တာခ်ီလိတ္တြင္ ေန႔ပိုင္း လွ်ပ္စစ္မီး (၄)ရက္ ဆန္ဆိုင္း(က)ရပ္ကြက္ကစ၍ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ ျပတ္ေတာက္မည္ျဖစ္ေသာ္လည္း ၿမိဳ႕တြင္း ရပ္ကြက္(၅)ခုတြင္ ပံုမွန္အတိုင္း လွ်ပ္စစ္မီး ရရွိေနမည္

တာခ်ီလိတ္တြင္ ေန႔ပိုင္း လွ်ပ္စစ္မီး (၄)ရက္ ဆန္ဆိုင္း(က)ရပ္ကြက္ကစ၍ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ ျပတ္ေတာက္မည္ျဖစ္ေသာ္လည္း ၿမိဳ႕တြင္း ရပ္ကြက္(၅)ခုတြင္ ပံုမွန္အတိုင္း လွ်ပ္စစ္မီး ရရွိေနမည္
ဇန်နဝါရီ 25, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္  လွ်ပ္စစ္ဓာတ္အားႏွင့္ ပတ္သက္၍ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ရန္ အတြက္ လွ်ပ္စစ္မီးႀကိဳးမ်ား လဲလွယ္တပ္ဆင္မည္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္မွ စ၍ ၿမိဳ႕ျပင္ ရပ္ကြက္/ေက်းရြာမ်ားအထိ ပါ၀င္မည္ျဖစ္ေသာ္လည္း ၿမိဳ႕တြင္းပိုင္း ရပ္ကြက္(၅)ခု ျပတ္ေတာက္မည္မဟုတ္ေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းေက်းရြာအုပ္စု ႏွင့္ ပုန္းထြန္၊ ၀မ္ေကာင္း၊ တာေလာ့၊ မကာဟိုခမ္း ႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္တို႔မွာ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္မည္မဟုတ္ဘဲ ဆန္ဆိုင္း(က)ရပ္ကြက္မွ စ၍ ၿမိဳ႕ျပင္ မိုင္းကိုးေက်းရြာအုပ္စု၊ မိုင္းဖုန္းေက်းရြာအုပ္စုအထိ လွ်ပ္စစ္မီးအား ဇန္န၀ါရီလ(၂၈)ရက္ေန႔မွ ဇန္န၀ါရီလ(၃၁)ရက္ေန႔အထိ နံနက္(၉)နာရီမွ ညေန(၃)နာရီအထိ သတ္မွတ္အခ်ိန္အတိုင္း လွ်ပ္စစ္မီး ျပတ္ေတာက္မည္ျဖစ္သည္။

"မီးျပတ္မွာဆိုရင္ေတာ့ ဆန္ဆိုင္း(က)ရယ္၊ မယ္ေခါင္၊ ရန္ေအာင္ေျမ(ပါလွ်ံ)၊ ၀ိန္းေက်ာက္၊ ပါဆတ္၊ ၀မ္လိ၊ ၀မ္ေဟာင္၊ စက္မႈဇုန္ အဲ့ဒါ ကြ်န္ေတာ္တို႔ ၿမိဳ႕ထဲဘက္အျခမ္းေပါ့၊ ၿမိဳ႕ျပင္အျခမ္းဆိုရင္ မိုင္းကိုးအထိလည္း ပါမယ္၊ မိုင္းဖုန္းအထိလည္း ပါမယ္။"ဟု  အၿမိဳ႕မီးလင္းေရးေကာ္မတီ(ရံုးခြဲ)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးမ်ဳိးျမင့္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၅)ရက္ေန႔တြင္ ေျပာသည္။

