အရက္အတုေၾကာင့္ ျမန္မာလုပ္သားမ်ား အပါအ၀င္ ေသဆံုးမႈမ်ားခဲ့၍ အရက္တုထုတ္လုပ္သူမ်ားကို မေလးရွားအစိုးရ ရွာေဖြဖမ္းဆီး အေရးယူ

အရက္အတုေၾကာင့္ ျမန္မာလုပ္သားမ်ား အပါအ၀င္ ေသဆံုးမႈမ်ားခဲ့၍ အရက္တုထုတ္လုပ္သူမ်ားကို မေလးရွားအစိုးရ ရွာေဖြဖမ္းဆီး အေရးယူ
ဇန်နဝါရီ 23, 2019
By Tachileik News Agency

အရက္တုမ်ားေၾကာင့္ ျမန္မာလုပ္သားမ်ား အပါအဝင္ လူေသဆံုးမႈမ်ားရိွခဲ့သည့္ မေလးရွားႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၉)ရက္ေန႔က ဘန္ဒါကမ္ရာရာရိွ ကမ္ရာရာစက္မႈဇုန္ဧရိယာ အတြင္း ဝင္ေရာက္ ရွာေဖြရာ အရက္တုထုတ္လုပ္သည့္ အမ်ိဳးသား(၉)ဦးကို ဖမ္းဆီးရမိသည့္အနက္ ျမန္မာအမ်ိဳးသား (၅)ဦး ပါဝင္ေၾကာင္း သိရသည္။

အခြန္မေဆာင္ဘဲ တင္သြင္းသည့္ အရက္အပါအဝင္ နာမည္ႀကီးတံဆိပ္ပါ အရက္ပုလင္းတန္ဖိုး စုစုေပါင္း ရင္းဂစ္ (၁.၆)မီလီယံတန္ဖိုးကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရိွသူမ်ားက ၿပီးခဲ့သည့္ စေနေန႔ သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာၾကားေၾကာင္း သိရသည္။

“စံုစမ္းစစ္ေဆးမႈေတြ အရ အိမ္နီးခ်င္းႏုိင္ငံေတြကေန ေမွာင္ခိုတင္သြင္းလာၿပီး ကလန္းဗယ္လီတစ္ဝုိက္နဲ႔ ေျမာက္ပိုင္းက ေဖ်ာ္ေျဖေရး လုပ္ငန္းေတြမွာ ျဖန္႔ျဖဴးဖို႔ ျဖစ္တယ္လုိ႔ သိရတယ္”ဟု တာဝန္ရိွသူမ်ားက သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

အဆိုပါ အရက္တုမ်ားႏွင့္ ဆက္စပ္၍ ေလာ္ရီကား(၂)စီး၊ ေဖာ့ခ္လစ္တစ္စီးႏွင့္ ကား(၂)စီး၊ မေလးရွားရင္းဂစ္ (၁၈၆,၀၀၀)ကိုလည္း သိမ္းဆည္းရမိခဲ့ကာ အေကာက္ခြန္ တံဆိပ္ေခါင္းအတု (၂၀၀၀)ကိုလည္း ရဲတပ္ဖြဲ႕က သိမ္းဆည္း ရမိထားေၾကာင္း သိရသည္။

အရက္တုေမွာင္ခို တင္သြင္းမႈျဖင့္ သံသယရိွသူ(၉)ဦးကို ၁၉၆၇ ခုႏွစ္ အေကာက္ခြန္အက္ဥပေဒ ပုဒ္မ ၁၃၇ ႏွင့္ ၁၉၅၉/၆၃ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၆(၁)(၈)တို႔ျဖင့္ အမႈဖြင့္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

ဘာသာျပန္ - ဆာခူရာ ( Tachileik News Agency )
Ref; Dailyexpress
Photo: Vaaju , The Star,



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အရက်တုများကြောင့် မြန်မာလုပ်သားများ အပါအဝင် လူသေဆုံးမှုများရှိခဲ့သည့် မလေးရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့က ဘန်ဒါကမ်ရာရာရှိ ကမ်ရာရာစက်မှုဇုန်ဧရိယာ အတွင်း ဝင်ရောက် ရှာဖွေရာ အရက်တုထုတ်လုပ်သည့် အမျိုးသား(၉)ဦးကို ဖမ်းဆီးရမိသည့်အနက် မြန်မာအမျိုးသား (၅)ဦး ပါဝင်ကြောင်း သိရသည်။

အခွန်မဆောင်ဘဲ တင်သွင်းသည့် အရက်အပါအဝင် နာမည်ကြီးတံဆိပ်ပါ အရက်ပုလင်းတန်ဖိုး စုစုပေါင်း ရင်းဂစ် (၁.၆)မီလီယံတန်ဖိုးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးမှုတွေ အရ အိမ်နီးချင်းနိုင်ငံတွေကနေ မှောင်ခိုတင်သွင်းလာပြီး ကလန်းဗယ်လီတစ်ဝိုက်နဲ့ မြောက်ပိုင်းက ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ဖြန့်ဖြူးဖို့ ဖြစ်တယ်လို့ သိရတယ်”ဟု တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ အရက်တုများနှင့် ဆက်စပ်၍ လော်ရီကား(၂)စီး၊ ဖော့ခ်လစ်တစ်စီးနှင့် ကား(၂)စီး၊ မလေးရှားရင်းဂစ် (၁၈၆,ဝဝဝ)ကိုလည်း သိမ်းဆည်းရမိခဲ့ကာ အကောက်ခွန် တံဆိပ်ခေါင်းအတု (၂၀၀၀)ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိထားကြောင်း သိရသည်။

အရက်တုမှောင်ခို တင်သွင်းမှုဖြင့် သံသယရှိသူ(၉)ဦးကို ၁၉၆၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၃၇ နှင့် ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၆(၁)(၈)တို့ဖြင့် အမှုဖွင့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဘာသာပြန် - ဆာခူရာ ( Tachileik News Agency )
Ref; Dailyexpress
Photo: Vaaju , The Star,

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~