တာချီလိတ်မြို့တွင် (၉)နှစ်ကြာသည်အထိ မဖြေရှင်းနိုင်သေးသည့် ( ဈ )မြို့ကွက်သစ် စီမံကိန်း ကိစ္စ စာချွန်တော်အမိန့်ကျလာမှ အဖြေထွက်မည်

တာချီလိတ်မြို့တွင် (၉)နှစ်ကြာသည်အထိ မဖြေရှင်းနိုင်သေးသည့် ( ဈ )မြို့ကွက်သစ် စီမံကိန်း ကိစ္စ စာချွန်တော်အမိန့်ကျလာမှ အဖြေထွက်မည်
ဇန်နဝါရီ 20, 2019
By Tachileik News Agency
 


 
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ အကောင်အထည် ဖော်နေသည့် (ဈ) မြို့ကွက်သစ် စီမံကိန်းနေရာတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွားနခြေင်းကို (၉)နှစ်ကြာသည် အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရိီလအထိ စာချွန်တော်အမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စက လွှတ်တော်မှာဖြကြေားသွားတဲ့ အတိုင်းပဲ စာချွန်တော်အမိန့်ထွက်လာဖို့ စောင့်နေပါတယ်။ စာချွန်တော် အမိန့်ထွက်လာမှ ဘာဆက်လုပ်ရမယ်ဆိုတာ သိမှာပါ။ လတ်တလောတော့ အမိန့်လည်း ထွက်မလာသေးတော့ ဘာမှ ဆက်လုပ်လို့မရသေးဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်းထဲတွင် ပါဝင်သည့် အဆိုပါမြေယာကွက်သစ်စီမံကိန်းမှာ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးချဲ့မြို့ကွက်သစ် မြေအဖြစ် အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း တာဝန်ယူဖော်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင် အထည် ဖော်နိုင်ခဲ့ခြင်း မရှိသေးဘဲ မြေကွက်ရောင်းချထားသူများအပြင် အဆိုပါ မြေနေရာအား စီမံကိန်း မစတင်မီ နှစ်ရှည်သီးနှံစိုက်ပျိုးခွင့် ရထားခဲ့သူထံမှ ဝယ်ယူနေထိုင်သူများလည်းရှိသဖြင့် မြေယာ အငြင်းပွားမှုများ ဖြစ်ပွားနခြေင်းဖြစ်သည်။

ဝန်ထမ်းများအတွက် အိမ်ယာကွက်သစ် ဖော်ဆောင်နေသည့် အဆိုပါ ဈမြေကွက်သစ်၏ မြေဧရိယာ ဧက (၄၀)ကျော် အပါအဝင် စုစုပေါင်း မြေယာ (၉၃.၁၉)ဧကမှာ ယခင်က ဒေါ်နန်းခမ်းတစ်က မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုချက်ရရှိထားခဲ့သည့် မြေယာဖြစ်ပြီး မြေလွတ်မြေရိုင်း လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းသော တရားဝင်အမိန့်စာထွက်လာခြင်းမရှိဘဲ မြို့ကွက်သစ်ဖော်ဆောင်ခွင့်ကို ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency