တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႔ရံုးတြင္ လူပုဂၢိဳလ္မ်ားနည္းတူ သီလရွင္/သံဃာေတာ္မ်ားအား ႏိုင္ငံကူးလက္မွတ္မ်ား အဆင္ေျပစြာ ျပဳလုပ္ေပးေန

တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႔ရံုးတြင္ လူပုဂၢိဳလ္မ်ားနည္းတူ သီလရွင္/သံဃာေတာ္မ်ားအား ႏိုင္ငံကူးလက္မွတ္မ်ား အဆင္ေျပစြာ ျပဳလုပ္ေပးေန
ဇန်နဝါရီ 18, 2019
By Tachileik News Agency

ျပည္ပႏိုင္ငံမ်ားသို႔ သာသနာျပဳခရီး သြားေရာက္မည့္ သီလရွင္/သံဃာေတာ္မ်ား အတြက္ ႏိုင္ငံကူး လက္မွတ္ (Passport)စာအုပ္မ်ားကို တာခ်ီလိတ္တြင္ ဖြင့္လွစ္ထားရွိသည့္ ျမန္မာႏုိင္ငံကူး လက္မွတ္ ထုတ္ေပးေရးအဖြဲ႔ရံုးခြဲ(တာခ်ီလိတ္)၌ ရံုးဖြင့္ခ်ိန္မ်ားတြင္ လူပုဂိၢဳလ္မ်ား နည္းတူ လြယ္ကူစြာ ေဆာင္ရြက္ ေပးေနလ်က္ ရွိေၾကာင္း သိရသည္။

ႏိုင္ငံကူးလက္မွတ္ (Passport)စာအုပ္ ျပဳလုပ္လိုသည့္ သီလရွင္/သံဃာေတာ္မ်ား အေနျဖင့္ သာသနာ၀င္ စိစစ္ေရးကတ္ျပား အပါအ၀င္ သက္ဆိုင္ရာ ၿမိဳ႕နယ္သံဃနာယကအဖြဲ႔၏ ေထာက္ခံခ်က္ ႏွင့္ က်ပ္(၂၅,၀၀၀)သာ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

“သာသနာ၀န္မွတ္တမ္းနဲ႔ ၿမိဳ႕နယ္သံဃနာယက ေထာက္ခံခ်က္ ပါရင္ရပါၿပီ”ဟု ျမန္မာႏိုင္ငံကူး လက္မွတ္ထုတ္ေပးေရးအဖြဲ႕ခြဲရံုးခြဲ တာခ်ီလိတ္မွ တာ၀န္ရိွသူတစ္ဦးက ေျပာသည္။

ျမန္မာႏုိင္ငံကူး လက္မွတ္ ထုတ္ေပးေရးအဖြဲ႔ရံုးခြဲ(တာခ်ီလိတ္)တြင္ လက္မွတ္လုပ္ခမ်ားကို သီးျခားအေနျဖင့္ ျမန္မာ့စီးပြားေရးဘဏ္သို႔ သြားေရာက္သြင္းရန္မလိုပဲ အဆိုပါ ရံုး၌ပင္ ေငြသြင္းႏိုင္ရန္ စီစဥ္ေပးထားေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာက တိုင္းရင္းသားေတြမ်ားေတာ့ ႏိုင္ငံကူးလက္မွတ္အတြက္ ဒီမွာလုပ္၊ ေငြသြင္းတာက ျမန္မာ့စီးပြားေရးဘဏ္မွာ သြားသြင္းဆိုရင္ အဆင္မေျပမွာဆိုလို႔ ကြ်န္ေတာ္တို႔အေနနဲ႔ ရံုးလုပ္ငန္းဆိုင္ရာ ကိစၥမ်ားကို တစ္ေနရာတည္းမွာ ၿပီးေအာင္ ေန႔ခ်င္းအၿပီး လုပ္ေပးေနပါတယ္၊ ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြသြင္းဖို႔ဆိုရင္ ဘဏ္ကို မသြားခိုင္းေတာ့ဘဲ ဒီမွာ တစ္ခါတည္း သြင္းလို႔ရေအာင္ စီစဥ္ေပးထားတယ္၊ ဘဏ္ေငြသြင္းတာကို ကြ်န္ေတာ္တို႔က လက္ခံေပးၿပီး၊ ညေန ရံုးပိတ္ခါနီးဆိုရင္ ဘဏ္မွာ ကြ်န္ေတာ္တို႔ ေငြသြားသြင္းပါတယ္။" ျမန္မာႏုိင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႔ရံုးခြဲ(တာခ်ီလိတ္)မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္တြင္ ႏိုင္ငံကူးလက္မွတ္ (Passport)စာအုပ္ ျပဳလုပ္လိုသည့္ သီလရွင္/သံဃာေတာ္မ်ား အေနျဖင့္ သက္ဆိုင္ရာ  ၿမိဳ႕နယ္သံဃနာယကအဖြဲ႔၏ ေထာက္ခံခ်က္ရယူျခင္းႏွင့္ ပတ္သက္၍ ေရႊက်င္ဂိုဏ္း၀င္ သီလရွင္/သံဃာေတာ္ ျဖစ္ပါက တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္တြင္ သြားေရာက္ ယူရမည္ျဖစ္ၿပီး သုဓမၼာဂိုဏ္း၀င္ သီလရွင္/သံဃာေတာ္ ျဖစ္ပါက တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ရွိ နဂါးႏွစ္ေကာင္းေက်ာင္းတိုက္သို႔ သြားေရာက္ ယူရမည္ျဖစ္ေၾကာင္း သိရသည္။

