Update News

တာခ်ီလိတ္တြင္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔မွစ၍ အသံုးျပဳသည့္ လွ်ပ္စစ္မီတာခမ်ားကို တစ္ယူနစ္လွ်င္ ထိုင္းဘတ္ေငြ ျပား(၅၀)ေလွ်ာ့ခ် ေကာက္ခံေပးသြားမည္

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံမွ ဝယ္ယူျဖန္႔ျဖဴးေပးေနသည့္ လွ်ပ္စစ္ဓါတ္အားကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁)ရက္ေန႔မွစ၍ အသံုးျပဳသည့္ လွ်ပ္စစ္မီတာခႏွင့္ ပတ္သက္၍ တစ္ယူနစ္လွ်င္ ဘတ္ျပား(၅၀)ႏႈန္း ေလွ်ာ့ခ် ေကာက္ခံသြားေတာ့မည္ ျဖစ္ေၾကာင္း သက္ဆုိင္ရာ ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားထံ မီးလင္းေရးေကာ္မတီက အေၾကာင္းၾကားထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီက ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၃)ရက္ေန႔က ခ်ဳပ္ဆိုလုိက္သည့္ လွ်ပ္စစ္ဓါတ္အားေရာင္းဝယ္ျခင္း ႏွစ္ဖက္လုပ္ငန္းသေဘာတူစာခ်ဳပ္အရ လွ်ပ္စစ္ဓါတ္အားမ်ား ေလွ်ာ့ခ်ေပးျခင္းျဖစ္ရာ အိမ္သံုးမီတာမ်ားမွာ ယခင္က တစ္ယူနစ္လွ်င္ (၆)ဘတ္ႏႈန္းေကာက္ခံေနရာမွ (၅)ဘတ္ခြဲသို႔ လည္းေကာင္း ပါဝါမီတာမ်ားကို ယခင္က တစ္ယူနစ္လွ်င္ (၇)ဘတ္ (၂၅)ျပားႏႈန္းေကာက္ခံေနရာမွ (၆)ဘတ္ (၇၅)ျပားသို႔ ေျပာင္းလဲေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီက ၂၀၁၈ ခုႏွစ္အထိ (၁၅)ႏွစ္တာ ကာလအတြင္း ထုိင္းႏိုင္ငံမွ လွ်ပ္စစ္ဓါတ္အား ဝယ္ယူေရး စာခ်ဳပ္ ခ်ဳပ္ဆိုရာတြင္ Myanmar Allure Group Co.,Ltd က ထုိင္းႏိုင္ငံမွ ဝယ္ယူသည့္ မီတာ တစ္ယူနစ္လွ်င္ တစ္ဘတ္ႏႈန္း အက်ိဳးေဆာင္ခယူ၍ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ တစ္ယူနစ္လွ်င္ ထုိင္းဘတ္ (၃)ဘတ္ (၇၅)ျပားျဖင့္ ဝယ္ယူသည့္ လွ်ပ္စစ္မီးကို  အိမ္သံုးမီတာအတြက္ တစ္ယူနစ္လွ်င္ (၆)ဘတ္၊ လုပ္ငန္းသံုး မီတာမ်ားအတြက္ တစ္ယူနစ္လွ်င္ (၇.၂၅)ဘတ္ ႏႈန္းျဖင့္ ျဖန္႔ျဖဴးေနရာမွ ၂၀၁၉ ခုႏွစ္တြင္ မီတာခကို ဘတ္ျပား(၅၀)ႏႈန္းေလွ်ာ့ခ်လာျခင္းျဖစ္သည္။

ယင္းကဲ့သို႔ ေလွ်ာ့ခ်ႏိုင္ရန္အတြက္ မီးလင္းေရးေကာ္မတီက ထုိင္းႏုိင္ငံမွ ေပးပို႔ေနသည့္ လွ်ပ္စစ္ဓါတ္အား ေပ်ာက္ဆံုးယူနစ္မ်ားကို စစ္ေဆးမႈျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဖေဖၚဝါရီလ (၁)ရက္ေန႔က စေလွ်ာ့မယ္ဆိုေတာ့ Votage ဘယ္ေလာက္ထိ ဟိုဘက္က (ထိုင္းႏိုင္ငံဘက္) ဝင္လာသလဲ။ သံုးလဖတ္မယ္။ ႀကိဳးသစ္ လဲလိုက္တဲ့အခါမွာ တစ္လ၊ တစ္လ ေပ်ာက္ဆံုးယူနစ္ ဘယ္ေလာက္ထိ က်သြားသလဲ။ အဲဒါကို သိခ်င္လုိ႔  ႀကိဳးသစ္ေတြလဲတာ”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမူး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔  ေျပာၾကားထားသည္။

