မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်သစ် (၁၀၀၀) ပါတီဝင်ကဒ်ပြား ပေးအပ်ခြင်း အခမ်းအနား ကျင်းပမည်

မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်သစ် (၁၀၀၀) ပါတီဝင်ကဒ်ပြား ပေးအပ်ခြင်း အခမ်းအနား ကျင်းပမည်
ဇန်နဝါရီ 14, 2019
By Tachileik News Agency


အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ လည်း တက်ရောက်မည် ဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ပါတီဝင်များနှင့် ဝန်းရံပြည်သူများအနေဖြင့် ဖိတ်စာရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့မှ လိုက်ပါလိုသည့် ပါတီဝင်များနှင့် ဝန်းရံပြည်သူများအနေဖြင့် မကာအိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားအောက်ရှိ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမတွင် ဇန်န၀ါရီလ (၁၉) ရက်နေ့မတိုင်မီ စာရင်းပေးသွင်းနိုင်ပြီး ကျိုင်းလပ်သို့ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက် (၆) နာရီတွင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင်သစ် (၁၀၀၀) ကို ပါတီဝင်ကဒ်ပြားများပေးအပ်ခြင်းနှင့် ပါတီဝင်သစ် အဆိုပြုလွှာများ ထပ်မံလက်ခံကြိုဆိုခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအို ချစ်ကြည်ရေးတံတားအနီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ လည်း တက်ရောက်မည် ဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ပါတီဝင်များနှင့် ဝန်းရံပြည်သူများအနဖြေင့် ဖိတ်စာရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့မှ လိုက်ပါလိုသည့် ပါတီဝင်များနှင့် ဝန်းရံပြည်သူများအနဖြေင့် မကာအိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားအောက်ရှိ လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းမတွင် ဇန်နဝါရီလ (၁၉) ရက်နေ့မတိုင်မီ စာရင်းပေးသွင်းနိုင်ပြီး ကျိုင်းလပ်သို့ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက် (၆) နာရီတွင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~