သာသနာေရး ၀န္ႀကီးဌာန၏ ေထာက္ခံခ်က္ လိုအပ္ပါကလည္း အလြယ္တကူ ျပဳလုပ္ေပးေနေၾကာင္း တာခ်ီလိတ္ခရိုင္သာသနာေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းၾကည္ေမာင္က ေျပာၾကားသည္။

ႏိုင္ငံကူးလက္မွတ္(passport) ေလွ်ာက္ထားရာတြင္ လိုအပ္သည့္ စာရြက္စာတမ္းအေသးစိတ္မွာ မွတ္ပံုတင္မူရင္း၊ အိမ္ေထာင္စုဇယားမူရင္း၊ ႏုိင္ငံေရးပါတီ၊ NGO အဖဲြ႕အစည္းတစ္ခုခုမွ ျဖစ္ပါက သက္ဆုိင္ရာ အႀကီးအကဲ၏ ကန္႔ကြက္ရန္မရိွေၾကာင္း ေထာက္ခံခ်က္အား ရံုးတံဆိပ္ျဖင့္ ထုတ္ေပး သည့္စာ၊ ဝန္ထမ္းျဖစ္ပါက ျပည္ပခြင့္စာရြက္၊ တပ္မေတာ္သားမ်ား၏ မိသားစုဝင္ျဖစ္ပါက ကက(ၾကည္း)ေထာက္ခံစာ၊ အၿငိမ္းစားဝန္ထမ္းျဖစ္ပါက ပင္စင္စာအုပ္(သို႔မဟုတ္) အၿငိမ္းစားစာ၊ ထုတ္ပယ္ခံရေသာ ဝန္ထမ္းျဖစ္ပါက ထုတ္ပယ္စာ၊ ျပစ္ဒဏ္က်ခံဖူးသူျဖစ္ပါက ေထာင္လြတ္ဝရမ္းစာ၊ ရဟန္းသံဃာျဖစ္ပါက ၿမိဳ႕နယ္သံဃနာယကအဖြဲ႕၏ ေထာက္ခံခ်က္ႏွင့္ သာသနာဝင္ကတ္ျပားမ်ား မူရင္းအေထာက္အထား တင္ျပရန္ လိုအပ္ေၾကာင္း သိရွိရသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲ(တာခ်ီလိတ္)အား တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရွမ္းရိုးမကြင္းေရွ႕ရွိ ေအာင္ခ်မ္းသာတိုက္တန္းတြင္ ဖြင့္လွစ္ထားရွိၿပီး  တာခ်ီလိတ္နည္းတူ ျမ၀တီ ႏွင့္ ေကာ့ေသာင္းတို႔တြင္လည္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးရံုးခြဲမ်ားကို ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၅)ရက္ေန႔တြင္ တစ္ၿပိဳင္နက္တည္း စတင္ဖြင့္လွစ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္






~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်ပနိုင်ငံများသို့ သာသနာပြုခရီး သွားရောက်မည့် သီလရှင်/သံဃာတော်များ အတွက် နိုင်ငံကူး လက်မှတ် (Passport)စာအုပ်များကို တာချီလိတ်တွင် ဖွင့်လှစ်ထားရှိသည့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(တာချီလိတ်)၌ ရုံးဖွင့်ချိန်များတွင် လူပုဂိ္ဂုလ်များ နည်းတူ လွယ်ကူစွာ ဆောင်ရွက် ပေးနေလျက် ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် (Passport)စာအုပ် ပြုလုပ်လိုသည့် သီလရှင်/သံဃာတော်များ အနဖြေင့် သာသနာဝင် စိစစ်ရေးကတ်ပြား အပါအဝင် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် နှင့် ကျပ်(၂၅,ဝဝဝ)သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

