တာချီလိတ်တွင် အိမ်ခန်းငှားပိုင်ရှင်များက အိမ်ငှား၊ ဆိုင်ခန်းငှားများထံ မီးလင်းရေးရုံးထက် မီတာခ ပိုမိုကောက်ခံနေမှုကို မီးလင်းရေးကော်မတီမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးမည်
တာချီလိတ်တွင် အိမ်ခန်းငှားပိုင်ရှင်များက အိမ်ငှား၊ ဆိုင်ခန်းငှားများထံ မီးလင်းရေးရုံးထက် မီတာခ ပိုမိုကောက်ခံနေမှုကို မီးလင်းရေးကော်မတီမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးမည်
ဇနျနဝါရီ 28, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်ရှင်များက အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ လျှပ်စစ်မီတာခ ကျသင့်သည် ထက် ပိုမိုကောက်ခံနေကြသည့် ကိစ္စအား မီးလင်းရေးကော်မတီအနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ဒေသခံများအား အိမ်သုံးမီတာအတွက် တစ်ယူနစ်လျှင် (၆)ဘတ်၊ လုပ်ငန်းသုံး မီတာများအတွက် တစ်ယူနစ်လျှင် (၇.၂၅)ဘတ် နှုန်းဖြင့် ဖြန့်ဖြူးပေးနေခြင်းဖြစ်သော်လည်း အိမ်ရှင်များက အိမ်ခန်းငှားများထံ အမြတ်ငွေတင်ပြီး တစ်ယူနစ်လျှင် (၁၀)ဘတ်မှ (၁၁)ဘတ်အထိ နှုန်းထားအမျိုးမျိုးဖြင့် ကောက်ခံနေကြခြင်းဖြစ်သည်။
မီးလင်းရေးကော်မတီအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်အတွက် အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီချက် အရ ကော်မတီသည် တာချီလိတ်မြို့နယ်နှင့် (၂၂)မိုင်အတွင်း ကျေးရွာများ၌ ကော်မတီပိုင်ငွေဖြင့် အသုံးစရိတ် အားလုံးကျခံ၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ပြီး  ဓာတ်အား သုံးစွဲသူများနှင့် ညှိနှိုင်းထားသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ တင်ပြပြီး အတည်ပြုကောက်ခံရမည်ဖြစ်ကာ ဓာတ်အားသုံးစွဲသူများ၏ မကျေနပ်ချက်၊ တိုင်ကြားချက်များကို အကျေအလည် ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ချုပ်ဆိုထားခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်ရှင်များက အိမ်ငှါး၊ ဆိုင်ခန်းငှါးများထံမှ လျှပ်စစ်မီတာခ ကျသင့်သည် ထက် ပိုမိုကောက်ခံနကြေသည့် ကိစ္စအား မီးလင်းရေးကော်မတီအနဖြေင့် ဖြေရှင်း ဆောင်ရွက်ပေးရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ပြောကြားလိုက်သည်။
“ဒီအပေါ်မှာ ပြန်ပြီးလုပ်စားခွင့်က တကယ်တမ်း ဥပဒေအရ မရှိဘူး။ ဥပဒေနဲ့ မညီဘူး။ အိမ်ရှင်၊ အိမ်ငှါး မခွဲခြားဘဲနဲ့ လူ့အခွင့်အရေးအရ ဆောင်ရွက်ပေးမယ်”ဟု တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောကြားထားခြင်း ဖြစ်သည်။
မြို့မီးလင်းရေးကော်တီသည် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၃)ဘတ် (၇၅)ပြားနှုန်းဖြင့် ဝယ်ယူနိုင်ရန် အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးသည့် Myanmar Allure Group Co.,Ltd ကို တစ်ယူနစ်လျှင် တစ်ဘတ်နှုန်း အကျိုးဆောင်ခပေး၍ လျှပ်စစ်ဓာတ်အား ဝယ်ယူ ဖြန့်ဖြူးပေးနေခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ဒေသခံများအား အိမ်သုံးမီတာအတွက် တစ်ယူနစ်လျှင် (၆)ဘတ်၊ လုပ်ငန်းသုံး မီတာများအတွက် တစ်ယူနစ်လျှင် (၇.၂၅)ဘတ် နှုန်းဖြင့် ဖြန့်ဖြူးပေးနခြေင်းဖြစ်သော်လည်း အိမ်ရှင်များက အိမ်ခန်းငှါးများထံ အမြတ်ငွေတင်ပြီး တစ်ယူနစ်လျှင် (၁၀)ဘတ်မှ (၁၁)ဘတ်အထိ နှုန်းထားအမျိုးမျိုးဖြင့် ကောက်ခံနကြခြေင်းဖြစ်သည်။
“မီးလင်းရေးကော်မတီကတော့ အဆောက်အအုံတစ်ခုလုံးမှာ အိမ်ငှါး (၁၀) ခန်းရှိရှိ (၁၅) ခန်းရှိရှိ အဆောက်အအုံ တစ်ခုလုံးမှာ တပ်ထားတဲ့ မီတာကိုပဲ ဖတ်တာ။ အဲဒီ မီတာခကိုပါ ကျွန်တော်တို့က ကောက်တာ။ အဲဒီမီတာမှာရှိတဲ့ အခန်းလေးတွေ ရဲ့မီတာက အဲဒီအိမ်ကို ပိုင်တဲ့ အိမ်ပိုင်ရှင်က ကောက်တာ”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အိမ်ခန်းငှါးများနှင့် ဆိုင်ခန်းငှါးများမှာ မိမိတို့သုံးစွဲသည့် မီတာယူနစ်များကို ကြည့်ရှုခွင့်မရှိဘဲ အိမ်ခန်း၊ ဆိုင်ခန်းပိုင်ရှင်များ တောင်းခံသည့် ယူနစ်အတိုင်း ပေးဆောင်နေရခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့ကို တင်ပြရမည်ကို မသိဖြစ်နေကြောင်း သိရသည်။
"မီးလင်းရေးကော်မတီက ထိန်းညှိပေးရမှာပေါ့။ ထိန်းညှိလို့ မရဘူးဆိုရင် ကော်မတီဆီကနေ လျှပ်စစ်မီး ယူပြီးသွားရင် လုပ်ချင်သလို လုပ် ဆိုတဲ့သဘော သက်ရောက်သွားမှာပေါ့။ သူတို့က ညှိနှိုင်းပေးရမယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
မီးလင်းရေးကော်မတီအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်အတွက် အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီချက် အရ ကော်မတီသည် တာချီလိတ်မြို့နယ်နှင့် (၂၂)မိုင်အတွင်း ကျေးရွာများ၌ ကော်မတီပိုင်ငွဖြေင့် အသုံးစရိတ် အားလုံးကျခံ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ပြီး ဓာတ်အား သုံးစွဲသူများနှင့် ညှိနှိုင်းထားသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ တင်ပြပြီး အတည်ပြုကောက်ခံရမည်ဖြစ်ကာ ဓာတ်အားသုံးစွဲသူများ၏ မကျေနပ်ချက်၊ တိုင်ကြားချက်များကို အကျေအလည် ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ချုပ်ဆိုထားခြင်းဖြစ်သည်။
လစဉ် မီတာယူနစ်ဖတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းအား လျှပ်စစ်ဖြန့်ဖြူးနှင့် မီးလင်းရေးကော်မတီတို့က ပူးတွဲဆောင်ရွက်ရခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~