ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၁၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဇန်နဝါရီ 14, 2019
By Tachileik News Agency
ျမန္မာ - ထိုင္း နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား ႏွစ္စမွ ဇန္န၀ါရီလ(၁၄)ရက္ေန႔ အထိ လႊဲေျပာင္းလာရာ  ထိုင္းဘက္မွ စုစုေပါင္း
(၉၅)ဦး အျဖစ္ ဇူလိုင္လ(၁၄)ရက္ေန႔ ေန႔လည္ပိုင္းက  ကေလးႏွင့္လူႀကီး အပါအ၀င္ (၁၃)ဦးအား လႊဲေျပာင္း ေပးလာေၾကာင္း သိရသည္။

လြႊဲေျပာင္းေပးလာမႈမ်ားတြင္ အဆိုပါ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ားမွာ ၎တုိ႕ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္း၊ အေထာက္အထားမရွိဘဲ အလုပ္ လုပ္ကိုင္ျခင္း စသည္တုိ႔ေၾကာင့္ ဖမ္းဆီးခံရၿပီး ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေစလႊတ္ခဲ့သူမ်ားျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၄)ရက္ေန႔ ေန႔လည္(၁း၄၅)နာရီ၀န္းက်င္အခ်ိန္က   ျမန္မာႏုိင္ငံသား အမ်ဳိးသား(၉)ဦး၊ အမ်ဳိးသမီး(၃)ဦး ႏွင့္ ကေလးငယ္(၁)ဦး စုစုေပါင္း (၁၃)ဦးအား  ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ လႊဲေျပာင္းေပးလာရာတြင္  ျမန္မာဘက္မွ  ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထိုသို႔ လႊဲေျပာင္းေပးလာရာ ရံဖန္ရံခါမ်ားတြင္ ျမန္မာႏိုင္ငံသား မဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္ အတြက္ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေၾကာင္း သိရသည္။

Tachileik News Agency
 ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများအား နှစ်စမှ ဇန်နဝါရီလ(၁၄)ရက်နေ့ အထိ လွှဲပြောင်းလာရာ ထိုင်းဘက်မှ စုစုပေါင်း
(၉၅)ဦး အဖြစ် ဇူလိုင်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းက ကလေးနှင့်လူကြီး အပါအဝင် (၁၃)ဦးအား လွှဲပြောင်း ပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာမှုများတွင် အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ၎င်းတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ အလုပ် လုပ်ကိုင်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်(၁း၄၅)နာရီဝန်းကျင်အချိန်က မြန်မာနိုင်ငံသား အမျိုးသား(၉)ဦး၊ အမျိုးသမီး(၃)ဦး နှင့် ကလေးငယ်(၁)ဦး စုစုပေါင်း (၁၃)ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးလာရာ ရံဖန်ရံခါများတွင် မြန်မာနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့် အတွက် မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံကြောင်း သိရသည်။

Tachileik News Agency
 ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~