မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲ ကာလအတွင်း ကျောင်းတိုက်အ၀င်တွင် သွားအထူးကုဆရာဝန်များက အခမဲ့ကုသပေးနေ
မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲ ကာလအတွင်း ကျောင်းတိုက်အ၀င်တွင် သွားအထူးကုဆရာဝန်များက အခမဲ့ကုသပေးနေ
ဇနျနဝါရီ 3, 2019
By Tachileik News Agency
အဆိုပါ သွားကုသပေးနေသည့် အဖွဲ့တွင် သွားအထူးကုဆရာဝန်များ၊ သွားကုသမှုဆိုင်ရာ ပညာရှင်များ စုစုပေါင်း(၄၂)ဦးဖြင့် လွမ်လိန်းကျောင်းတိုက်ဝန်းအတွင်းရှိ ဆေးခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့အထိ လွမ်လိန်းကျောင်းတိုက်မုဒ်ဦး အ၀င်ဝဘေးတွင် အခမဲ့ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ရာ မွေးနေ့တရားပွဲအား ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပနေခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက်ဖူးမြော်နေကြခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပနေသည့် မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် တရားပွဲ ကာလအတွင်း သွားအထူးကု ဆရာဝန်များအဖွဲ့က အခမဲ့ ကုသပေးနေကြောင်း သိရသည်။
“နပြေည်တော်က သွားအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ပေါ့။ သူကတော့ သွားမှာ အုပ်ချုပ်ရေးပိုင်းမှာ အကြီးဆုံးပေါ့။ ရန်ကုန်၊ မန္တလေး၊တောင်ကြီး၊နပြေည်တော်နဲ့ ဒီရှမ်းရှေ့တကြောက သွားအထူးကု ဆရာဝန်တွေအဖွဲ့နဲ့ ကုသပေးနေတာပါ။ လိုအပ်တဲ့ ပစ္စည်းတွဖြေစ်တဲ့ သွားစိုက်ခုံတွေ ဘာတွေပါ ပါတယ်။ ဟိုမှာ နေရာထိုင်ခင်းတွေဘာတွေတော့ ကျွန်တော်တို့သွားကြည့် စီစဉ်ပေးခဲ့ပါတယ်”ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ သွားကုသပေးနေသည့် အဖွဲ့တွင် သွားအထူးကုဆရာဝန်များ၊ သွားကုသမှုဆိုင်ရာ ပညာရှင်များ စုစုပေါင်း(၄၂)ဦးဖြင့် လွမ်လိန်းကျောင်းတိုက်ဝန်းအတွင်းရှိ ဆေးခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့အထိ လွမ်လိန်းကျောင်းတိုက်မုဒ်ဦး အဝင်ဝဘေးတွင် အခမဲ့ကုသပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ ဆရာဝန်တွေအဖွဲ့က ကိုယ့်အစီအစဉ်နဲ့ကိုယ် လာကုပေးကြတာပါ။ ကျွန်တော်တို့က နေရေး ထိုင်ရေး စီစဉ်ပေးရုံပဲ ပေါင်းစပ်လုပ်ပေးထားတာပါ။ အဲဒီမှာ သွားနှုတ်တာ၊ သွားစိုက်တာ၊ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေ အားလုံး အခမဲ့ ကုသပေးနေပါတယ်”ဟု တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောသည်။
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ရာ မွေးနေ့တရားပွဲအား ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပနခြေင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက်ဖူးမြော်နကြခြေင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~