တာချီလိတ်၌ ကျင်းပမည့် Miss Planet International Tachileik ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရန် မလိုတော့၍ ပြိုင်ပွဲဝင်လိုသူများကို ဇန်နဝါရီလ (၁၉)ရက်အထိ လက်ခံမည်

တာချီလိတ်၌ ကျင်းပမည့် Miss Planet International Tachileik ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ရန် မလိုတော့၍ ပြိုင်ပွဲဝင်လိုသူများကို ဇန်နဝါရီလ (၁၉)ရက်အထိ လက်ခံမည်
ဇနျနဝါရီ 16, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပမည့် Miss Planet Tachileik ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ထည့်သွင်းခြင်း မပြုတော့ရန် ပြိုင်ပွဲတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ပြီး ရေကူးဝတ်စုံကြောင့် ပြိုင်ပွဲဝင်ရန် အခက်အခဲရှိနေသူများအနေဖြင့် ဇန်နဝါရီလ (၁၉)ရက်နေ့အထိ စာရင်းပြန်လည်ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။


အလှမယ်ပြိုင်ပွဲများမှာ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် ရေကူးဝတ်စုံဖြင့် ရှိုးလျှောက်ရခြင်း ပါဝင်မည် ဖြစ်သော်လည်း တာချီလိတ်အနေဖြင့် အခက်အခဲရှိသဖြင့် ထည့်သွင်းခြင်း မပြုရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြိုင်ပွဲဝင် (၁၆) ဦးပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြပြီး တစ်ကိုယ်ရေ မိတ်ကပ်လိမ်းခြယ်ခြင်း၊ လူမှုကွန်ယက်တွင် ပြောဆိုဆက်ဆံမှု၊ အမျိုးသမီးတို့အတွက် လိုအပ်သည့်ကျန်းမာရေးဗဟုသုတများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အကသင်တန်းများကို သက်ဆိုင်ရာနယ်ပယ်များမှ ဆရာများဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပမည့် Miss Planet Tachileik ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ထည့်သွင်းခြင်း မပြုတော့ရန် ပြိုင်ပွဲတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ပြီး ရေကူးဝတ်စုံကြောင့် ပြိုင်ပွဲဝင်ရန် အခက်အခဲရှိနေသူများအနဖြေင့် ဇန်နဝါရီလ (၁၉)ရက်နေ့အထိ စာရင်းပြန်လည်ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

"ရေကူးဝတ်စုံနဲ့တော့ ဓာတ်ပုံရိုက်ရမှာပေါ့။ ကျွန်တော်တို့ မိခင်ဌာနကို ပို့ဖို့ရာ အတွက်ပေါ့။ ဒီဓာတ်ပုံတွေကို ကျွန်တော်တို့ ဆိုရှယ်မီဒီယာမှာလည်း မတင်ဘူး။ ရှိုးလျှောက်ဖို့လည်း မလိုဘူး”ဟု ပြိုင်ပွဲတာဝန်ရှိသူဖြစ်သည့် Blessed Myanmar Entertainment၏ Co -Founder & COO,Talent Director ဦးဖြိုးသီဟအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလှမယ်ပြိုင်ပွဲများမှာ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် ရေကူးဝတ်စုံဖြင့် ရှိုးလျှောက်ရခြင်း ပါဝင်မည် ဖြစ်သော်လည်း တာချီလိတ်အနဖြေင့် အခက်အခဲရှိသဖြင့် ထည့်သွင်းခြင်း မပြုရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြိုင်ပွဲဝင် (၁၆) ဦးပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နကြပြေီး တစ်ကိုယ်ရေ မိတ်ကပ်လိမ်းခြယ်ခြင်း၊ လူမှုကွန်ယက်တွင် ပြောဆိုဆက်ဆံမှု၊ အမျိုးသမီးတို့အတွက် လိုအပ်သည့်ကျန်းမာရေးဗဟုသုတများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အကသင်တန်းများကို သက်ဆိုင်ရာနယ်ပယ်များမှ ဆရာများဖြင့် သင်ကြားပေးနခြေင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~