ဒေသဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်(၃)ရပ်အနေဖြင့် အပြန်အလှန် ထိန်းကျောင်း ယှဉ်တွဲ လုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ပြောကြား
ဒေသဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်(၃)ရပ်အနေဖြင့် အပြန်အလှန် ထိန်းကျောင်း ယှဉ်တွဲ လုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ပြောကြား
ဇနျနဝါရီ 17, 2019
By Tachileik News Agency
ကယားပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်နယ်တွင်းရှိ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်များ အနေဖြင့် အပြန်အလှန် ထိန်းကျောင်း၍ ယှဉ်တွဲ အလုပ်လုပ်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)နေ့က ကယားပြည်နယ်တွင်းရှိ မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် ဟန်ချက်ညီရန်လိုအပ်ပြီး နိုင်ငံတော်မှ ပေးအပ်ထားသော တာဝန်များကို လုပ်ပိုင်ခွင့်အာဏာဟု မှတ်ယူ၍ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်သော အစိုးရ မဖြစ်စေဘဲ ပြည်သူလူထုအား ဝန်ဆောင်မှုပေးသော အစိုးရ ဖြစ်စေရန် ပြုပြင်ပြောင်းလဲ မှုကိုဖော်ဆောင်၍ အပြန်အလှန် ဝင်ရောက် မစွက်ဖက်ပဲ ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်း လိုက်ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်နယ်တွင်းရှိ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒပြေုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်များ အနဖြေင့် အပြန်အလှန် ထိန်းကျောင်း၍ ယှဉ်တွဲ အလုပ်လုပ်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)နေ့က ကယားပြည်နယ်တွင်းရှိ မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
“ကိုယ့်ဒေသဖွံ့ဖြိုးတို်းတက်အောင် ကျွန်တော်ရှင်းရှင်းပဲ ပြောမယ်။ ယှဉ်တွဲလုပ်ပါ။ ယှဉ်ပြိုင် မလုပ်ပါနဲ့။ ယှဉ်ပြိုင်လုပ်တယ်ဆိုတာ ဝင်စွက်ဖက်ပြီးတော့ တစ်ခါတည်း သူ့ပါဝါ ကိုယ့်ပါဝါ သူ့အာဏာ ကိုယ့်အာဏာ သူ့လုပ်ပိုင်ခွင့် ကို်ယ့်လုပ်ပိုင်ခွင့် ယှဉ်ပြိုင်ပြီးတော့ မလုပ်ပါနဲ့။ ယှဉ်တွဲ လုပ်ပါ ဒါကို အလေးအနက် ပြောချင်တယ်"ဟု တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ပြောကြားသည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်ကြီးသုံးရပ်အနဖြေင့် ဟန်ချက်ညီရန်လိုအပ်ပြီး နိုင်ငံတော်မှ ပေးအပ်ထားသော တာဝန်များကို လုပ်ပိုင်ခွင့်အာဏာဟု မှတ်ယူ၍ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်သော အစိုးရ မဖြစ်စေဘဲ ပြည်သူလူထုအား ဝန်ဆောင်မှုပေးသော အစိုးရ ဖြစ်စေရန် ပြုပြင်ပြောင်းလဲ မှုကိုဖော်ဆောင်၍ အပြန်အလှန် ဝင်ရောက် မစွက်ဖက်ပဲ ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်း လိုက်ခြင်းဖြစ်သည်။
“ဥပဒပြေုရေး အပိုင်းကလည်း အုပ်ချုပ်ရေးကို ဝင်ပါချင်နေတယ်။ အုပ်ချုပ်ရေးကလည်း ဥပဒပြေုရေးကို လစ်လျူရှုထားချင်တယ်။ မဖြစ်ပါဘူး။ အားလုံးက ပူးပေါင်းဆောင်ရွက်ရမယ် ဟန်ချက်ညီရပါမယ်။ ဒီမဏ္ဍိုင်ကြီးသုံးရပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပြဌာန်းတားကတည်းကိုက ဝင်ရောက်စွက်ဖက်ခွင့်သာ မပေးတာ အပြန်အလှန် ထိန်းကျောင်းရမယ်။ အပြန်အလှန်ပူးပေါင်းညှိနှိုင်းရမယ်။ ဒါတွေပေးပြီးသား။ ဒါလေးကို အထူးဂရုစိုက်စေချင်တယ်။ တစ်ဆက်တည်း အသိပေးချင်တာက ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးတွေအနေနဲ့က ကိုယ့်ဌာနမှာရှိနေတဲ့ ကိုယ်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ အစိုးရကိုပဲ ဖြစ်စေ၊ လွှတ်တော်ကိုပဲ ဖြစ်စေ၊ တရားစီရင်ရေးကိုပဲ ဖြစ်စေ သတင်းအချက်အလက်တွေကို မှန်မှန်ပေးစေချင်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
လွိုင်ကော်မြို့တွင် ကျင်းပနေသော (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကယားပြည်နယ်တွင်းရှိ မဏ္ဍိုင်ကြီးသုံးရပ်နှင့် ဌာနဆိုင်ရာများအား ကယားပြည်နယ်ခန်းမတွင် ဇန်နဝါရီလ (၁၆) ရက်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~