အက်ဥ္းေထာင္အတြင္း အၾကမ္းဖက္စီးနင္းျခင္းမ်ားကို ကာကြယ္တားဆီးႏွိမ္နင္းႏိုင္ရန္အတြက္ မိုင္းဆတ္အက်ဥ္းေထာင္တြင္ ေထာင္လွန္႔ဇတ္တိုက္ ေလ့က်င့္

အက်ဥ္းေထာင္အတြင္း အၾကမ္းဖက္စီးနင္းျခင္းမ်ားကို ကာကြယ္တားဆီးႏွိမ္နင္းႏိုင္ရန္အတြက္ မိုင္းဆတ္အက်ဥ္းေထာင္တြင္ ေထာင္လွန္႔ဇတ္တိုက္ ေလ့က်င့္
ဇန်နဝါရီ 26, 2019
By Tachileik News Agency

အက်ဥ္းေထာင္အတြင္း အက်ဥ္းသားမ်ား ဆူပူထၾကြဆႏၵျပျခင္းမ်ားႏွင့္ အၾကမ္းဖက္စီးနင္းျခင္းမ်ားကို ကာကြယ္ တားဆီးႏွိမ္နင္း ႏိုင္ရန္အတြက္ မိုင္းဆတ္အက်ဥ္းေထာင္တြင္ ေထာင္လွန္႔ ဇာတ္တိုက္ ေလ့က်င့္မႈကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕ရွိ မိုင္းဆတ္အက်ဥ္းေထာင္တြင္ မိုင္းဆတ္ အက်ဥ္းေထာင္မွ တာ၀န္ခံအရာရွိ ဦးေအာင္ဆန္းလင္း ဦးေဆာင္ေသာ တပ္ဖဲြ႔၀င္(၂၅)ဦး၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔၊ ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေက်ာ္သူေဌး ဦးေဆာင္ေသာ တပ္ဖဲြ႔၀င္(၁၀)ဦးႏွင့္ ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ဦးမ်ိဳးျမင့္ေအာင္ ဦးေဆာင္ေသာ တပ္ဖဲြ႔၀င္(၁၁)ဦး စုစုေပါင္း(၄၆)ဦးတို႔က အက်ဥ္းေထာင္အတြင္း ဇာတ္တိုက္ေလ့က်င့္မႈမ်ားကို ပူးေပါင္း လုပ္ေဆာင္ၾကျခင္း ျဖစ္သည္။

အက်ဥ္းေထာင္အတြင္း အက်ဥ္းသား၊ အက်ဥ္းသူ ႏွင့္ အခ်ဳပ္သား၊ အခ်ဳပ္သူမ်ား ဆူပူထၾကြဆႏၵျပျခင္းႏွင့္ အၾကမ္းဖက္စီးနင္းျခင္းတို႔တြင္ ကာကြယ္တားဆီးႏွိမ္နင္းရန္အတြက္ ယခုလို ပူေပါင္း ဇာတ္တိုက္ေလ့က်င့္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အက်ဥ္းေထာင္အေနျဖင့္ က်ဳိင္းတံုအက်ဥ္းေထာင္ ႏွင့္ မိုင္းဆတ္ အက်ဥ္းေထာင္ ဟူ၍ အက်ဥ္းေထာင္ ႏွစ္ခုရွိသည္။

သတင္း - သန္းေဇာ္ဦး
ဓါတ္ပံု - ေဇာ္၀မ္းထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အကျဉ်းထောင်အတွင်း အကျဉ်းသားများ ဆူပူထကြွဆန္ဒပြခြင်းများနှင့် အကြမ်းဖက်စီးနင်းခြင်းများကို ကာကွယ် တားဆီးနှိမ်နင်း နိုင်ရန်အတွက် မိုင်းဆတ်အကျဉ်းထောင်တွင် ထောင်လှန့် ဇာတ်တိုက် လေ့ကျင့်မှုကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်တွင် မိုင်းဆတ် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ ဦးအောင်ဆန်းလင်း ဦးဆောင်သော တပ်ဖွဲ့ဝင်(၂၅)ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ရဲအုပ်ကျော်သူဌေး ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၁)ဦး စုစုပေါင်း(၄၆)ဦးတို့က အကျဉ်းထောင်အတွင်း ဇာတ်တိုက်လေ့ကျင့်မှုများကို ပူးပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။

အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ နှင့် အချုပ်သား၊ အချုပ်သူများ ဆူပူထကြွဆန္ဒပြခြင်းနှင့် အကြမ်းဖက်စီးနင်းခြင်းတို့တွင် ကာကွယ်တားဆီးနှိမ်နင်းရန်အတွက် ယခုလို ပူပေါင်း ဇာတ်တိုက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အကျဉ်းထောင်အနဖြေင့် ကျိုင်းတုံအကျဉ်းထောင် နှင့် မိုင်းဆတ် အကျဉ်းထောင် ဟူ၍ အကျဉ်းထောင် နှစ်ခုရှိသည်။

သတင်း - သန်းဇော်ဦး
ဓာတ်ပုံ - ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~