တာချီလိတ်မြို့မဈေးတွင် ပတ်ဝန်းကျင်အနံ့ဆိုး မထွက်စေရန် အမှိုက်စင်စနစ် ထားရှိပေးထားသော်လည်း စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေဆဲဖြစ်၍ အသိပညာပေးမှုအပြီး အရေးယူသည်အထိ လုပ်ဆောင်မည်
တာချီလိတ်မြို့မဈေးတွင် ပတ်ဝန်းကျင်အနံ့ဆိုး မထွက်စေရန် အမှိုက်စင်စနစ် ထားရှိပေးထားသော်လည်း စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေဆဲဖြစ်၍ အသိပညာပေးမှုအပြီး အရေးယူသည်အထိ လုပ်ဆောင်မည်
ဇနျနဝါရီ 10, 2019
By Tachileik News Agency
ဝန်ထမ်းအင်အားလျှော့ချနိုင်ပြီး ပတ်ဝန်းကျင်အနံ့ဆိုး မထွက်စေရန် အမှိုက်စင်စနစ်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးတွင် စတင် ထားရှိပေးထားသော်လည်း ဈေးသည်များ အနေဖြင့် အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေဆဲဖြစ်၍ အသိပညာပေးခြင်းကို လုပ်ဆောင် နေရကြောင်း သိရသည်။
ဈေးအတွင်းမှ စွန့်ပစ်အမှိုက်များအား စည်ပင်သာယာရေးဌာနထံမှ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီက နေ့စဉ် သိမ်းဆည်းပေးနေခြင်းဖြစ်ပြီး လေးပေအမြင့်ရှိသည့် အမှိုက်ကန်ကို စည်ပင်သာယာရေးဌာနက ထားရှိ ပေးထားသော်လည်း ဈေးအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေဆဲဖြစ်သဖြင့် ဈေးသည်များ အနေဖြင့် အမှိုက်များကို အိတ်များအတွင်း ထည့်သွင်းစွန့်ပစ်ရန်အတွက် အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အမှိုက်ကန်ထားရှိပါက ပတ်ဝန်းကျင်အတွက် အနံ့အသက်ဆိုးများဖြင့် အဆင်မပြေဖြစ်သည့်အပြင် အမှိုက်ကန်မှ အမှိုက်များကို အမှိုက်သိမ်းကားများပေါ်သို့ တင်ဆောင်ရာတွင်လည်း ဂေါ်ပြားများ၊ တောင်းများဖြင့် ဝန်ထမ်းအင်အားများ အသုံးပြုရမှုကို လျော့ချနိုင်ရန် အမှိုက်စင်ကို စတင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဝန်ထမ်းအင်အားလျှော့ချနိုင်ပြီး ပတ်ဝန်းကျင်အနံ့ဆိုး မထွက်စေရန် အမှိုက်စင်စနစ်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးတွင် စတင် ထားရှိပေးထားသော်လည်း ဈေးသည်များ အနဖြေင့် အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေဆဲဖြစ်၍ အသိပညာပေးခြင်းကို လုပ်ဆောင် နေရကြောင်း သိရသည်။
“ဈေးသည်တွေ ကိုယ်တိုင်က လိုက်နာဖို့ရာ စိတ်ဝင်စားမှု နည်းပါးသေးတယ်ပေါ့။ လိုက်နာဖို့ရာအတွက် တစ်ကြိမ်ပြောမယ်။ နှစ်ကြိမ်ပြောမယ်။ အခေါက်ခေါက် အခါခါပြောမယ်။ ပြောလို့မှ မရရင်တော့ အဲဒီဈေးသည်ကို အရေးယူတဲ့ အပိုင်းတွေ ပါလာမယ်။ ဈေးရောင်းချခွင့် ရပ်ဆိုင်းတာတွေလည်း ပါလာမှာပေါ့။ ဈေးသည်ရဲ့ အမှိုက်ပုံကို မသိမ်းပေးတာ မဟုတ်ဘူး။ စနစ်တကျဖြစ်အောင် လုပ်ခိုင်းခြင်း ဖြစ်တယ်။ သူတို့ လုပ်ဖို့ရာ အတွက်လည်း ဘာအခက်အခဲမှ မရှိဘူး” ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့က ပြောသည်။
ဈေးအတွင်းမှ စွန့်ပစ်အမှိုက်များအား စည်ပင်သာယာရေးဌာနထံမှ လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီက နေ့စဉ် သိမ်းဆည်းပေးနခြေင်းဖြစ်ပြီး လေးပေအမြင့်ရှိသည့် အမှိုက်ကန်ကို စည်ပင်သာယာရေးဌာနက ထားရှိ ပေးထားသော်လည်း ဈေးအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေဆဲဖြစ်သဖြင့် ဈေးသည်များ အနဖြေင့် အမှိုက်များကို အိတ်များအတွင်း ထည့်သွင်းစွန့်ပစ်ရန်အတွက် အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ကျွန်တော်တို့ထားတာ ဇန်နဝါရီလ (၂) ရက်နေ့ကဆိုတော့ တစ်ပတ်တော့ရှိသွားပြီ။ ကျွန်တော် ဈေးအဖွဲ့ ကိုလည်း ပြောထားတယ်။ သူတို့ဖြည်းဖြည်းခြင်း ကျင့်သားရအောင်တော့ လုပ်သွားပါ။ ဖြည်းဖြည်းခြင်း သူတို့ အကျိုးခံစားခွင့် နားလည်လာတဲ့အခါမှာ သူတို့ သိလာလိမ့်မယ်။ စိတ်ရှည်ရှည်ထားလို့တော့ မှာထားတယ်” ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက ပြောသည်။
အမှိုက်ကန်ထားရှိပါက ပတ်ဝန်းကျင်အတွက် အနံ့အသက်ဆိုးများဖြင့် အဆင်မပြဖြေစ်သည့်အပြင် အမှိုက်ကန်မှ အမှိုက်များကို အမှိုက်သိမ်းကားများပေါ်သို့ တင်ဆောင်ရာတွင်လည်း ဂေါ်ပြားများ၊ တောင်းများဖြင့် ဝန်ထမ်းအင်အားများ အသုံးပြုရမှုကို လျော့ချနိုင်ရန် အမှိုက်စင်ကို စတင် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဝမ်ကောင်းဈေးတွင် စမ်းသပ်အသုံးပြုနေသည့် အမှိုက်စင်စနစ် အဆင်ပြေပါက အခြားဈေးများ တွင်လည်း အလားတူ စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~