Update News

တာချီလိတ်မြို့မှ အလှမယ် နန်းမွေဖောင်းလုံ မြန်မာကိုယ်စားပြုအဖြစ်(၄၇)ကြိမ်မြောက် Miss Intercontinental ဝင်ရောက် ယှဉ်ပြိုင်နေ


အဆိုပါ ပြိုင်ပွဲမှာ ဖိလစ်ပိုင်အနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ပထဆုံးစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသီးသီးမှ အလှမယ်ပေါင်း (၉၀)နီးပါး လာရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။


Tachileik News Agency







~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ နန်းမွေဖောင်းလုံ ဝင်ရောက် ယှဉ်ပြိုင်နေသည့် (၄၇)ကြိမ်မြောက် Miss Intercontinental ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည်။

အဆိုပါ ပြိုင်ပွဲမှာ ဖိလစ်ပိုင်အနဖြေင့် အိမ်ရှင်နိုင်ငံအဖြစ် ပထဆုံးစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသီးသီးမှ အလှမယ်ပေါင်း (၉၀)နီးပါး လာရောက်ယှဉ်ပြိုင်နကြခြေင်းဖြစ်သည်။

နောက်ဆုံး အဆင့်ပြိုင်ပွဲကို ဇန်နဝါရီလ (၂၆)ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုအဆင့်ဆင့်ကို ပြုလုပ်နေရာ ဇန်နဝါရီလ (၂၀)ရက်နေ့က National Costume ယှဉ်ပြိုင်မှု၌ မြန်မာကိုယ်စားပြု နန်းမွေဖောင်းလုံက ရွှေဥဒေါင်းဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပီရူးအလှမယ်က အကောင်းဆုံးဝတ်စုံဆုရရှိသွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
Photo: Missosology , Ameer Emir, Thin Myat Noe, Ryan Aguas, Oak Kar Lay



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::