တစ္ႏုိင္ငံလံုး အလယ္တန္းအဆင့္ အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ တာခ်ီလိတ္က ပထမဆုရ

တစ္ႏုိင္ငံလံုး အလယ္တန္းအဆင့္ အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ တာခ်ီလိတ္က ပထမဆုရ
ဇန်နဝါရီ 4, 2019
By Tachileik News Agency

တစ္ႏုိင္ငံလံုးအဆင့္ မူလတန္းႏွင့္ အလယ္တန္းအဆင့္ အဂၤလိပ္စာ စြမ္းရည္ၿပိဳင္ပြဲႏွင့္ သခ်ၤာစြမ္းရည္ၿပိဳင္ပြဲ မ်ားတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း ကိုယ္စားျပဳအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕မွ ေက်ာင္းသား ေက်ာင္းသူ (၆)ဦးအနက္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသားတစ္ဦးက  အဂၤလိပ္စာစြမ္းရည္ ပထမဆုရရိွသြားေၾကာင္း သိရသည္။

“ပညာေရးဝန္ႀကီးဌာနကေန ႏွစ္တုိင္းႏွစ္တုိင္း ေလးတန္းကေန ရွစ္တန္းအထိ အဂၤလိပ္စာ၊ သခ်ၤာ စြမ္းရည္ၿပိဳင္ပြဲေတြ ၿပိဳင္တယ္ေလ။ အဲဒီလိုေရြးတဲ့အခါမွာ ကၽြန္ေတာ့္ေက်ာင္းက ကေလးေတြ ဝင္ၿပိဳင္ေတာ့ အခု ပထဆုရတဲ့ ကေလးက ၿမိဳ႕နယ္အဆင့္မွာ ဒုတိယရတယ္။ အဲဒီကေလး အပါအဝင္ ၿမိဳ႕နယ္အဆင့္က ပထမ၊ ဒုတိယ၊ တတိယ ရတဲ့ကေလးေတြ က်ိဳင္းတံုမွာ ျပည္နယ္အဆင့္ထပ္ၿပိဳင္တယ္။ အဲဒီမွာေတာ့ အခုဆုရတဲ့ ကေလးက ပထမရသြားတယ္။ ျပည္နယ္အဆင့္မွာ တုိင္းနဲ႔ျပည္နယ္ (၁၈)ခုက ပထမရသူေတြ ထပ္ၿပိဳင္ရတာပါ။ အဲဒီမွာ ဒီကေလးက ပထမရခဲ့တာပါ”ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၃)ရက္ေန႔က ေျပာသည္။

ေနျပည္ေတာ္၌ က်င္းပသည့္ ဗဟိုအဆင့္ အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲႏွင့္ သခ်ၤာစြမ္းရည္ၿပိဳင္ပြဲမ်ားတြင္ အထက(တာခ်ီလိတ္)မွ ေက်ာင္းသားေက်ာင္းသူ (၃)ဦးႏွင့္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူ (၃)ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္အနက္ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္းမွ ပဥၥမတန္းေက်ာင္းသား ေမာင္စိုင္းေခးသွ်ံက တစ္နုိင္ငံလံုးအဆင့္ အဂၤလိပ္စာ စြမ္းရည္ ပထမအဆင့္ ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ့္ ကေလးက ျပည္နယ္အဆင့္မွာ ပထမရၿပီး ဗဟိုအဆင့္မွာ ပထမရသြားတဲ့ကေလးက ၿမိဳ႕နယ္အဆင့္မွာ ဒုတိယနဲ႔ တက္သြားတဲ့ ကေလးပါ။ ဆိုေတာ့ ေနာက္ပိုင္းမွာ ၿမိဳ႕နယ္အဆင့္ေတြအေနနဲ႔  ေရြးခ်ယ္မႈမွာ မွန္မွန္ကန္ကန္ေလး ေရြးခ်ယ္ေစခ်င္ပါတယ္”ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနျပည္ေတာ္၌ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၇)ရက္ေန႔တြင္ စကာတင္ေရြးခ်ယ္သည့္ ၿပိဳင္ပြဲက်င္းပကာ (၂၈)ရက္ေန႔တြင္ ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲကို က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဗဟိုအဆင့္ အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ အထက တာခ်ီလိတ္မွ စတုတၳတန္းအဆင့္၌ ေမာင္စ်ာန္ထက္သီလ၊ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ပဥၥမတန္းအဆင့္ ေမာင္စိုင္းေခးသွ်ံႏွင့္ အထက တာခ်ီလိတ္မွ အဌမတန္းအဆင့္ ေမာင္ေအာင္ျမင့္မိုရ္တို႔က လည္းေကာင္း၊ သခ်ၤာစြမ္းရည္ ၿပိဳင္ပြဲတြင္ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ပဥၥမတန္းအဆင့္ ေမာင္စိုင္းေလာဝ္လ်ံ၊ အထက တာခ်ီလိတ္မွ သတၱမတန္းအဆင့္ မခင္နံ႔သာခိုင္ႏွင့္ အထက တာခ်ီလိတ္မွ ေမာင္ေျပမိုးတို႔ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

