ေညာင္ဦးေလဆိပ္ေျပးလမ္းမီးမ်ား စစ္ေဆးျပင္ဆင္ၿပီးျဖစ္၍ ေလယာဥ္ခရီးစဥ္မ်ား ပံုမွန္အတုိင္း ဆက္လက္ေျပးဆြဲမည္

ေညာင္ဦးေလဆိပ္ေျပးလမ္းမီးမ်ား စစ္ေဆးျပင္ဆင္ၿပီးျဖစ္၍ ေလယာဥ္ခရီးစဥ္မ်ား ပံုမွန္အတုိင္း ဆက္လက္ေျပးဆြဲမည္
ဇန်နဝါရီ 9, 2019
By Tachileik News Agency

ေညာင္ဦးေလဆိပ္တြင္ ေျပးလမ္းမီးမ်ား ခ်ိဳ႕ယြင္းသျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၈)ရက္ေန႔က ေလေၾကာင္းခရီးစဥ္ (၄)ခု ဖ်က္သိမ္းၿပီး ျပဳျပင္ေနရာ ဇန္နဝါရီလ (၈)ရက္ေန႔ ညေန (၄)နာရီ (၄၅)မိနစ္က ျပန္လည္ေကာင္းမြန္သြားၿပီျဖစ္ေၾကာင္း ေလဆိပ္တာဝန္ရိွသူထံမွ သိရသည္။

ေညာင္ဦးေလဆိပ္ေျပးလမ္းမီးမ်ားမွာ ဇန္နဝါရီလ (၈)ရက္ေန႔ ညေန (၅)နာရီခြဲတြင္ ခ်ိဳ႕ယြင္းခဲ့သျဖင့္ ေလယာဥ္မ်ား ေဘးကင္းစြာ ဆင္းႏုိင္၊ တက္ႏိုင္ေျခ မရွိေသာေၾကာင့္ ညပိုင္းကြင္းဆင္းျခင္းကို ခြင့္မျပဳဘဲ ေလယာဥ္ေျပးလမ္း တစ္ေလွ်ာက္ လုိက္လံစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္ေျပးလမ္း စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနသည့္အတြက္ ဇန္နဝါရီလ (၈)ရက္ေန႔က ရန္ကုန္၊ မႏၱေလးႏွင့္ ဟဲဟိုးမွ ေညာင္ဦးသို႔ပ်ံသန္းမည့္ ေလယာဥ္ခရီးစဥ္ (၄)ခုကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -Ye Htut Aung



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ညောင်ဦးလေဆိပ်တွင် ပြေးလမ်းမီးများ ချို့ယွင်းသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့က လေကြောင်းခရီးစဉ် (၄)ခု ဖျက်သိမ်းပြီး ပြုပြင်နေရာ ဇန်နဝါရီလ (၈)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်က ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူထံမှ သိရသည်။

ညောင်ဦးလေဆိပ်ပြေးလမ်းမီးများမှာ ဇန်နဝါရီလ (၈)ရက်နေ့ ညနေ (၅)နာရီခွဲတွင် ချို့ယွင်းခဲ့သဖြင့် လေယာဉ်များ ဘေးကင်းစွာ ဆင်းနိုင်၊ တက်နိုင်ခြေ မရှိသောကြောင့် ညပိုင်းကွင်းဆင်းခြင်းကို ခွင့်မပြုဘဲ လေယာဉ်ပြေးလမ်း တစ်လျှောက် လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေယာဉ်ပြေးလမ်း စစ်ဆေးမှုများလုပ်ဆောင်နေသည့်အတွက် ဇန်နဝါရီလ (၈)ရက်နေ့က ရန်ကုန်၊ မန္တလေးနှင့် ဟဲဟိုးမှ ညောင်ဦးသို့ပျံသန်းမည့် လေယာဉ်ခရီးစဉ် (၄)ခုကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ -Ye Htut Aung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~