လွ်ပ္စစ္မီးႀကိဳးသစ္မ်ား လဲလွယ္တပ္ဆင္ၿပီးပါက ေဖေဖာ္၀ါရီလတြင္ သံုးစြဲသည့္ မီတာခမ်ားကို ထိုင္းဘတ္ေငြ ျပား(၅၀)အထိ ေလ်ာ့ခ်ေပးမည္ျဖစ္၍ မီးႀကိဳးလဲလွယ္ျခင္းကို ဇန္န၀ါရီလကုန္အထိ အၿပီးသတ္ ေဆာင္ရြက္မည္ျဖစ္၍ လွ်ပ္စစ္မီးကို သတ္မွတ္ပိုင္းတြင္ ေန႔ပိုင္း ျဖတ္ေတာက္ထားၿပီး ညပိုင္းမ်ားတြင္ ပံုမွန္အတိုင္း ျပန္လည္လႊြတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“(၃၁)ရက္ေန႔ ႀကိဳးသြယ္အၿပီး။ ၂၆၊ ၂၇ မွာ ႀကိဳးေတြေရာက္မယ္ ဒီဘက္ကမ္းကို အကုန္လံုးေရာက္မယ္။ ဘာလို႔လဲ ဆိုေတာ့ ကြ်န္ေတာ္တို႔က ေဖေဖာ္၀ါရီလ(၁)ရက္ေန႔ကေနစၿပီး မီတာခေတြ ေလွ်ာ့မယ္ဆိုေတာ့။ (၁)ရက္ေန႔ကေန စၿပီး ဟိုဘက္က Votage ဘယ္ေလာက္ထိ ၀င္လာသလဲ။ (၃)လ ဖတ္မယ္ေလ။ ကြ်န္ေတာ္တို႔  ႀကိဳးသစ္လဲလိုက္တဲ့ အခါမွာ တစ္လ တစ္လ အေရးႀကီးတဲ့ ေပ်ာက္ဆံုးယူနစ္ေတြ ဘယ္ေလာက္ထပ္ၿပီး ေလွ်ာ့က်သြားသလဲေပါ့။ အဲဒါကို သိခ်င္တဲ့အတြက္ ဇန္န၀ါရီလ (၃၁)ရက္ေန႔ အၿပီးေပါ့။ မီးျဖတ္မွာကေတာ့ မနက္ (၉)နာရီကေန ညေန (၃)နာရီအထိေပါ့။”ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရး ေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာၾကားထားသည္။

 ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ေရး အတြက္ နည္းလမ္း (၃)မ်ိဳးျဖင့္ (၆)လစီမံခ်က္ခ်မွတ္ ေဆာင္ရြက္ေနၿပီး မီးႀကိဳး လဲလွယ္ျခင္းႏွင့္ မီးတာေဘာက္မ်ား လဲလွယ္ တပ္ဆင္ျခင္းကို ေဆာင္ရြက္ ေနၾကျခင္း ျဖစ္သည္။

ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးသံုးစြဲေနသူ ျပည္သူမ်ားအား ေဖေဖာ္၀ါရီလတြင္ သံုးစြဲခဲ့သည့္ လွ်ပ္စစ္ဓာတ္အားခမ်ားကို ေလွ်ာ့ခ်ေပးမည္ ျဖစ္သျဖင့္ ဇန္န၀ါရီလ အတြင္း သံုးစြဲထားသည့္ လွ်ပ္စစ္ဓာတ္အားခမ်ားမွာ ယခင္ႏႈန္းထားမ်ား အတိုင္း ေပးေဆာင္ရမည္ ျဖစ္ၿပီး မတ္လတြင္ ေကာက္ခံမည့္ ( ေဖေဖာ္၀ါရီလအတြင္း အသံုးျပဳခဲ့သည့္ ) သံုးစြဲယူနစ္ခမ်ားမွာ အိမ္သံုး မီတာတြင္ တစ္ယူနစ္ (၆)ဘတ္ မွ (၅)ဘတ္ ျပား(၅၀)သို႔ လည္းေကာင္း၊ ပါ၀ါမီတာမ်ားအတြက္ တစ္ယူနစ္ (၇)ဘတ္(၂၅)ျပားမွ (၆)ဘတ္ (၇၅) ျပားသို႔ လည္းေကာင္း အသီးသီး ေလွ်ာ့ခ် သြားမည္ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ပျောက်ဆုံးယူနစ်များ လျှော့ချနိုင်ရန် အတွက် လျှပ်စစ်မီးကြိုးများ လဲလှယ်တပ်ဆင်မည်ဖြစ်ရာ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် ရပ်ကွက်/ကျေးရွာများအထိ ပါဝင်မည်ဖြစ်သော်လည်း မြို့တွင်းပိုင်း ရပ်ကွက်(၅)ခု ပြတ်တောက်မည်မဟုတ်ကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စု နှင့် ပုန်းထွန်၊ ဝမ်ကောင်း၊ တာလော့၊ မကာဟိုခမ်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့မှာ လျှပ်စစ်မီးများ ပြတ်တောက်မည်မဟုတ်ဘဲ ဆန်ဆိုင်း(က)ရပ်ကွက်မှ စ၍ မြို့ပြင် မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်းကျေးရွာအုပ်စုအထိ လျှပ်စစ်မီးအား ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သတ်မှတ်အချိန်အတိုင်း လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်သည်။

