တာချီလိတ်မြို့တွင် ကျင်းပမည့် Miss Planet International Tachileik သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံထား စာရင်းပေးသွင်းနိုင်
တာချီလိတ်မြို့တွင် ကျင်းပမည့် Miss Planet International Tachileik သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံထား စာရင်းပေးသွင်းနိုင်
ဇနျနဝါရီ 8, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Miss Planet International Tachileik ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ရွေးချယ်ခံရသူအနေဖြင့် ရန်ကုန်၌ ကျင်းပမည့် Miss Planet Internationa Myanmar တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Miss Planet International Tachileik ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ယှဉ်ပြိုင်လိုသူများအနဖြေင့် ဇန်နဝါရီလ (၁၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းသိရသည်။
“ဒီနေရာက နယ်စပ်မြို့လည်း ဖြစ်တယ်။ တိုင်းရင်းသားတွေများတယ် ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့တွေက ကလေးတွေ၊ နောက်ကျေးရွာတွေ အထိပါ အကုန်လုံး အရည်အချင်းရှိတဲ့ ကလေးတွေအနေနဲ့ လာရောက် ယှဉ်ပြိုင်ကြပါ။ မြေတောင်မြှောက်ပေးချင်ပါတယ်။ ကိုယ့်အရည်အချင်းတွေကို ယုံကြည်ပြီး မည်သူမဆို လာရောက်ယှဉ်ပြိုင်ကြပါ။ ရှမ်းရှေ့က အကုန်လုံးကို ပါစေချင်တယ်။ လာပြိုင်ကြပါ။ လေးလေးစားစားနဲ့ ဖိတ်ခေါ်ပါတယ်“ဟု Miss Planet International Tachileik မှ City Director ဦးဖြိုးသီဟအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြိုင်ပွဲဝင် (၃၀)ဦးအထိ အများဆုံး လက်ခံမည်ဖြစ်ပြီး အသက်(၁၆)နှစ်မှ (၂၈)နှစ်အတွင်း လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များအား ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လူတွေ့ စစ်ဆေး၍ ပြိုင်ပွဲအတွက် သင်ကြား ပို့ချမှုများအား ဇန်နဝါရီလ (၂၂) ရက်နေ့အထိ စခန်းသွင်း သင်တန်းပို့ချမည်ဖြစ်ကာ ဇန်နဝါရီလ (၂၂) ရက်နေ့ ညပိုင်းတွင် Miss Planet International Tachileik Grand final ပြိုင်ပွဲကို ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ရွေးချယ်ခံရသူအနဖြေင့် ရန်ကုန်၌ ကျင်းပမည့် Miss Planet Internationa Myanmar တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲလျှောက်လွှာများကို တာချီလိတ်မြို့ရှိ ကိုဇေ (ဓာတ်ပုံနှင့် မိတ္တူ) 09264767974၊ JD နာရီဆိုင် 09 892533242၊ Be Smile Beauty Salon 095242343၊ Sandi Smile Beauty Salon 09692067303၊ ကျိုင်းတုံမြို့ ထွယ်ဆိုင်းမိုင် 09428234524၊ Miss Planet International Tachileik Phone – 09456150715 နှင့် 09974089336 များတွင် ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~