မိုင်းပန်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် “ဝ”ဒေသတွင် တိုက်ပွဲရှောင်များ တိုးလာနေ
မိုင်းပန်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် “ဝ”ဒေသတွင် တိုက်ပွဲရှောင်များ တိုးလာနေ
ဇနျနဝါရီ 8, 2019
By Tachileik News Agency
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် ဒေသခံများသည် “၀”ဒေသအတွင်း ရောက်ရှိလာရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့အထိ လူဦးရေ (၅၀၀)ခန့်ရှိ နေပြီဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများ အခြေအနေကြောင့် ထပ်တိုးလာဖွယ်ရှိသည်ဟု “ဝ”ဒေသတာဝန်ရှိသူများက ခန့်မှန်းထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ သံလွင်မြစ်ကိုဖြတ်ကူးပြီး တိမ်းရှောင်လာကြသဖြင့် “ဝ”ဒေသတွင် IDP စခန်း ဖွင့်လှစ်ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Nyi Rang
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် ဒေသခံများသည် “ဝ”ဒေသအတွင်း ရောက်ရှိလာရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့အထိ လူဦးရေ (၅၀၀)ခန့်ရှိ နပြေီဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများ အခြေအနေကြောင့် ထပ်တိုးလာဖွယ်ရှိသည်ဟု “ဝ”ဒေသတာဝန်ရှိသူများက ခန့်မှန်းထားသည်။
အဆိုပါ စစ်ဘေးရှောင်များသည် “ဝ”ဒေသတောင်ပိုင်း အမှတ် (၁၇၁)စစ်ဒေသသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။
"နောက်ဆုံး ကျွန်တော်သိတဲ့စာရင်းအရ အယောက် (၅၀၀) ဝန်းကျင်လောက်ရှိသွားပြီ။ ဒီဇင်ဘာ (၂၄)၊ (၂၅) ရက်ကနေစပြီး တောက်လျှောက် နေ့တိုင်းဝင်နေတာပေါ့။ မနေ့ကတစ်ရက်တည်းကို အယောက် (၄၀) ကျော် ဝင်လာတယ်။ အဲဒီထဲမှာ သံဃာတော်တွေလည်း ပါလာတာတွေ့ရတယ်။ သူတို့ပြောပြချက်တွေအရ နောက်မှာလည်း လာနကြေတယ်လို့ ပြောသံတွေ ကြားရတယ်”ဟု UWSA/UWSP၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်ဝါရီလ(၇)ရက်နေ့က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ သံလွင်မြစ်ကိုဖြတ်ကူးပြီး တိမ်းရှောင်လာကြသဖြင့် “ဝ”ဒေသတွင် IDP စခန်း ဖွင့်လှစ်ကူညီပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“ဒါပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ကျွန်တော် သိရသလောက်ဆိုရင်တော့ ကိုးကန့် အရေး တုန်းကလည်း ကိုးကန့်ဘက်ကပြည်သူတွေ ကျွန်တော်တို့ဘက်ကိုပြေးလာတာလည်း ရှိတယ်။ ရှမ်းပြည်နယ် အလယ်ပိုင်းပေါ့နော်။ ဝမ်ဟိုင်း၊ မိုင်းရှုးတစ်ဝိုက်တိုက်ပွဲဖြစ်တုန်းကလည်း ဝ ပြည်နယ်ကို စစ်ရှောင်တွေ ရောက်လာတာလည်းရှိတယ်”ဟု UWSA/UWSP၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။
လက်ရှိတွင် ဝ ဒေသအတွင်းရောက်နေသည့် စစ်ဘေးရှောင်များမှာ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ နောင်ချိုရွာ၊ မိုင်းပုတ်ရွာနှင့် ပန်မိရွာများမှဖြစ်ကြပြီး “ဝ”ဒေသအတွင်း ခိုက်လုံမြို့နယ်၊ ပိန်းစားကျေးရွာတွင် ယာယီခိုလှုံနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Nyi Rang
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~