ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသူမ်ားကို ထိုင္းဘက္က တာခ်ီလိတ္ ႏွင့္ ျမ၀တီ လြဲမွားကာ လႊဲေျပာင္းလာမႈမ်ား ရွိေန

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသူမ်ားကို ထိုင္းဘက္က တာခ်ီလိတ္ ႏွင့္ ျမ၀တီ လြဲမွားကာ လႊဲေျပာင္းလာမႈမ်ား ရွိေန
ဇန်နဝါရီ 12, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းဥပေဒမ်ားျဖင့္ အေရးယူၿပီးေနာက္ ျမန္မာ - ထိုင္း နယ္စပ္ဂိတ္မ်ားအထိ ပို႔ေဆာင္ လႊဲေျပာင္းေပးမႈ အျဖစ္ တာခ်ီလိတ္ ႏွင့္ ျမ၀တီသို႔ ပို႔ေဆာင္လႊဲေျပာင္းေပးမႈမ်ားရွိရာ ရံဖန္ရံခါမ်ားတြင္ ေဒသေ၀းသည့္ ျမန္မာႏိုင္ငံသားမ်ားကို ဂိတ္လႊဲ၍ လႊဲေျပာင္းမႈမ်ား ရွိေနသည့္အတြက္ ေနရပ္ျပန္ရန္ အခက္အခဲႏွင့္ ႀကံဳရသူမ်ား အေနျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေစေၾကာင္း သိရသည္။

"ထိုင္းဘက္ကို ျမ၀တီဘက္ကေန  သြားတဲ့သူကို ျမ၀တီဘက္ပို႔ေတာ့ ပိုအဆင္ေျပတာေပါ့၊ အခုက ျမ၀တီဘက္က လာတဲ့လူကို တာခ်ီလိတ္ဘက္ပို႔ေတာ့ သြားေရး၊ လာေရး အခက္အခဲေတြရွိတယ္၊ မြန္ျပည္နယ္ဘက္မွာ ေနတဲ့သူေတြကိုလည္း ဒီဘက္ကိုပဲ ခဏခဏ လႊဲလာတယ္၊ အခုလိုမ်ဳိးက်ေတာ့ သူတို႔ေတြ ဒီဘက္ ေရာက္ေတာ့ ေနရပ္ျပန္ဖို႔က ေငြေၾကးမရွိတဲ့ အခါမ်ဳိးေတြနဲ႔ သြားလာရ ေ၀းတာမ်ဳိးေတြ အတြက္ အခက္အခဲေတြျဖစ္ၾကတယ္"ဟု ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ(CNCMC)မွ ကိုထြန္းႏိုင္ဦး က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပေျပာသည္။

တာခ်ီလိတ္သည္ ျမန္မာႏိုင္ငံ၏ အေရွ႕ပိုင္းျဖစ္ၿပီး ပံုမွန္အားျဖင့္ ရွမ္းျပည္နယ္ ႏွင့္ မႏၱေလးတိုင္းအတြင္း ေနထိုင္သူမ်ားကို တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းေပးလာေလ့ ရွိေသာ္လည္း ယခုေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံ၏ ေအာက္ပိုင္းျဖစ္ၿပီး ျမ၀တီဘက္ႏွင့္ နီးသည့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ ႏွင့္  ဧရာ၀တီတိုင္း အပါအ၀င္ တနသၤာရီတိုင္းတို႔မွ ျမန္မာႏိုင္ငံသားမ်ားကို ျမ၀တီဘက္ မလႊဲဘဲ တာခ်ီလိတ္ဘက္သို႔ ထိုင္းတာ၀န္ရွိသူမ်ာက လႊဲေပးလာသည္မ်ား ရွိေနေၾကာင္း သိရသည္။