“သာသနာဝန်မှတ်တမ်းနဲ့ မြို့နယ်သံဃနာယက ထောက်ခံချက် ပါရင်ရပါပြီ”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံးခွဲ တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(တာချီလိတ်)တွင် လက်မှတ်လုပ်ခများကို သီးခြားအနဖြေင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်သွင်းရန်မလိုပဲ အဆိုပါ ရုံး၌ပင် ငွေသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

"တာချီလိတ်မှာက တိုင်းရင်းသားတွေများတော့ နိုင်ငံကူးလက်မှတ်အတွက် ဒီမှာလုပ်၊ ငွေသွင်းတာက မြန်မာ့စီးပွားရေးဘဏ်မှာ သွားသွင်းဆိုရင် အဆင်မပြေမှာဆိုလို့ ကျွန်တော်တို့အနေနဲ့ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများကို တစ်နေရာတည်းမှာ ပြီးအောင် နေ့ချင်းအပြီး လုပ်ပေးနေပါတယ်၊ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသွင်းဖို့ဆိုရင် ဘဏ်ကို မသွားခိုင်းတော့ဘဲ ဒီမှာ တစ်ခါတည်း သွင်းလို့ရအောင် စီစဉ်ပေးထားတယ်၊ ဘဏ်ငွေသွင်းတာကို ကျွန်တော်တို့က လက်ခံပေးပြီး၊ ညနေ ရုံးပိတ်ခါနီးဆိုရင် ဘဏ်မှာ ကျွန်တော်တို့ ငွေသွားသွင်းပါတယ်။" မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(တာချီလိတ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်တွင် နိုင်ငံကူးလက်မှတ် (Passport)စာအုပ် ပြုလုပ်လိုသည့် သီလရှင်/သံဃာတော်များ အနဖြေင့် သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်ရယူခြင်းနှင့် ပတ်သက်၍ ရွှေကျင်ဂိုဏ်းဝင် သီလရှင်/သံဃာတော် ဖြစ်ပါက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် သွားရောက် ယူရမည်ဖြစ်ပြီး သုဓမ္မာဂိုဏ်းဝင် သီလရှင်/သံဃာတော် ဖြစ်ပါက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်းကျောင်းတိုက်သို့ သွားရောက် ယူရမည်ဖြစ်ကြောင်း သိရသည်။

သာသနာရေး ဝန်ကြီးဌာန၏ ထောက်ခံချက် လိုအပ်ပါကလည်း အလွယ်တကူ ပြုလုပ်ပေးနေကြောင်း တာချီလိတ်ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကြည်မောင်က ပြောကြားသည်။

နိုင်ငံကူးလက်မှတ်(passport) လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းအသေးစိတ်မှာ မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတစ်ခုခုမှ ဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်အား ရုံးတံဆိပ်ဖြင့် ထုတ်ပေး သည့်စာ၊ ဝန်ထမ်းဖြစ်ပါက ပြည်ပခွင့်စာရွက်၊ တပ်မတော်သားများ၏ မိသားစုဝင်ဖြစ်ပါက ကက(ကြည်း)ထောက်ခံစာ၊ အငြိမ်းစားဝန်ထမ်းဖြစ်ပါက ပင်စင်စာအုပ်(သို့မဟုတ်) အငြိမ်းစားစာ၊ ထုတ်ပယ်ခံရသော ဝန်ထမ်းဖြစ်ပါက ထုတ်ပယ်စာ၊ ပြစ်ဒဏ်ကျခံဖူးသူဖြစ်ပါက ထောင်လွတ်ဝရမ်းစာ၊ ရဟန်းသံဃာဖြစ်ပါက မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်နှင့် သာသနာဝင်ကတ်ပြားများ မူရင်းအထောက်အထား တင်ပြရန် လိုအပ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(တာချီလိတ်)အား တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းရှေ့ရှိ အောင်ချမ်းသာတိုက်တန်းတွင် ဖွင့်လှစ်ထားရှိပြီး တာချီလိတ်နည်းတူ မြဝတီ နှင့် ကော့သောင်းတို့တွင်လည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့တွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~