ဆင္မ်ားရွင္ပရိယတၱိစာသင္တိုက္အတြင္း တရားမ၀င္ သစ္မ်ား သိမ္းဆည္းရမိ၍ တရားခံဖမ္းမိေရး စံုစမ္းေန

ဆင္မ်ားရွင္ပရိယတၱိစာသင္တိုက္အတြင္း တရားမ၀င္ သစ္မ်ား သိမ္းဆည္းရမိ၍ တရားခံဖမ္းမိေရး စံုစမ္းေန
ဇန်နဝါရီ 28, 2019
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဆင္မ်ားရွင္ပရိယတၱိစာသင္တိုက္အတြင္း၌ တရားမ၀င္ သစ္မ်ားကို ဖမ္းဆီးသိမ္းဆည္းရမိ၍ ပိုင္ရွင္အား ဖမ္းဆီးရမိရန္ စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ ရွိေၾကာင္း သိရသည္။

သစ္ေတာဦးစီးဌာန၊ သာသနာေရးဦးစီးဌာန၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ႏွင့္ ၿမိဳ႕နယ္သံဃာ့နာယကဥကၠ႒ အပါအ၀င္ သာသနာစည္းကမ္းထိန္းသိမ္းေရးဆရာေတာ္မ်ား အပါအ၀င္ တာ၀န္ရွိသူမ်ားမွ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ေန႔က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္ရပ္ကြက္အတြင္းရွိ ဆင္မ်ားရွင္ပရိယတၱိ စာသင္တိုက္အတြင္းသို႔ ၀င္ေရာက္ စစ္ေဆးရာက တရားမ၀င္ သစ္မ်ားကို ေတြ႔ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆင္မ်ားရွင္ပရိယတၱိစာသင္တိုက္အတြင္း မွ တရားမ၀င္ ပိေတာက္/တမလန္းဓါးေရြ စုစုေပါင္း (၄၉၂)တံုးအား ေတြ႔ရွိသိမ္းတည္းရမိရာ စုစုေပါင္း တန္မွာ (၁၇.၂၉၈၀)တန္ ရွိေၾကာင္း သိရၿပီး တရားခံအား စံုစမ္းေဖာ္ထုတ္ေနလ်က္ရွိေၾကာင္းႏွင့္ ရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - သစ္ေတာဦးစီးဌာန




~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆင်များရှင်ပရိယတ္တိစာသင်တိုက်အတွင်း၌ တရားမဝင် သစ်များကို ဖမ်းဆီးသိမ်းဆည်းရမိ၍ ပိုင်ရှင်အား ဖမ်းဆီးရမိရန် စုံစမ်းမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

သစ်တောဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ အပါအဝင် သာသနာစည်းကမ်းထိန်းသိမ်းရေးဆရာတော်များ အပါအဝင် တာဝန်ရှိသူများမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်အတွင်းရှိ ဆင်များရှင်ပရိယတ္တိ စာသင်တိုက်အတွင်းသို့ ဝင်ရောက် စစ်ဆေးရာက တရားမဝင် သစ်များကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆင်များရှင်ပရိယတ္တိစာသင်တိုက်အတွင်း မှ တရားမဝင် ပိတောက်/တမလန်းဓားရွေ စုစုပေါင်း (၄၉၂)တုံးအား တွေ့ရှိသိမ်းတည်းရမိရာ စုစုပေါင်း တန်မှာ (၁၇.၂၉၈၀)တန် ရှိကြောင်း သိရပြီး တရားခံအား စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်းနှင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - သစ်တောဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~