"ဟုတ္တယ္ဗ်၊ ကိုယ့္ျမန္မာႏိုင္ငံသားကို တာခ်ီလိတ္လႊဲလႊဲ ျမ၀တီဘက္လႊဲလဲႊဲကိစၥ မရွိဘူး ဆိုေပမဲ့၊ အခက္ႀကံဳေစတာက သူတို႔ေတြက ဖမ္းခံထားရေတာ့ လက္ထဲမွာ ေငြမပါလာဘူး၊ အဲ့လို အခါမ်ဳိးမွာ ေနရပ္ျပန္ဖို႔ လမ္းစရိတ္ အခက္အခဲျဖစ္တာေတြ၊ မျပန္တတ္ေတာ့တာေတြရွိလာတယ္။ အဲ့လိုအခါမ်ဳိးဆိုရင္ တာခ်ီလိတ္မွာ ေျခသလံုးအိမ္တိုင္ျဖစ္သြားေရာ၊ တာခ်ီလိတ္က လူမႈေရးအသင္းအဖြဲ႔ေတြကလည္း ကူညီေပးပါတယ္။ သို႔ေသာ္လည္း အၿမဲလိုလိုၾကေတာ့ အဆင္မေျပဘူးေပါ့။ ဒီလိုကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာဘက္ တာ၀န္ရွိသူမ်ားအေနနဲ႔ ျမန္မာ - ထိုင္း အစည္းအေ၀းမွာ ဒီကိစၥေလးေတြကို တင္ျပ ေဆြးေႏြးေပးရင္ သိပ္ေကာင္းမွာပဲလို႔ အႀကံျပဳခ်င္တယ္ဗ်ာ"ဟု တာခ်ီလိတ္ေန ဦးစိုင္းေနာင္က ေျပာသည္။

တာခ်ီလိတ္ ႏွင့္ ျမ၀တီ မွားလႊဲမႈမ်ားေၾကာင့္ ေဒသေ၀းသူမ်ားအတြက္ ေနရပ္ျပန္ရန္ လမ္းစရိတ္ အခက္အခဲမ်ားႏွင့္ ႀကံဳေတြ႕ရေၾကာင္း သိရသည္။

"အခုက တာခ်ီလိတ္ဘက္ပို႔ေတာ့ ျပန္ဖို႔အတြက္ အခက္အခဲေတာ့ ရွိတာေပါ့၊ လက္ထဲမွာလည္း ေငြလည္း မရွိဘူး၊ အိမ္ကို လွမ္းၿပီး မျဖစ္မေန ဆက္သြယ္ၿပီးမွ ျပန္ရေတာ့မွာ"ဟု ဖမ္းခံရၿပီး လႊဲေျပာင္းမႈတြင္ ပါလာသူ ျမ၀တီၿမိဳ႕ေန အမ်ဳိးသမီးတစ္ဦးက ဆိုသည္။

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးရခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား အေရးယူၿပီးေနာက္ တာခ်ီလိတ္ႏွင့္ ျမ၀တီသို႔ လႊဲေျပာင္းေပးလာမႈမ်ားထဲတြင္ တာခ်ီလိတ္သို႔ တစ္ပတ္လွ်င္ အနည္းဆံုး (၄)ႀကိမ္အထိ ရွိတတ္ေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇန္န၀ါရီလ(၁၂)ရက္ေန႔အထိ အမ်ဳိးသား (၄၈)ဦး၊ အမ်ဳိးသမီး (၃၃)ဦး ႏွင့္ ကေလးငယ္ (၁)ဦး စုစုေပါင္း (၈၂)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းဘက္မွ ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းလာမႈမ်ားႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၃၁)ရက္ေန႔အထိ အမ်ဳိးသား (၈၂၃)ဦး၊ အမ်ဳိးသမီး (၃၇၂)ဦး ႏွင့္ ကေလးငယ္ (၃၉)ဦး စုစုေပါင္း (၁၂၃၄)ဦးရွိခဲ့ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းဥပဒေများဖြင့် အရေးယူပြီးနောက် မြန်မာ - ထိုင်း နယ်စပ်ဂိတ်များအထိ ပို့ဆောင် လွှဲပြောင်းပေးမှု အဖြစ် တာချီလိတ် နှင့် မြဝတီသို့ ပို့ဆောင်လွှဲပြောင်းပေးမှုများရှိရာ ရံဖန်ရံခါများတွင် ဒေသေဝးသည့် မြန်မာနိုင်ငံသားများကို ဂိတ်လွှဲ၍ လွှဲပြောင်းမှုများ ရှိနေသည့်အတွက် နေရပ်ပြန်ရန် အခက်အခဲနှင့် ကြုံရသူများ အနဖြေင့် အဆင်မပြေမှုများ ဖြစ်စေကြောင်း သိရသည်။

