တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းမီးပြိဳင့္တြင္ ေန႔ခင္းအခ်ိန္ႀကီး ဦးအားဖာ(တပင္ေရႊထီး) ေသနတ္ျဖင့္ ပစ္သတ္ခံရ

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းမီးပြိဳင့္တြင္ ေန႔ခင္းအခ်ိန္ႀကီး ဦးအားဖာ(တပင္ေရႊထီး) ေသနတ္ျဖင့္ ပစ္သတ္ခံရ
ဇန်နဝါရီ 29, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းေရွ႕ရွိ မီးပြိဳင့္တြင္ ေန႔လယ္ခင္းအခ်ိန္ႀကီး၌ ဦးအားဖာ(တပင္ေရႊထီး) ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၉)ရက္ေန႔ ေန႔လည္(၁၂း၄၅)နာရီ ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ေသနတ္သံၾကားလို႔ ထြက္ၾကည့္လိုက္ေတာ့ မီးပြိဳင့္ေရွ႕မွာ ကားတစ္စီးထဲမွာ လူေသေနတာကို ေတြ႔ရတယ္။ ပစ္သတ္သြားသူက ဆိုင္ကယ္နဲ႔ အမ်ဳိးသားႏွစ္ဦးလို႔ ေျပာသံေတြၾကားရတယ္။"ဟု အခင္းျဖစ္ပြားရာ ေနရာသို႔ သြားေရာက္ၾကည့္သည့္ အမ်ဳိးသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၉)ရက္ေန႔ ေန႔လည္(၂)နာရီေက်ာ္က ေျပာသည္။

ေသနတ္ျဖင့္ ပစ္သတ္ခံရသူမွာ တာခ်ီလိတ္ၿမိဳ႕ ေဆးခမ္းရပ္ကြက္ေနထိုင္သူ အသက္(၅၁)ႏွစ္၀န္းက်င္ရွိ ဦးအားဖာ(တပင္ေရႊထီး)ဆိုသူ တပင္ေရႊထီးဆီပန္႔ပိုင္ရွင္ ျဖစ္ၿပီး ယာဥ္အား ဦးအားဖာမွ ကိုယ္တိုင္ေမာင္းကာ ယာဥ္ေပၚတြင္ ဦးအားဖာ အပါအ၀င္ (၅)ဦး ပါ၀င္ေၾကာင္းႏွင့္ ၎တို႔သည္  ပံုလို႔မီးသၿဂဳႋလ္စက္ျပဳလုပ္ေနသည့္ ေနရာသို႔ သြားေရာက္ၾကည့္ၿပီး  ေနအိမ္သို႔ ျပန္ရန္ ကားေမာင္းလာစဥ္ အာခါေစ်းေရွ႕ရွိ မီးပြိဳင္လမ္းဆံုအေရာက္တြင္ မီးပြိဳင့္နီေနရာမွ ယာဥ္ရပ္ထားစဥ္ အမည္မသိ အမ်ဳိးသားႏွစ္ဦးမွ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ (၅)ခ်က္ထက္ မနည္း ပစ္ခတ္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ ဦးအားဖာ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ထားကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနရာတြင္ ခႏၶာကိုယ္၌ ယာနားထင္တြင္ က်ည္ေဖာက္၀င္ဒဏ္ရာ(၁)ခ်က္၊ ယာနံေစာင္းတြင္ က်ည္ေဖာက္၀င္ဒဏ္ရာ (၃)ခ်က္၊ ယာဘက္၀မ္းဗိုက္တြင္ က်ည္ေဖာက္၀င္ ဒဏ္ရာ(၁)ခ်က္၊ ယာဘက္ လက္ေမာင္းတြင္ က်ည္ေဖာက္၀င္ဒဏ္ရာ (၁)ခ်က္ စုစုေပါင္ က်ည္ေဖာက္ဒဏ္ရာ (၆)ခ်က္ရရွိထားသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္လူသတ္မႈႏွင့္ ပတ္သက္၍ ထြက္ေျပးသြားသူ လူသတ္တရားခံမ်ားအား ဖမ္းဆီးရမိေရး အတြက္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၀/၂၀၁၉ ရာဇသတ္ႀကီးပုုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
Photo: Tachileik News Agency၊ Sai Kham Boo


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ အာခါဈေးရှေ့ရှိ မီးပွိုင့်တွင် နေ့လယ်ခင်းအချိန်ကြီး၌ ဦးအားဖာ(တပင်ရွှေထီး) သေနတ်ဖြင့် ပစ်သတ်ခံရမှု ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်(၁၂း၄၅)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သေနတ်သံကြားလို့ ထွက်ကြည့်လိုက်တော့ မီးပွိုင့်ရှေ့မှာ ကားတစ်စီးထဲမှာ လူသေနေတာကို တွေ့ရတယ်။ ပစ်သတ်သွားသူက ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးလို့ ပြောသံတွကြေားရတယ်။"ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကြည့်သည့် အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်(၂)နာရီကျော်က ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်နေထိုင်သူ အသက်(၅၁)နှစ်ဝန်းကျင်ရှိ ဦးအားဖာ(တပင်ရွှေထီး)ဆိုသူ တပင်ရွှေထီးဆီပန့်ပိုင်ရှင် ဖြစ်ပြီး ယာဉ်အား ဦးအားဖာမှ ကိုယ်တိုင်မောင်းကာ ယာဉ်ပေါ်တွင် ဦးအားဖာ အပါအဝင် (၅)ဦး ပါဝင်ကြောင်းနှင့်၎င်းတို့သည် ပုံလို့မီးသင်္ဂြိုလ်စက်ပြုလုပ်နေသည့် နေရာသို့ သွားရောက်ကြည့်ပြီး နေအိမ်သို့ ပြန်ရန် ကားမောင်းလာစဉ် အာခါဈေးရှေ့ရှိ မီးပွိုင်လမ်းဆုံအရောက်တွင် မီးပွိုင့်နီနေရာမှ ယာဉ်ရပ်ထားစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် (၅)ချက်ထက် မနည်း ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးအားဖာ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေရာတွင် ခန္ဓာကိုယ်၌ ယာနားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာနံစောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်၊ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာဘက် လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက် စုစုပေါင် ကျည်ဖောက်ဒဏ်ရာ (၆)ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်လူသတ်မှုနှင့် ပတ်သက်၍ ထွက်ပြေးသွားသူ လူသတ်တရားခံများအား ဖမ်းဆီးရမိရေး အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
Photo: Tachileik News Agency၊ Sai Kham Boo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~