယ် စည်ပင်သာယာရေးဌာနက အကြောင်းကြားထားသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ကုမ္ပဏီက စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန် ကျွန်တော်တို့စစ်မယ်။ မြပြေင်စစ်ဆေးပြီးတော့ စည်ပင်အင်ဂျင်နီယာနဲ့တိုင်ပင်ပြီးတော့ ပြင်ဖို့ပေါ့။ ပိုက်လိုင်း စနစ်က နည်းနည်းလွဲနေလားမသိဘူး။ ပြန်ဖော်ပြီးတော့ ပြန်ပြင်ရမယ့်သဘောရှိတယ်။ သူတို့ (စည်ပင်) အင်ဂျင်နီယာနဲ့ကျွန်တော် တို့တာဝန်ခံနဲ့ လုပ်ထားတဲ့အပိုင်းတွေ အဖြပြေန်ရှာပြီးတော့ အသစ်ပြန်လုပ်မလား ဘာလုပ်မလဲပေါ့”ဟု ဝမ်ကောင်းဈေးတာဝန်ယူတည်ဆောက်ခဲ့သည့် မင်းခေတ်သစ် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ပြောသည်။
အဆိုပါ ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းများမှာ ထိုင်းအင်ဂျင်နီယာများဖြင့် တည်ဆောက် ထားခြင်းဖြစ်ပြီး Bio Filter များထည့်သွင်းထားခြင်းဖြစ်ရာ လက်ရှိတွင် System error များကြောင့် (၁၅) ရက် တစ်ကြိမ်ခန့် မိလ္လာစုပ်ထုတ်မှုများပြုလုပ်နေရကြောင်း သိရသည်။
“အမှိုက်ဆိုတာမျိုးဆိုရင်တော့ ကျွန်တော်ချက်ချင်းလုပ်ပေးလို့ရတယ်။ မြေအောက်ထဲမှာ ရှိတဲ့ဟာ။ ဖွင့်ရင်လည်း အနံ့ အသက်ကလည်း ထွက်ဦးမှာ။ အိမ်သာအဟောင်းပြင်ရတာ သိပ်လွယ်တာတော့ မဟုတ်ဘူး။ ချက်ချင်းလုပ်လို့ တော့မရဘူး။ လုပ်ရင်လည်းကျွန်တော်တို့က ဒီအိမ်သာကို ခေတ္တ ရွှေ့ဖို့နေရာလည်း စီစဉ်ရမှာပေါ့”တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိ တည်ဆောက်ထားသည့် အများသုံးသန့်စင်ခန်းတွင် တပ်ဆင်ထားသည့် စနစ်များမှာ နေ့စဉ်လူ (၆၀) ခန့်အတွက်သာ အဆင်ပြေသော်လည်း လက်ရှိတွင် လူ (၈၀)မှ (၁၀၀)အထိ ခန့်အသုံးပြုနေသဖြင့် လူဦးရေနှင့်ကိုက်ညီစေရန် ပြင်ဆင်သွားမည်ဖြစ်ပြီး အနံ့အသက်ပျောက်ဆေးများကို နေ့စဉ်အသုံးပြုပေးရန်လည်း စည်ပင်သာယာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~