တစ်နိုင်ငံလုံးအဆင့် မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ များတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်မြို့မှ ကျောင်းသား ကျောင်းသူ (၆)ဦးအနက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးက အင်္ဂလိပ်စာစွမ်းရည် ပထမဆုရရှိသွားကြောင်း သိရသည်။

“ပညာရေးဝန်ကြီးဌာနကနေ နှစ်တိုင်းနှစ်တိုင်း လေးတန်းကနေ ရှစ်တန်းအထိ အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲတွေ ပြိုင်တယ်လေ။ အဲဒီလိုရွေးတဲ့အခါမှာ ကျွန်တော့်ကျောင်းက ကလေးတွေ ဝင်ပြိုင်တော့ အခု ပထဆုရတဲ့ ကလေးက မြို့နယ်အဆင့်မှာ ဒုတိယရတယ်။ အဲဒီကလေး အပါအဝင် မြို့နယ်အဆင့်က ပထမ၊ ဒုတိယ၊ တတိယ ရတဲ့ကလေးတွေ ကျိုင်းတုံမှာ ပြည်နယ်အဆင့်ထပ်ပြိုင်တယ်။ အဲဒီမှာတော့ အခုဆုရတဲ့ ကလေးက ပထမရသွားတယ်။ ပြည်နယ်အဆင့်မှာ တိုင်းနဲ့ပြည်နယ် (၁၈)ခုက ပထမရသူတွေ ထပ်ပြိုင်ရတာပါ။ အဲဒီမှာ ဒီကလေးက ပထမရခဲ့တာပါ”ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၃)ရက်နေ့က ပြောသည်။

နပြေည်တော်၌ ကျင်းပသည့် ဗဟိုအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် အထက(တာချီလိတ်)မှ ကျောင်းသားကျောင်းသူ (၃)ဦးနှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ပဉ္စမတန်းကျောင်းသား မောင်စိုင်းခေးသျှံက တစ်နိုင်ငံလုံးအဆင့် အင်္ဂလိပ်စာ စွမ်းရည် ပထမအဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့် ကလေးက ပြည်နယ်အဆင့်မှာ ပထမရပြီး ဗဟိုအဆင့်မှာ ပထမရသွားတဲ့ကလေးက မြို့နယ်အဆင့်မှာ ဒုတိယနဲ့ တက်သွားတဲ့ ကလေးပါ။ ဆိုတော့ နောက်ပိုင်းမှာ မြို့နယ်အဆင့်တွေအနေနဲ့ ရွေးချယ်မှုမှာ မှန်မှန်ကန်ကန်လေး ရွေးချယ်စေချင်ပါတယ်”ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နပြေည်တော်၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် စကာတင်ရွေးချယ်သည့် ပြိုင်ပွဲကျင်းပကာ (၂၈)ရက်နေ့တွင် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အထက တာချီလိတ်မှ စတုတ္ထတန်းအဆင့်၌ မောင်ဈာန်ထက်သီလ၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ပဉ္စမတန်းအဆင့် မောင်စိုင်းခေးသျှံနှင့် အထက တာချီလိတ်မှ အဌမတန်းအဆင့် မောင်အောင်မြင့်မိုရ်တို့က လည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ပဉ္စမတန်းအဆင့် မောင်စိုင်းလောဝ်လျံ၊ အထက တာချီလိတ်မှ သတ္တမတန်းအဆင့် မခင်နံ့သာခိုင်နှင့် အထက တာချီလိတ်မှ မောင်ပြေမိုးတို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~