အေမရိကန္ျပည္ေထာင္စုတြင္ စံခ်ိန္တင္ျပင္းထန္သည့္ အေအးဒဏ္ေၾကာင့္ လူေသဆံုးမႈမ်ားရိွေနၿပီး လုပ္ငန္းအခ်ိဳ႕ႏွင့္ ေက်ာင္းမ်ား ပိတ္ထားရ

အေမရိကန္ျပည္ေထာင္စုတြင္ စံခ်ိန္တင္ျပင္းထန္သည့္ အေအးဒဏ္ေၾကာင့္ လူေသဆံုးမႈမ်ားရိွေနၿပီး လုပ္ငန္းအခ်ိဳ႕ႏွင့္ ေက်ာင္းမ်ား ပိတ္ထားရ
ဇန်နဝါရီ 31, 2019
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စုရိွ လူဦးေရ (၇၅)ရာခုိင္ႏႈန္းမွာ စံခ်ိန္တင္ ျပင္းထန္သည့္ အေအးဒဏ္ႏွင့္ ႀကံဳေတြ႔ေနရၿပီး အေအးဒဏ္ေၾကာင့္ လူေသဆံုးမႈမ်ား၊ ေလေၾကာင္းခရီးစဥ္ (၂,၀၀၀)ေက်ာ္ ဖ်က္သိမ္း၊ ေရႊ႕ဆုိင္းရျခင္း၊ စာပို႔လုပ္ငန္းႏွင့္ပို႔ေဆာင္ေရးလုပ္ငန္းမ်ား ရပ္နားထားရျခင္းမ်ားႏွင့္ ႀကံဳေတြ႔ေနရၿပီး ေက်ာင္းမ်ားလည္း ပိတ္ေပးထားရသည္။

"ႏွင္းက တစ္ေပ၊ ႏွစ္ေပေလာက္ရိွေနၿပီ။ ဒီမွာ တနဂၤေႏြေန႔ (ဇန္နဝါရီလ ၂၇ ရက္ေန႔) က ေက်ာင္းေတြ ပိတ္ထားေပးတယ္။ အလုပ္ကေတာ့ မပိတ္ေတာ့ အလုပ္သြားရတယ္။ လမ္းမွာ ဘာမွမျမင္ရဘူး။ ကားကို သတိထားေမာင္းရတယ္။ လမ္းမွာ ကားေမာင္းရတာေတာင္ အဆင္မေျပဘူး။ လက္အိတ္ (၃)ထပ္ေလာက္ ဝတ္ထားတာကို ေအးခဲေနၿပီး စတီယာရင္ မကိုင္ႏုိင္ဘူး။ အလုပ္ကေန အိမ္ျပန္တာကို လမ္းမွာ ကားထဲက အပူေငြ႕ထြက္တဲ့ေနရာေလးမွာ လက္ကိုေႏြးေအာင္လုပ္ၿပီး ကားေမာင္းျပန္ရတယ္”ဟု မီခ်ီဂန္တြင္ ေနထုိင္သည့္ ကိုစိုင္းခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေအးဒဏ္မွာ အခ်ိဳ႕ေနရာမ်ားတြင္ အႏုတ္ (၆၀)ေအာက္အထိ က်ဆင္းေနၿပီး ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃၀)ရက္ေန႔အထိ အနည္းဆံုး ေသဆံုးသူ (၇)ဦးရိွသြားၿပီျဖစ္ေၾကာင္း သိရသည္။

ျပင္းထန္အေအးဒဏ္ေၾကာင့္ ခ်ီကာဂိုၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး၊ ေမေဝါ့ကီးတြင္ အမိႈက္ပံုတြင္ အမ်ိဳးသားတစ္ဦး၊ အိုင္အိုဝါေကာလိပ္ေက်ာင္းဝင္းတြင္ ေက်ာင္းသားတစ္ဦးႏွင့္ ႏွင္းထုေၾကာင့္ ကားအက္ဆီးဒင့္ျဖစ္၍ အင္ဒီးယားနားတြင္ လူငယ္စံုတြဲတစ္တြဲတို႔ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ျပင္းထန္သည့္ အေအးဒဏ္ႏွင့္ ႏွင္းထုေၾကာင့္ ျပည္နယ္ (၁၀)ခုတြင္ စာပို႔လုပ္ငန္းမ်ား၊ ပစၥည္း ပို႔ေဆာင္ေရးမ်ား ရပ္နားထားၿပီး ေလေၾကာင္းခရီးစဥ္ (၂၀၀၀)ေက်ာ္မွာ ေႏွာင့္ေႏွးျခင္း၊ ဖ်က္သိမ္းျခင္းမ်ား ျပဳလုပ္ရသည့္အျပင္ မီခ်ီဂန္တြင္ အိမ္ရာမဲ့မ်ား ခိုလံႈရာအေဆာင္မ်ားတြင္ ေနရာမလံုေလာက္ေတာ့ေၾကာင္း သိရသည္။