"မီးပြတ်မှာဆိုရင်တော့ ဆန်ဆိုင်း(က)ရယ်၊ မယ်ခေါင်၊ ရန်အောင်မြေ(ပါလျှံ)၊ ဝိန်းကျောက်၊ ပါဆတ်၊ ဝမ်လိ၊ ဝမ်ဟောင်၊ စက်မှုဇုန် အဲ့ဒါ ကျွန်တော်တို့ မြို့ထဲဘက်အခြမ်းပေါ့၊ မြို့ပြင်အခြမ်းဆိုရင် မိုင်းကိုးအထိလည်း ပါမယ်၊ မိုင်းဖုန်းအထိလည်း ပါမယ်။"ဟု အမြို့မီးလင်းရေးကော်မတီ(ရုံးခွဲ)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးမျိုးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ပြောသည်။

လျှပ်စစ်မီးကြိုးသစ်များ လဲလှယ်တပ်ဆင်ပြီးပါက ဖေဖော်ဝါရီလတွင် သုံးစွဲသည့် မီတာခများကို ထိုင်းဘတ်ငွေ ပြား(၅၀)အထိ လျော့ချပေးမည်ဖြစ်၍ မီးကြိုးလဲလှယ်ခြင်းကို ဇန်နဝါရီလကုန်အထိ အပြီးသတ် ဆောင်ရွက်မည်ဖြစ်၍ လျှပ်စစ်မီးကို သတ်မှတ်ပိုင်းတွင် နေ့ပိုင်း ဖြတ်တောက်ထားပြီး ညပိုင်းများတွင် ပုံမှန်အတိုင်း ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“(၃၁)ရက်နေ့ ကြိုးသွယ်အပြီး။ ၂၆၊ ၂၇ မှာ ကြိုးတွေရောက်မယ် ဒီဘက်ကမ်းကို အကုန်လုံးရောက်မယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစပြီး မီတာခတွေ လျှော့မယ်ဆိုတော့။ (၁)ရက်နေ့ကနေ စပြီး ဟိုဘက်က Votage ဘယ်လောက်ထိ ဝင်လာသလဲ။ (၃)လ ဖတ်မယ်လေ။ ကျွန်တော်တို့ ကြိုးသစ်လဲလိုက်တဲ့ အခါမှာ တစ်လ တစ်လ အရေးကြီးတဲ့ ပျောက်ဆုံးယူနစ်တွေ ဘယ်လောက်ထပ်ပြီး လျှော့ကျသွားသလဲပေါ့။ အဲဒါကို သိချင်တဲ့အတွက် ဇန်နဝါရီလ (၃၁)ရက်နေ့ အပြီးပေါ့။ မီးဖြတ်မှာကတော့ မနက် (၉)နာရီကနေ ညနေ (၃)နာရီအထိပေါ့။”ဟု တာချီလိတ်မြို့မီးလင်းရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောကြားထားသည်။

 ပျောက်ဆုံးယူနစ်များ လျှော့ချနိုင်ရေး အတွက် နည်းလမ်း (၃)မျိုးဖြင့် (၆)လစီမံချက်ချမှတ် ဆောင်ရွက်နပြေီး မီးကြိုး လဲလှယ်ခြင်းနှင့် မီးတာဘောက်များ လဲလှယ် တပ်ဆင်ခြင်းကို ဆောင်ရွက် နကြခြေင်း ဖြစ်သည်။

မြို့မီးလင်းရေးကော်မတီမှ တာချီလိတ်တွင် လျှပ်စစ်မီးသုံးစွဲနေသူ ပြည်သူများအား ဖေဖော်ဝါရီလတွင် သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို လျှော့ချပေးမည် ဖြစ်သဖြင့် ဇန်နဝါရီလ အတွင်း သုံးစွဲထားသည့် လျှပ်စစ်ဓာတ်အားခများမှာ ယခင်နှုန်းထားများ အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး မတ်လတွင် ကောက်ခံမည့် ( ဖေဖော်ဝါရီလအတွင်း အသုံးပြုခဲ့သည့် ) သုံးစွဲယူနစ်ခများမှာ အိမ်သုံး မီတာတွင် တစ်ယူနစ် (၆)ဘတ် မှ (၅)ဘတ် ပြား(၅၀)သို့ လည်းကောင်း၊ ပါဝါမီတာများအတွက် တစ်ယူနစ် (၇)ဘတ်(၂၅)ပြားမှ (၆)ဘတ် (၇၅) ပြားသို့ လည်းကောင်း အသီးသီး လျှော့ချ သွားမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~