ေတာင္ႀကီးတြင္ ဖြင့္လွစ္မည့္ အထည္ပန္းပံုရိုက္ျခင္းႏွင့္ ေဆးေရးပန္းခ်ီ အခမဲ့သင္တန္း ဇန္နဝါရီလ (၁၅)ရက္ေန႔အထိ ေနာက္ဆံုး ေလွ်ာက္ထားႏိုင္

ေတာင္ႀကီးတြင္ ဖြင့္လွစ္မည့္ အထည္ပန္းပံုရိုက္ျခင္းႏွင့္ ေဆးေရးပန္းခ်ီ အခမဲ့သင္တန္း ဇန္နဝါရီလ (၁၅)ရက္ေန႔အထိ ေနာက္ဆံုး ေလွ်ာက္ထားႏိုင္
ဇန်နဝါရီ 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕ရိွ ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း၌ အထည္ပန္းပံု ရိုက္ျခင္းႏွင့္ ေဆးေရးပန္းခ်ီသင္တန္းကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၇)ရက္ေန႔မွစ၍ ဖြင့္လွစ္မည္ျဖစ္၍ စိတ္ဝင္စားသူမ်ား တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းတြင္ ဒီဇိုင္းေရးဆြဲနည္း၊ ပန္းေဘာင္ျပဳလုပ္နည္း၊ ေဘာင္ေဆးေဖ်ာ္နည္း၊ ပန္းပံုရိုက္နည္း၊ အေျခခံေဆးေရးနည္း၊ အထည္စေပၚေရးဆြဲနည္း၊ ဖလင္ေဖာက္နည္း၊ ဖလင္ေဆးေဖ်ာ္နည္း၊ အထည္ေပၚ ရိုက္နည္း၊ အထည္ေပၚ ေရႊေၾကာလိုက္နည္း ပညာရပ္မ်ားကို ဇန္န၀ါရီလ (၁၇) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ ေန႔စဥ္ နံနက္ (၉) နာရီမွ ညေန (၄) နာရီအထိ သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတြင္ ထူးခၽြန္ဆုႏွင့္သင္တန္းဆင္းလက္မွတ္မ်ား ခ်ီးျမႇင့္သြားမည္ျဖစ္ၿပီး သင္တန္းသားဦးေရ (၂၀) ဦးသာ ကန္႔သတ္ထားသျဖင့္ ဇန္န၀ါရီ (၁၅) ရက္ေန႔ ေနာက္ဆံုးထား ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ဖုန္း ၀၈၁-၂၀၆၈၂၉၊ ၀၈၁-၂၁၂၅၆၂၅၊ ၀၉-၄၂၀၇၃၀၁၃၀ သို႔လည္းေကာင္း၊ ရက္ကန္းႏွင့္ အသက္ေမြးပညာ သင္တန္းေက်ာင္း(ေတာင္ႀကီး)၊ အေရွ႕ၿမိဳ႕ပတ္လမ္း၊ ေရေအးကြင္းရပ္ကြက္၊ ဖုန္း ၀၈၁-၂၁၂၁၆၁၄၊ ၀၉၄၄၄၀၂၀၉၆၅ သို႔ ဆက္သြယ္စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ အထည်ပန်းပုံ ရိုက်ခြင်းနှင့် ဆေးရေးပန်းချီသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်၍ စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဒီဇိုင်းရေးဆွဲနည်း၊ ပန်းဘောင်ပြုလုပ်နည်း၊ ဘောင်ဆေးဖျော်နည်း၊ ပန်းပုံရိုက်နည်း၊ အခြေခံဆေးရေးနည်း၊ အထည်စပေါ်ရေးဆွဲနည်း၊ ဖလင်ဖောက်နည်း၊ ဖလင်ဆေးဖျော်နည်း၊ အထည်ပေါ် ရိုက်နည်း၊ အထည်ပေါ် ရွှေကြောလိုက်နည်း ပညာရပ်များကို ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ထူးချွန်ဆုနှင့်သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ (၂၀) ဦးသာ ကန့်သတ်ထားသဖြင့် ဇန်နဝါရီ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနဖြေင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဖုန်း ဝ၈၁-၂၀၆၈၂၉၊ ဝ၈၁-၂၁၂၅၆၂၅၊ ဝ၉-၄၂၀၇၃၀၁၃၀ သို့လည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်၊ ဖုန်း ဝ၈၁-၂၁၂၁၆၁၄၊ ဝ၉၄၄၄၀၂၀၉၆၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~