စစ္ကိုင္းတံတားေပၚမွ ခုန္ခ်သြားသည့္ သားအဖ ႏွစ္ဦးအနက္ ဖခင္ျဖစ္သူ၏ ရုပ္အေလာင္းအား (၃)ရက္အၾကာတြင္ ျမစ္အတြင္းက ေတြ႔ရွိရ

စစ္ကိုင္းတံတားေပၚမွ ခုန္ခ်သြားသည့္ သားအဖ ႏွစ္ဦးအနက္ ဖခင္ျဖစ္သူ၏ ရုပ္အေလာင္းအား (၃)ရက္အၾကာတြင္ ျမစ္အတြင္းက ေတြ႔ရွိရ
ဇန်နဝါရီ 30, 2019
By Tachileik News Agency

စစ္ကိုင္းတံတားေပၚက ခုန္ခ်သြားသည့္ သားအဖ ႏွစ္ဦး၏ ရုပ္ေလာင္းမ်ားအနက္ ဖခင္ျဖစ္သူ၏ ရုပ္အေလာင္းအား ဧရာ၀တီျမစ္အတြင္း၌ ဇန္န၀ါရီလ(၃၀)ရက္ေန႔ နံနက္ပိုင္းက ရွာေဖြေတြ႔ ဆယ္ယူခဲ့ၾကေၾကာင္း စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႔(SERT)ထံက သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔က ဦးစိုးမင္းသိန္းသည္ ၎၏ သမီးျဖစ္သူသည့္ မ်က္လံုးကင္ဆာေရာဂါ ခံစားေနရသူ အသက္(၄)ႏွစ္၀န္းက်င္ရွိ မျဖဴစင္သြယ္အား ခ်ီ၍ စစ္ကိုင္းၿမိဳ႕ရွိ စစ္ကိုင္းတံတားေပၚက ခုန္ခ်သြားရာမွ လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႔မ်ားက အဆိုပါ ေန႔ကစ၍ ဇန္န၀ါရီလ (၃၀)ရက္ေန႔အထိ ရွာေဖြမႈမ်ားျပဳလုပ္ရာမွ ဇန္န၀ါရီလ(၃၀)ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္တြင္ ဦးစိုးမင္းသိန္း၏ ရုပ္အေလာင္းအား ဧရာ၀တီျမစ္အတြင္း ေတြ႔ရွိရျခင္းျဖစ္ေသာ္လည္း ကေလးငယ္၏ ရုပ္အေလာင္းအား ရွာေဖြေတြ႔ရွိရျခင္းမရွိေသးေၾကာင္း သိရသည္။

"လူႀကီးရဲ႕ အေလာင္းကိုေတာ့ နံနက္ပိုင္းက ျမစ္ထဲမွာ ေတြ႔တာပါ၊ အခု ကံြ်န္ေတာ္တို႔ ကေလးရဲ႕ အေလာင္းကို ဆက္ရွာေနပါတယ္"ဟု စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႔(SERT) တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၃၀)ရက္ေန႔တြင္ ေျပာသည္။

အသက္(၄)ႏွစ္၀န္းက်င္ရွိ မျဖဴစင္သြယ္သည္ မ်က္လံုးကင္ဆာေရာဂါကို ခံစားေနရၿပီး ခြဲစိတ္ရန္ ရက္ပိုင္းအလိုတြင္ ဖခင္ျဖစ္သူမွ ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္ပိုင္းက ေနအိမ္မွ ထြက္ခြာလာခဲ့ၿပီးေနာက္ တံတားေပၚက ခုန္ခ်သြားျခင္းျဖစ္ေၾကာင္း ႏွင့္ တံတားေပၚက မခုန္ခ်မီတြင္ တံတားေပၚ၌ ဖိနပ္အား ခြ်တ္ခဲ့ေၾကာင္း မ်က္ျမင္ေတြ႔ရွိရသူမ်ားထံက သိရသည္။

အဆိုပါ သားအဖႏွစ္ဦးမွာ မႏၱေလးၿမိဳ႕ ကန္ပတ္လမ္း ၀ါဆိုေက်ာင္းတိုက္အနီးတြင္ ေနထိုင္သူမ်ား ျဖစ္ေၾကာင္းႏွင့္ ဇန္န၀ါရီလ(၃၀)ရက္ေန႔ နံနက္(၁၀း၄၀)နာရီအထိ ကေလးငယ္၏ ရုပ္အေလာင္းအား ျမစ္အတြင္း၌ ဆက္လက္ရွာေဖြေနလွ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency

ဓါတ္ပံု - စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕(SERT)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ကိုင်းတံတားပေါ်က ခုန်ချသွားသည့် သားအဖ နှစ်ဦး၏ ရုပ်လောင်းများအနက် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းအား ဧရာဝတီမြစ်အတွင်း၌ ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်ပိုင်းက ရှာဖွေတွေ့ ဆယ်ယူခဲ့ကြကြောင်း စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT)ထံက သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့က ဦးစိုးမင်းသိန်းသည်၎င်း၏ သမီးဖြစ်သူသည့် မျက်လုံးကင်ဆာရောဂါ ခံစားနေရသူ အသက်(၄)နှစ်ဝန်းကျင်ရှိ မဖြူစင်သွယ်အား ချီ၍ စစ်ကိုင်းမြို့ရှိ စစ်ကိုင်းတံတားပေါ်က ခုန်ချသွားရာမှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက အဆိုပါ နေ့ကစ၍ ဇန်နဝါရီလ (၃၀)ရက်နေ့အထိ ရှာဖွေမှုများပြုလုပ်ရာမှ ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်တွင် ဦးစိုးမင်းသိန်း၏ ရုပ်အလောင်းအား ဧရာဝတီမြစ်အတွင်း တွေ့ရှိရခြင်းဖြစ်သော်လည်း ကလေးငယ်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိရခြင်းမရှိသေးကြောင်း သိရသည်။

"လူကြီးရဲ့ အလောင်းကိုတော့ နံနက်ပိုင်းက မြစ်ထဲမှာ တွေ့တာပါ၊ အခု ကျွံန်တော်တို့ ကလေးရဲ့ အလောင်းကို ဆက်ရှာနေပါတယ်"ဟု စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT) တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပြောသည်။

အသက်(၄)နှစ်ဝန်းကျင်ရှိ မဖြူစင်သွယ်သည် မျက်လုံးကင်ဆာရောဂါကို ခံစားနေရပြီး ခွဲစိတ်ရန် ရက်ပိုင်းအလိုတွင် ဖခင်ဖြစ်သူမှ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက နေအိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် တံတားပေါ်က ခုန်ချသွားခြင်းဖြစ်ကြောင်း နှင့် တံတားပေါ်က မခုန်ချမီတွင် တံတားပေါ်၌ ဖိနပ်အား ချွတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိရသူများထံက သိရသည်။

အဆိုပါ သားအဖနှစ်ဦးမှာ မန္တလေးမြို့ ကန်ပတ်လမ်း ဝါဆိုကျောင်းတိုက်အနီးတွင် နေထိုင်သူများ ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်(၁၀း၄၀)နာရီအထိ ကလေးငယ်၏ ရုပ်အလောင်းအား မြစ်အတွင်း၌ ဆက်လက်ရှာဖွေနေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~