အမေနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဆတ်မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်အထက် ကန်တော့ခံ အမေကြီး (၂၈၀)ဦးကို စုပေါင်းကန်တော့

အမေနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဆတ်မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်အထက် ကန်တော့ခံ အမေကြီး (၂၈၀)ဦးကို စုပေါင်းကန်တော့
ဇနျနဝါရီ 20, 2019
By Tachileik News Agency

အမေနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဆတ်မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်အထက်ရှိ ကန်တော့ခံ အမေကြီးများအား ပူဇော်ကန်တော့ပွဲကို မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်၏ ဓမ္မာရုံတွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ကန်တော့ခံ အမေကြီး စုစုပေါင်း (၂၈၀)ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၏ ဆဌမအကြိမ်မြောက်အဖြစ် ကျင်းပ ပြုလုပ်သည့် အမေနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကန်တော့ခံသည့် အမေကြီးများအား နယ်မြေခံတပ်နယ်မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး အခမ်းအနားကျင်းပရေးအဖွဲ့က နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။


အမေကြီးများကိုယ်စား အမေကြီးဒေါ်နွဲ့က ဆုမွန်ကောင်းများ တောင်းပေးပြီး အဖြူရောင်လူငယ်အဖွဲ့ဥက္ကဌ ဒေါ်နန်ခမ်းလွမ်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရှိရသည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမေနေ့ အထိမ်းအမှတ်အဖြစ် မိုင်းဆတ်မြို့နယ်အတွင်းမှ အသက်(၇၀)နှစ်အထက်ရှိ ကန်တော့ခံ အမကြေီးများအား ပူဇော်ကန်တော့ပွဲကို မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်၏ ဓမ္မာရုံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ကန်တော့ခံ အမကြေီး စုစုပေါင်း (၂၈၀)ဦး ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၏ ဆဌမအကြိမ်မြောက်အဖြစ် ကျင်းပ ပြုလုပ်သည့် အမေနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကန်တော့ခံသည့် အမကြေီးများအား နယ်မြေခံတပ်နယ်မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး အခမ်းအနားကျင်းပရေးအဖွဲ့က နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသက်အောင်ဇင်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ အဖြူရောင်လူငယ်အဖွဲ့ ဥက္ကဌ ဒေါ်နန်းခမ်းလွင် နှင့် အဖွဲ့ဝင်များ အပါအဝင် အလှူရှင်တို့က အမေတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းတစ်ထောင်နှုန်းဖြင့် လည်းကောင်း၊ ဆေးဝါး၊ စောင်၊ ကွေကာအုပ်၊ ခေါက်ဆွဲထုပ်၊ ကြက်ဥနှင့်ငွေသားတို့ဖြင့် လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အမကြေီးများကိုယ်စား အမကြေီးဒေါ်နွဲ့က ဆုမွန်ကောင်းများ တောင်းပေးပြီး အဖြူရောင်လူငယ်အဖွဲ့ဥက္ကဌ ဒေါ်နန်ခမ်းလွမ်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~