"ထိုင်းဘက်ကို မြဝတီဘက်ကနေ သွားတဲ့သူကို မြဝတီဘက်ပို့တော့ ပိုအဆင်ပြေတာပေါ့၊ အခုက မြဝတီဘက်က လာတဲ့လူကို တာချီလိတ်ဘက်ပို့တော့ သွားရေး၊ လာရေး အခက်အခဲတွေရှိတယ်၊ မွန်ပြည်နယ်ဘက်မှာ နေတဲ့သူတွေကိုလည်း ဒီဘက်ကိုပဲ ခဏခဏ လွှဲလာတယ်၊ အခုလိုမျိုးကျတော့ သူတို့တွေ ဒီဘက် ရောက်တော့ နေရပ်ပြန်ဖို့က ငွေကြေးမရှိတဲ့ အခါမျိုးတွေနဲ့ သွားလာရေဝးတာမျိုးတွေ အတွက် အခက်အခဲတွဖြေစ်ကြတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှ ကိုထွန်းနိုင်ဦး က တာချီလိတ်သတင်း အေဂျင်စီသို့ ပြေပြောသည်။

တာချီလိတ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းဖြစ်ပြီး ပုံမှန်အားဖြင့် ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းအတွင်း နေထိုင်သူများကို တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာလေ့ ရှိသော်လည်း ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အောက်ပိုင်းဖြစ်ပြီး မြဝတီဘက်နှင့် နီးသည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်း အပါအဝင် တနင်္သာရီတိုင်းတို့မှ မြန်မာနိုင်ငံသားများကို မြဝတီဘက် မလွှဲဘဲ တာချီလိတ်ဘက်သို့ ထိုင်းတာဝန်ရှိသူမျာက လွှဲပေးလာသည်များ ရှိနေကြောင်း သိရသည်။

"ဟုတ်တယ်ဗျ၊ ကိုယ့်မြန်မာနိုင်ငံသားကို တာချီလိတ်လွှဲလွှဲ မြဝတီဘက်လွှဲလွှဲကိစ္စ မရှိဘူး ဆိုပေမဲ့၊ အခက်ကြုံစေတာက သူတို့တွေက ဖမ်းခံထားရတော့ လက်ထဲမှာ ငွေမပါလာဘူး၊ အဲ့လို အခါမျိုးမှာ နေရပ်ပြန်ဖို့ လမ်းစရိတ် အခက်အခဲဖြစ်တာတွေ၊ မပြန်တတ်တော့တာတွေရှိလာတယ်။ အဲ့လိုအခါမျိုးဆိုရင် တာချီလိတ်မှာ ခြေသလုံးအိမ်တိုင်ဖြစ်သွားရော၊ တာချီလိတ်က လူမှုရေးအသင်းအဖွဲ့တွေကလည်း ကူညီပေးပါတယ်။ သို့သော်လည်း အမြဲလိုလိုကြတော့ အဆင်မပြေဘူးပေါ့။ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက် တာဝန်ရှိသူများအနေနဲ့ မြန်မာ - ထိုင်း အစည်းအေဝးမှာ ဒီကိစ္စလေးတွေကို တင်ပြ ဆွေးနွေးပေးရင် သိပ်ကောင်းမှာပဲလို့ အကြံပြုချင်တယ်ဗျာ"ဟု တာချီလိတ်နေ ဦးစိုင်းနောင်က ပြောသည်။

တာချီလိတ် နှင့် မြဝတီ မှားလွှဲမှုများကြောင့် ဒေသေဝးသူများအတွက် နေရပ်ပြန်ရန် လမ်းစရိတ် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း သိရသည်။

"အခုက တာချီလိတ်ဘက်ပို့တော့ ပြန်ဖို့အတွက် အခက်အခဲတော့ ရှိတာပေါ့၊ လက်ထဲမှာလည်း ငွေလည်း မရှိဘူး၊ အိမ်ကို လှမ်းပြီး မဖြစ်မနေ ဆက်သွယ်ပြီးမှ ပြန်ရတော့မှာ"ဟု ဖမ်းခံရပြီး လွှဲပြောင်းမှုတွင် ပါလာသူ မြဝတီမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးရခံရသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား အရေးယူပြီးနောက် တာချီလိတ်နှင့် မြဝတီသို့ လွှဲပြောင်းပေးလာမှုများထဲတွင် တာချီလိတ်သို့ တစ်ပတ်လျှင် အနည်းဆုံး (၄)ကြိမ်အထိ ရှိတတ်ကြောင်းနှင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၁၂)ရက်နေ့အထိ အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၃၃)ဦး နှင့် ကလေးငယ် (၁)ဦး စုစုပေါင်း (၈၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်မှ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလာမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ အမျိုးသား (၈၂၃)ဦး၊ အမျိုးသမီး (၃၇၂)ဦး နှင့် ကလေးငယ် (၃၉)ဦး စုစုပေါင်း (၁၂၃၄)ဦးရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~