ထုိင္းနိုင္ငံႏွင့္နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာက်ပ္ေငြအစား ထုိင္းဘတ္ေငြကိုသာ ေဒသသံုးေငြေၾကး အျဖစ္ အသံုးျပဳေနၾကျခင္းျဖစ္ရာ မီးလင္းေရးေကာ္မတီက လွ်ပ္စစ္ဓါတ္အားအသံုးျပဳခကို ဘတ္ေငြျဖင့္ ေကာက္ခံေနျခင္းျဖစ္သည္။
Tachileik News Agency


 ~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ အသုံးပြုသည့် လျှပ်စစ်မီတာခနှင့် ပတ်သက်၍ တစ်ယူနစ်လျှင် ဘတ်ပြား(၅၀)နှုန်း လျှော့ချ ကောက်ခံသွားတော့မည် ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မီးလင်းရေးကော်မတီက အကြောင်းကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့က ချုပ်ဆိုလိုက်သည့် လျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်း နှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်အရ လျှပ်စစ်ဓာတ်အားများ လျှော့ချပေးခြင်းဖြစ်ရာ အိမ်သုံးမီတာများမှာ ယခင်က တစ်ယူနစ်လျှင် (၆)ဘတ်နှုန်းကောက်ခံနေရာမှ (၅)ဘတ်ခွဲသို့ လည်းကောင်း ပါဝါမီတာများကို ယခင်က တစ်ယူနစ်လျှင် (၇)ဘတ် (၂၅)ပြားနှုန်းကောက်ခံနေရာမှ (၆)ဘတ် (၇၅)ပြားသို့ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီက ၂၀၁၈ ခုနှစ်အထိ (၁၅)နှစ်တာ ကာလအတွင်း ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ် ချုပ်ဆိုရာတွင် Myanmar Allure Group Co.,Ltd က ထိုင်းနိုင်ငံမှ ဝယ်ယူသည့် မီတာ တစ်ယူနစ်လျှင် တစ်ဘတ်နှုန်း အကျိုးဆောင်ခယူ၍ စာချုပ်ချုပ်ဆိုခဲ့ကာ တစ်ယူနစ်လျှင် ထိုင်းဘတ် (၃)ဘတ် (၇၅)ပြားဖြင့် ဝယ်ယူသည့် လျှပ်စစ်မီးကို အိမ်သုံးမီတာအတွက် တစ်ယူနစ်လျှင် (၆)ဘတ်၊ လုပ်ငန်းသုံး မီတာများအတွက် တစ်ယူနစ်လျှင် (၇.၂၅)ဘတ် နှုန်းဖြင့် ဖြန့်ဖြူးနေရာမှ ၂၀၁၉ ခုနှစ်တွင် မီတာခကို ဘတ်ပြား(၅၀)နှုန်းလျှော့ချလာခြင်းဖြစ်သည်။

ယင်းကဲ့သို့ လျှော့ချနိုင်ရန်အတွက် မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ ပေးပို့နေသည့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးယူနစ်များကို စစ်ဆေးမှုပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ (၁)ရက်နေ့က စလျှော့မယ်ဆိုတော့ Votage ဘယ်လောက်ထိ ဟိုဘက်က (ထိုင်းနိုင်ငံဘက်) ဝင်လာသလဲ။ သုံးလဖတ်မယ်။ ကြိုးသစ် လဲလိုက်တဲ့အခါမှာ တစ်လ၊ တစ်လ ပျောက်ဆုံးယူနစ် ဘယ်လောက်ထိ ကျသွားသလဲ။ အဲဒါကို သိချင်လို့ ကြိုးသစ်တွေလဲတာ”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမူး ဦးကျော်စွာလွင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောကြားထားသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ် တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကိုသာ ဒေသသုံးငွေကြေး အဖြစ် အသုံးပြုနကြခြေင်းဖြစ်ရာ မီးလင်းရေးကော်မတီက လျှပ်စစ်ဓာတ်အားအသုံးပြုခကို ဘတ်ငွဖြေင့် ကောက်ခံနခြေင်းဖြစ်သည်။

Tachileik News Agency 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::