 “ဒီမွာေတာ့ ႏွင္းေတြ မေန႔ကစၿပီး က်တယ္။ ကေလးေတြကိုေတာ့ မေန႔ကတည္းက ေန႔တစ္ဝက္ေစာၿပီး ေက်ာင္းဆင္းေပးလုိက္ၿပီး ဒီေန႔ေတာ့ ေက်ာင္းပိတ္ေပးထားတယ္။ ႏွင္းေတြက ေရခဲျဖစ္ေတာ့ လမ္းေလွ်ာက္ရတာ၊ ကားေမာင္းရတာ ေခ်ာ္ေတာ့ သတိထားရတယ္။ တတ္ႏုိင္သမွ်ေတာ့ အခန္းထဲမွာ ေနရတယ္”ဟု မာရီလန္းတြင္ေနထုိင္သည့္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အေအးဒဏ္ျပင္းထန္စြာခံစားေနရခ်ိန္တြင္ ေခြးႏွစ္ေကာင္အား အစာေရစာမေကၽြးဘဲ အိမ္အျပင္တြင္ သံႀကိဳးျဖင့္ခ်ည္ထားသျဖင့္ အုိင္အိုဝါမွ အမ်ိဳးသမီးတစ္ဦးကိုလည္း အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းခမ္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ (၇၅)ရာခိုင်နှုန်းမှာ စံချိန်တင် ပြင်းထန်သည့် အအေးဒဏ်နှင့် ကြုံတွေ့နေရပြီး အအေးဒဏ်ကြောင့် လူသေဆုံးမှုများ၊ လေကြောင်းခရီးစဉ် (၂,ဝဝဝ)ကျော် ဖျက်သိမ်း၊ ရွှေ့ဆိုင်းရခြင်း၊ စာပို့လုပ်ငန်းနှင့်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်နားထားရခြင်းများနှင့် ကြုံတွေ့နေရပြီး ကျောင်းများလည်း ပိတ်ပေးထားရသည်။

"နှင်းက တစ်ပေ၊ နှစ်ပေလောက်ရှိနပြေီ။ ဒီမှာ တနင်္ဂေနွနေ့ (ဇန်နဝါရီလ ၂၇ ရက်နေ့) က ကျောင်းတွေ ပိတ်ထားပေးတယ်။ အလုပ်ကတော့ မပိတ်တော့ အလုပ်သွားရတယ်။ လမ်းမှာ ဘာမှမမြင်ရဘူး။ ကားကို သတိထားမောင်းရတယ်။ လမ်းမှာ ကားမောင်းရတာတောင် အဆင်မပြေဘူး။ လက်အိတ် (၃)ထပ်လောက် ဝတ်ထားတာကို အေးခဲနပြေီး စတီယာရင် မကိုင်နိုင်ဘူး။ အလုပ်ကနေ အိမ်ပြန်တာကို လမ်းမှာ ကားထဲက အပူငွေ့ထွက်တဲ့နေရာလေးမှာ လက်ကိုနွေးအောင်လုပ်ပြီး ကားမောင်းပြန်ရတယ်”ဟု မီချီဂန်တွင် နေထိုင်သည့် ကိုစိုင်းခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အအေးဒဏ်မှာ အချို့နေရာများတွင် အနုတ် (၆၀)အောက်အထိ ကျဆင်းနပြေီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့အထိ အနည်းဆုံး သေဆုံးသူ (၇)ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ပြင်းထန်အအေးဒဏ်ကြောင့် ချီကာဂိုမြို့တွင် အမျိုးသားတစ်ဦး၊ မေဝေါ့ကီးတွင် အမှိုက်ပုံတွင် အမျိုးသားတစ်ဦး၊ အိုင်အိုဝါကောလိပ်ကျောင်းဝင်းတွင် ကျောင်းသားတစ်ဦးနှင့် နှင်းထုကြောင့် ကားအက်ဆီးဒင့်ဖြစ်၍ အင်ဒီးယားနားတွင် လူငယ်စုံတွဲတစ်တွဲတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြင်းထန်သည့် အအေးဒဏ်နှင့် နှင်းထုကြောင့် ပြည်နယ် (၁၀)ခုတွင် စာပို့လုပ်ငန်းများ၊ ပစ္စည်း ပို့ဆောင်ရေးများ ရပ်နားထားပြီး လေကြောင်းခရီးစဉ် (၂၀၀၀)ကျော်မှာ နှောင့်နှေးခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်ရသည့်အပြင် မီချီဂန်တွင် အိမ်ရာမဲ့များ ခိုလှုံရာအဆောင်များတွင် နေရာမလုံလောက်တော့ကြောင်း သိရသည်။

 “ဒီမှာတော့ နှင်းတွေ မနေ့ကစပြီး ကျတယ်။ ကလေးတွေကိုတော့ မနေ့ကတည်းက နေ့တစ်ဝက်စောပြီး ကျောင်းဆင်းပေးလိုက်ပြီး ဒီနေ့တော့ ကျောင်းပိတ်ပေးထားတယ်။ နှင်းတွေက ရေခဲဖြစ်တော့ လမ်းလျှောက်ရတာ၊ ကားမောင်းရတာ ချော်တော့ သတိထားရတယ်။ တတ်နိုင်သမျှတော့ အခန်းထဲမှာ နေရတယ်”ဟု မာရီလန်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အအေးဒဏ်ပြင်းထန်စွာခံစားနေရချိန်တွင် ခွေးနှစ်ကောင်အား အစာရေစာမကျွေးဘဲ အိမ်အပြင်တွင် သံကြိုးဖြင့်ချည်ထားသဖြင့် အိုင်အိုဝါမှ အမျိုးသမီးတစ်ဦးကိုလည်း အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းခမ်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~