ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဒုတိယဝန္ႀကီးအျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ကို ခန္႔အပ္

ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဒုတိယဝန္ႀကီးအျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ကို ခန္႔အပ္
ဇန်နဝါရီ 2, 2019
By 🌸
ျပည္ထဲေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ၫႊန္ၾကားေရးမွဴးခ်ဳပ္ျဖစ္သူ ဦးတင္ျမင့္ကို ႏုိင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္ ၁/၂၀၁၉ ျဖင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဒုတိယဝန္ႀကီးအျဖစ္ ၂၀၁၉ ခုနွစ္၊ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ခန္႔ထားလုိက္ေၾကာင္း ထုတ္ျပန္သည္။

ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္ရိွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔မွစ၍ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဝန္ႀကီးဌာနလက္ေအာက္သို႔ လႊဲေျပာင္းဖြဲ႔စည္း တာဝန္ထမ္းေဆာင္ေစခဲ့ၿပီးေနာက္၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ဒုတိယဝန္ႀကီးတစ္ဦး ခန္႔အပ္လုိက္ျခင္း  ျဖစ္သည္။

ျပည္ေထာင္စု အစိုးရအဖြဲ႕႐ံုးဝန္ႀကီးဌာနကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၈) ရက္က စတင္ဖြဲ႕စည္းလိုက္ျခင္း ျဖစ္ၿပီး ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ယခင္က ႏိုင္ငံေတာ္သမၼတရံုးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး ဦးမင္းသူက တာဝန္ယူထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - မႏၱေလးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ရံုး

~~~~~~~~⊰❂Unicode Version ~~~~~~~~
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ခန့်အပ်
********
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်မြင့်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၁၉ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီးအဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ခန့်ထားလိုက်ကြောင်း ထုတ်ပြန်သည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပြီးနောက်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ဒုတိယဝန်ကြီးတစ်ဦး ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်က စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်က နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးမင်းသူက တာဝန်ယူထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~